ဒီတစ်ခါ တကယ် အကြံကုန် ဂဠုန် ဆားချက်တာမဟုတ်ပါဘူးဗျာ။ ကျွန်တော်အရမ်းစိတ်ညစ်နေလို့ရင်ထဲကခံစားနေရတဲ့သီချင်းလေးတင်လိုက်ရတာပါ။ သီချင်းနာမည်က အရင်ကဇာတ်လမ်း ဖြစ်ပါတယ်။
အရင်ကဇာတ်လမ်း
တကယ်ဆို...မေ့ပြစ်လိုက် နာကျင်ခြင်းတွေမေ့ထားလိုက် အမျှော်လင့်ဆုံး ကလေးရေ ဒီလို တို့တွေဆုံတွေ့ခိုက် ရွှေရောင်တောက်ပလွန်းတဲ့မင်းဘဝလေးထဲ မင်းနေပါ အတူတူနီးစပ်ဖို့တော့ တို့ရဲ့ဘဝကဟိုး...အဝေးမှာ အပြာရောင်မိုးကောင်းကင် ကြယ်စင်လေးတွေ ကြွေသွားတိုင်း မပျော်နိုင်ဘူးကလေးရေ မငိုနဲ့ မျက်ရည်တွေသုတ်လိုက် ဘယ်လိုဝေးသွားလဲပဲ အဆုံးသတ်တဲ့အထိ ချစ်နေမှာ ရွှေရောင်တောက်ပလွန်းတဲ့ မင်းဘဝလေးရဲ့ဟိုး...အဝေးမှာ
cho:ဟိုး...အရင်ကဇာတ်လမ်းလေး......မေ့လိုက်ပါ အရင်က ဇာတ်လမ်းလေး......ဟိုးတုန်းက နမ်းခဲ့ဖူးတဲ့ အနမ်းလေးတွေက အခုတော့တိမ်များလို လေထဲလွှင့်ပါသွား လေထဲလွှင့်ပါသွား ဟိုး......
တကယ်ဆို...မေ့ပြစ်လိုက် နာကျင်ခြင်းတွေမေ့ထားလိုက် အမျှော်လင့်ဆုံး ကလေးရေ ဒီလို တို့တွေစုံတွေ့ခိုက် ရွှေရောင်တောက်ပလွန်းတဲ့မင်းဘဝလေးထဲ မင်းနေပါ အတူတူနီးစပ်ဖို့တော့ တို့ရဲ့ဘဝကဟိုး...အဝေးမှာ အပြာရောင်မိုးကောင်းကင် ကြယ်စင်လေးတွေ ကြွေသွားတိုင်း မပျော်နိုင်ဘူးကလေးရေ မငိုနဲ့ မျက်ရည်တွေသုတ်လိုက် ဘယ်လိုဝေးသွားလဲပဲ အဆုံးသတ်တဲ့အထိ ချစ်နေမှာ ရွှေရောင်တောက်ပလွန်းတဲ့ မင်းဘဝလေးရဲ့ဟိုး...အဝေးမှာ

cho:ဟိုး...အရင်ကဇာတ်လမ်းလေး......မေ့လိုက်ပါ အရင်က ဇာတ်လမ်းလေး......ဟိုးတုန်းက နမ်းခဲ့ဖူးတဲ့ အနမ်းလေးတွေက အခုတော့တိမ်များလို လေထဲလွှင့်ပါသွား လေထဲလွှင့်ပါသွား ဟိုး......အရင်ကဇာတ်လမ်းလေး......မေ့လိုက်ပါ အရင်က ဇာတ်လမ်းလေး......ဟိုးတုန်းက နမ်းခဲ့ဖူးတဲ့ အနမ်းလေးတွေက အခုတော့တိမ်များလို လေထဲလွှင့်ပါသွား လေထဲလွှင့်ပါသွား ဟိုး......အရင်ကဇာတ်လမ်းလေး......မေ့လိုက်ပါ အရင်ကဇာတ်လမ်းလေး အိုး......အရင်ကဇာတ်လမ်းလေး......မေ့လိုက်ပါ အရင်ကဇာတ်လမ်းလေ
ဒီ သီချင်းလေး တင်လိုက်လို့ စိတ်နည်းနည်းပေါ့သွားမလား ဆိုပြီးတင်လိုက်တာပါ။ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီပိုစ်လေးကိုတင်ကာနီး ဟိုအရင်ကပို့စ်လိုပဲ ဂဠုန် မပေါင်းတတ်လို့ google မှာရှာလိုက်တာ မောင်မိုးညို ဆိုတဲ့ဘလောခ်မှာတွေ့ခဲ့ပါတယ်။ ထို့ကြောင့် ကိုမောင်မိုးညို ကို အထူးကျေးဇူးတင်ရှိပါတယ်။
| ညမီးအိမ် nyameeeain21286[at]gmail[dot]com http://www.nyameeeain.blogspot.com |