ကျွန်တော်ရဲ့အိမ်တက်မင်္ဂလာမှာအ၀အပြဲသာစားကြဗျို့အော်ဒါမှာထားတာ။ စားပြီးရင်သောက်ဖို့လဲအဆင်သင့်ပဲဗျို့။ စားပြီး ၊ သောက်ပြီးရင်ဒီမှာပဲအိပ်ကြနော်။ ကုတင်တွေပါမှာထားတယ်။ မလောက်လို့ရှိရင်ယောင်္ကျာလေးတွေကြမ်းပြင်မှာအိပ်ကြတာပေါ့ဗျ။ :D သိပ်တော့မသောက်ကြနဲ့နော်။ အစ်မတွေ ၊ ညီမတွေနဲ့ဆိုတော့ အပျော်သဘောလောက်ပဲသောက်ကြပေါ့ဗျာ။ (ဟီးဟီး...မသိ ရင်တကယ်ကျွေးသလိုလို) ကျွန်တော်ရဲ့အိမ်တတ်အလှူလေးကို ကြိုက်တယ်ဆိုရင် ကောမန့်လေးတွေချန်ထားခဲ့ပါနော်။
























24 comments:
စားလဲစားသွားတယ်..သောက်လည်း သောက်လည်းသောက်သွားတယ်..ညီလေးရေ...။ အစ်ကိုတော့ အိပ်ပြီ...။ :) အသည်းကွဲခြင်းရောဂါမှ အမြန်ဆုံးကင်းလွတ်ပြီး...။ အောင်မြင် ငြိမ်းချမ်းနိုင်ပါစေကွာ...။
ဟေး ဟေး အိမ်တက် ကို အကြီး အကျယ် လုပ်နေ ပါလား အမြည်း တွေ စုံနေတာ ဘဲ....
မရမ်းသီး တွေတော့ ဝီစကီ နဲ့  မလိုက်လို့ မမြည်း
တော့ဘူး......သိပ်လည်း သောက်လို့  မဖြစ်ဘူး
အိမ်ရောက် ရင် မိန်းမ ရိုက်မှာ စိုးလို့ ...အိပ်ရာတွေ ကတော့ အိပ်ချင် စရာ ....ဘယ်ကမှာ ထားတာ လဲဟင်?
အခု လို အိမ်တက် မင်္ဂလာ ပွဲ မှာ စားကောင်း သောက်ဖွယ် တွေနဲ့  ဧည့်ခံ တဲ့ ငါ့ညီလေး ညမီးအိမ် အိမ်သစ် ကြီးမှာ ပျော်ရွှင်စွာ နဲ့  အောင်မြင်တဲ့  Blogger တယောက် အဖြစ် Blog ဂင်းနိုင်ပါစေလို့  ဆုတောင်း ပါတယ်....
ps:ဘလူး၊ဘလက်၊ရက်ဒ်၊တွေ ပါပေမယ့် ချိဗတ် ရီဂယ် လေး မပါလို့သိပ်မသောက်သွားဘူး ဟီး ဟီး
အရုပ်တွေချည်း မစားချင်ဘူး
တကယ့်အပြင်မှာ စားမှာ
အိမ်အသစ်လေး အမြဲသစ်လွင် သန့်ရှင်းနေပါစေး)
အားရပါးရ စားသောက်သွားတယ်ဗျို့ ... စားရသောက်ရတာ ဗိုက်တောင်ဆာတယ် ... ဟီး ...
ထာဝရ တည်တံ့နေသော အိမ်သစ်လေးဖြစ်ပါစေ ...
ဟက်ဟက် . ဟို မွှေ့ရာ တစ်ခုလုံးကို ကြိုBooking ယူထားတယ်။ မိန်းမယူရင် ၀ယ်ရတော့ဘူး။။းp .. အားလုံးအဆင်ပြေပါစေဗျာ
ဟာဟ အိပ်ရာတလုံး ဒို့လင်မယားဦးလိုက် လို့ရလား ညီလေး၊
blue တွေကော ၊ red တွေကော အဟီး
နောက်လူတွေ အတွက် ချန်ပေးခဲ့တယ်
ကုတင်လွတ်သေးတယ်နော်
အိမ်သစ်လေး တည်မြဲပါစေ ။ ။
တုတ်ထိုးတွေစားသွားတယ် အရမ်းကောင်းတာပဲနော် ဟိုသစ်ပင်လေးတွေနဲ့ခုတင်မှာ မွန်အိပ်မှာနော် ဦးမောင်တင့်တို့ နေရာမရှိရင် ခုတင်အောက်မှာ ဝင်အိပ်ကြ ဟိ
ညမီးအိမ်လေး အမြဲထွန်းတောက်နိုင်ပါစေဗျာ
ဝေးး စားစရာ သောက်စရာတွေအများကြီးပါလားကွ။
သောက်တော့ မသောက်တော့ဘူး ခေါင်းကိုက်နေတုန်းမို့  မုန့် တွေတော့ စားသွားတယ်.။ အောက်ဆုံးထောင့်က အပြာရောင် ကုတင်းယူသွားတယ် ညီလေးရေ့ ရတယ် ဟုတ် ဟားဟားး.........။
ဘလော့သစ်လေး အမြဲ ပျော်ရွှင်စွာနဲ့ ရှင်သန်နိုင်ပါစေဗျာ. ။
အာလူးချောင်းကြော်နဲ့ Red Label တစ်ပတ် ကစ်သွား
တယ် အစ်ကိုရေ အိပ်တော့မအိပ်တော့ဘူး ။။။။။။။။။။
အစ်ကို့ အိမ်လေး ရာသက်ပန်တည်တံ့ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် :D
ဟမ်.........
အစားအသောက်ကျွေးပီး အိပ်ပါ အိပ်ခိုင်းတယ်
အိပ်ဘူးးးးးးးးးးးးးးးးးး
ပြန်မလာရင် ဒူ ချိတ် ပူ နေဦးမယ် ဟိဟိ
ဖျော်ဖြေရေး အစီ အစဉ် မပါ ပါလား........
မိုက်ခဲတွေ ပေါတယ်နော့
စားလို့လည်းကောင်း သောက်လို့လည်းကောင်း အဲလစ်မစ်ကျော်သွားတာတောင် သတိမထားလိုက်ရဘူး ဟဲဟဲ နဲနဲများသွားတယ် တစ်ရေးတစ်မောအိပ်လိုက်အုံးမယ်
လာလည်ပါတယ်ခင်ဗျာ .. အ၀အပြဲ စားသွားပါတယ်
မီးမရှိတဲ့လူတွေအတွက်တော့ ညမီးအိမ်က အကောင်းဆုံးပေါ့ဗျာ...
ဟုတ်ကဲ့.. နောက်နေ့တွေလည်းလာလည်ဖြစ်မယ်ထင်တယ်...
အိမ်သစ်တက်ပွဲကို လာစားတယ် ..... နွေရာသီဆိုတော့ ရေခဲမုန့်နဲ့ အချိုရည် စားသွားတယ်။ အဆင်ပြေပါစေ။
အိမ်သစ်တက်တာ ကျွေးမွေး ဧည့်ခံထားတာ အများကြီးပါပဲ။ အားရပါးရ စားသောက်ရမယ့်ပုံပဲ။ ဒါပေမယ့် နားမလည်တာက အိပ်ရာတွေ မွေ့ရာတွေ ကုတင်တွေက ဘာလုပ်ဖို့လဲ ခင်ဗျ။ စားသောက်ပြီးလို့ ဗိုက်လေးသွားရင် ခဏတဖြုတ် အနားယူ အိပ်စက်ဖို့လား။ အပြင်က အိမ်တက် မင်္ဂလာမှာ အဲဒီအစီအစဉ်တော့ မမြင်မိဘူး။ အခု ဒီဘလော့ရောက်မှပဲ အဲဒါမျိုး မြင်ဖူးတာ... ဆန်းပါပေ့ဗျာ။
မိုက်တယ် စားစရာတွေက ရှယ်ပဲ
ငါ့ကို တစ်ရက်လောက် လာကျွေးပါလား ဝေ...
တွေ့ချင်တယ်လို့ ပြောခဲ့တယ်လေ
မုန့်လာကျွေးနော် နော်
တွေ့မယ် သိလား ကွိကွိ
ညီလေးရေ မင်္ဂလာပါ။ အိမ်တက်မင်္ဂလာကို လာစားသွားတယ်။ ဟဲဟဲ အရင်ဆုံး blue label လေးကိုင်လိုက်သေးတယ်။ လာရောက်ဖိတ်ကြားတာ ကျေးဇူးအများကြီးတင်ပါတယ်။ အာလုံးအဆင်ပြေပါစေ....။
သရေကျပြီး ပြန်သွားပြီ.....း)
အိမ်သစ်တက်ပွဲကို နောက်ကျသွားတယ်။ လူတွေတောင် အတော်စုံနေပြီ။ ဒီကနေ့ကစပြီး Blogger စစ်စစ်၊ လူတွေကို အကျိုးပြုမယ့်၊ ရသတစုံတရာ ပေးနိုင်တဲ့စာတွေနဲ့ နေ့စဉ် လာဖတ်ရမယ့် Blog တစ်ခု ဖြစ်လာပါစေလို့ ဆန္ဒပြု ဆုတောင်းပါတယ်။ ဘလော့ဂ်သက်တမ်းလည်း ရှည်ပါစေဗျာ။
ညမီးအိမ်ရေ.. အိမ်တက်ကိုလာတာ လူတွေများလို့ အိမ်ပေါ်တက်မရဖြစ်နေတယ်ဗျာ.. :P
အားလုံးအဆင်ပြေပါစေ။
ကြိုက်တယ်.ကြိုက်တယ်..ဂလုဂလုဖြစ်သွားတယ်.ပန်းကန်ကြီးပါ မျိုချလိုက်ချင်တယ်. သက်ရှည်လို.ကျန်းမာပါစေ.
မလည်ဖူးလို့ အလည်လာသွားတယ် အိမ်သစ်တက်ပွဲနဲ့ ကြုံလို့ ကောင်းရာနိုးနိုး စားသါားသလို သောက်စရာမျိုးစုံကိုလည်း အကုန်သောက်ပြီး တည ကုတင်တလုံးစီကျ ပြောင်းအိပ်ပြီး မူးတူးတူးနဲ့ အိမ်ပြန်သွားပါတယ်.... ဧည့်ခံကောင်းတဲ့ ညမီးအိမ် ဘ၀တသက်စာ ပျော်ရွှင်ချမ်းမြေ့ပါစေ အပြင်မှာလည်း ဒီအတိုင်းပဲ ကျွေးနိုင် မွေးနိုင်ပါစေဗျာ
Post a Comment