Monday, March 24, 2008

ပေါင်းစပ်ကဗျာ

ဒီအရောင်နဲ့ရေးထားတာကကိုယ်ပိုင်စာသား
ဒီအရောင်နဲ့ရေးထားတာကသူများစာသား
ဒီအရောင်
နဲ့ရေးထားတာကသူငယ်ချင်းဇာနည်ရဲ့စာသား


ငါ့ကိုဘယ်သူတွေ
ဘယ်လိုပဲမုန်းမုန်း
ငါ့ကိုချစ်တဲ့ ငါ့မိဘနှစ်ပါးရယ်
ငါသိပ်ချစ်ရတဲ့ ငါ့ချစ်သူက
ငါ့ကိုမမုန်းဖို့အရေးကြီးတယ်။


အချစ်ဆိုတာရယူခြင်း
သက်သက်တော့မဟုတ်ဘူး။
ပေးဆပ်ခြင်းနှင့်
နားလည်မှုရှိရမယ်။

အချစ်တွေအများကြီးရလိုက်
ရုံနဲ့ဘ၀ဟာပြီးပြည့်စုံ
သွားမှာမဟုတ်ဘူး။
အချစ်တွေအများကြီးပေးဆပ်
လိုက်ရလို့ဘ၀ဟာ
ပိုတန်ဖိုးရှိသွားတာ။

ပေးဆပ်မှုနဲ့ရယူမှုက
ဘယ်တော့မှ
တစ်ထပ်တည်းမကျဘူး။
တစ်ခါတလေမှာအချစ်ဆိုတာ
တရားမမျှတတဲ့ကစားနည်းပါ။


ချစ်သူနှစ်ယောက်
ချစ်လျက်နဲ့ဆုံဆည်းခွင့်
မရတဲ့အခါဘယ်သူ့ကို
အပြစ်တင်ရမှာလဲ
လောကကြီးကိုလား၊
ကိုယ်ဘာသာကိုယ်လား?

ဒါ့ကြောင့်ဘ၀မှာ……
ဖြစ်ချင်တာတွေဖြစ်
မလာတဲ့အခါဖြစ်သလိုပဲ
နေလိုက်ရတယ်။



ရင်ထဲမှာ အရမ်းပြောချင်နေတဲ့စကားတစ်ခွန်းရှိတယ်
ဒါပေမယ့် အဲဒီစကားဟာ အသံထွက်ဖို့
နှလုံးသားကနေ ပါးစပ်ဆီအလာ ခရီးလမ်းမှာ
ဦးနှောက်ရဲ့ ထိန်းချုပ်တားဆီးမှု့ကို
အကြိမ်ကြိမ်ခံနေရတော့ သူ့ခမျာထွက်မလာနိုင်ပေဘူး။



မိန်းကလေးတော်တော်များများဟာ...
ယောကျာင်္းလေးတစ်ယောက်ကိုရွေးချယ်တော့မယ်ဆို
ပထမပိုင်းမှာနှလုံးသားနဲ့ဆုံးဖြတ်တယ်။
ဒုတိယကြတော့ဦးနှောက်နဲ့စဉ်းစားတယ်။
နောက်ဆုံးတော့သူတို့ဘ၀အတွက်သူတို့စဉ်းစားတယ်။
ဒါဟာသဘာဝလား???

ယောကျာင်္းလေးတော်တော်များများကတော့
မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်မိပြီဆိုရင်
နှလုံးသားနဲ့ရင်းပြီချစ်ခွင့်တောင်းပါတယ်။
ပြီးတော့အလုပ်နဲ့သက်သေပြပါတယ်။
နှစ်ဖက်မိဘပြေလည်ဖို့အတွက်ကြိုးစားရပါတယ်။
ဒါကတော့သဘာဝပါ။

(ကျွန်တော့် ရဲ့ထင်မြင်ယူဆချက်လေးတွေရေးထားတာပါ။)

1 comments:

ရွက်ဝါ said...

သဘာဝလား။ သဘာဝပါ။ လို့ ဆိုထားတဲ့ နောက်ဆုံ ၂ ပုဒ် အရမ်းကြိုက်တယ်။ အားလုံးကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။
ရွက်ဝါ။

နိုင်ငံတကာ အချိန်များ