Saturday, March 29, 2008

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


လက်(စ)ပေါလ်
(Les Paul)

အမေရိကန် ဂစ်တာသမား။

၁၉၁၆တွင် ဝစ္စကွန်ဆင်ပြည်နယ် ဝေါ်ကီရှာမြို့၌ ဖွားသည်။

ရေဒီယို၌ ကျေးလက်တေးများ တီးခတ်သီဆိုရင်း စတင်နာမည်ရခဲ့သည်။ ထို့နောက် ဂျပ်ဇ်ဂီတဘက်သို့ ကူးပြောင်းကာ လက်(စ)ပေါလ်သုံးယောက်ဝိုင်းကို ဖွဲ့စည်းသည်။ ၁၉၃၈ မှ ၁၉၄၁ အတွင်း နာမည်ကြီးဖရက်(ဒ)ဝါရင်းအဖွဲ့နှင့် လိုက်ပါ ဖျော်ဖြေရင်း သုံးယောက်ဝိုင်း ပို၍လူသိများလာသည်။ ၁၉၄၂တွင် ဟောလိဝုဒ်သို့ရောက်သည်။

၁၉၅၀ ကျော်နှစ်များအတွင်း သူအထူးကျော်ကြား အောင်မြင်လာသည်။ အဓိက,က ဇွဲနပဲကြီးကြီးနှင့် ဆောင်ရွက်ခဲ့သည့် သူ၏ စမ်းသပ်တီထွင်မှုများကြောင့်ဖြစ်သည်။ ဂစ်တာဖြင့် မာလတီပယ် ရီကော့ဒင်းများ သူ စတင်ပြုလုပ်သည်။ ဆောလစ် ‘လော့ဂ်’ ဂစ်တာကို တီထွင်သည်။ လျှပ်စစ်ဂစ်တာ ရေပန်းစားအောင် သူကြိုးပမ်းခဲ့သည်။

ဇနီးမေရီဖို့ဒ်နှင့်တွဲဖက်၍ ထင်ရှားသော ဓာတ်ပြား အချပ်ပေါင်းများစွာ သွင်းခဲ့ပြီး ရုပ်မြင်သံကြားတွင်လည်း နှစ်ပေါင်းအတော်ကြာအောင် ပူးတွဲတင်ဆက်ခဲ့သည်။ နောက်ပိုင်းကာလ၌ လျှပ်စစ်ဂစ်တာအား ပို၍ပီပြင်ထက်မြက်သောတူရိယာပစ္စည်း ဖြစ်အောင် မွမ်းမံပြုပြင်သော အလုပ်ကိုပင် နှစ်မြှပ်လုပ်ကိုင်ခဲ့သည်။

‘ကိုယ်တကယ်လုပ်မကြည့်သေးပဲနဲ့ ကျွန်တော်လုပ်မရဘူး လို့ဘယ်တော့မှမပြောနဲ့’

***

ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်။

‘မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား’

အဲသည်နေ့တုန်းက အလုပ်သမားတွေ မြောင်းတူးနေကြသည်။ သို့သော် ကျွန်တော်က မြောင်းကို စိတ်မဝင်စား။ နေ့လယ်စာ စားရန် သူတို့နားကြသည့်အချိန် ဆံပင်ဖြူကျိုးကျဲ နှင့် အလုပ်သမားကြီး တစ်ယောက် သူ့ဘာဂျာဟောင်းလေး ထုတ်ပြီး မှုတ်သည့်အခါမှသာ ကျွန်တော်အံ့သြသဘောကျကာ ငေးကြည့်နေမိသည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းသားလေးပဲ ရှိသေးသည်။ ကျွန်တော်စိတ်ထဲတွင် ‘ငါသာ ဒီလိုမှုတ်တတ်ရင် သိပ်ကောင်းမှာပဲ’ ဟုတွေးနေမိသည်။

သည်အခိုက် အလုပ်သမားကြီးက ဘာဂျာကို ကျွန်တော့်ဆီ ရုတ်တရက်ထိုးပေးသည်။ ‘လုပ်ကွာ ချာတိတ် ၊ မှုတ်ကြည့်စမ်း’

‘ကျွန်တော် မမှုတ်တတ်ဘူး ခင်ဗျ’ ကျွန်တော်က ငြင်းသည်။

လူကြီးက ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်သည်။ ပြီးတော့မှ ‘ဘယ်ဟုတ်မလဲ ကလေးရ ၊ မှုတ်သာကြည့်စမ်းပါ ၊ တော်ကြာတော့ မင်းကျွမ်းသွားမှာ’ ဟုဆိုသည်။ အဲသည်နောက် သူက ကျွန်တော့်တစ်သက်တာအတွက် တန်ဖိုးအရှိဆုံး စကားတစ်ခွန်းကို ဆိုသည်။ ‘ကိုယ် တကယ်လုပ်မကြည့်သေးဘဲနဲ့ ကျွန်တော်လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့ကွ’ ဟူ၍။

တစ်နေ့မှာ စန္ဒရားဆရာက အမေ့ထံ စာတစ်စောင် ကျွန်တော်နှင့် ပေးပါသည်။ စာက ကျွန်တော်နှင့် ပတ်သက်၍ မညှာမတာ ရေးထားသည့်စာ။

‘ခင်ဗျားရဲ့သား လက်စတာဟာ ဂီတပညာ ဘယ်တော့မှ သင်လို့တတ်မှာမဟုတ်ဘူး ၊ ကျွန်တော် သူ့ကိုနောက်ထပ်မသင်နိုင်တော့ပါ’ တဲ့။

သည်စာ ဖတ်ပြီးနောက် အလုပ်သမားကြီး ပြောခဲ့သောစကားကို ကျွန်တော်ပြေးသတိရသည်။

စင်စစ် ကျွန်တော်နောက်မဆုတ်ချင်ပါ။ ကျွန်တော်ဂီတပညာ သင်၍ မရနိုင်ဆိုတာ သေချာအောင်မှ စမ်းသပ်မကြည့်ရသေးတာ။ သင်လို့ရတယ်ဆိုတာ သက်သေပြနိုင်အောင် ငါ ကြိုးစားမယ်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။

အဲသည်နှစ်မှာ ကျွန်တော် ကိုယ့်ဘာသာ ဂစ်တာအတီးသင်သည်။ ကျွန်တော့်အိမ်နားမှာ ဂစ်တာသမားတစ်ယောက်ရှိရာ အဲသည်လူ တီးသည့်အခါ ဘေးက အသေအချာကြည့်ပြီး ကြိုးခြောက်ကြိုးပေါ်မှာ လက်ချောင်းလေးတွေ ဘယ်အနေအထား ထား၍တီးလျှင် ဘယ်အသံထွက်သည်ဆိုတာ မှတ်သားကာ ၎င်းအတိုင်း ထပ်တူလိုက်တီး ကြည့်ခြင်း ဖြစ်သည်။ သင်ယူရသည့်ချိန်တာကရှည်ကြာလှပါသည်။ သို့သော် ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဖို့တော့ ကိုယ် ပိုင်ပိုင်နိုင်နိုင် တီးခတ်နိုင်မည့် တူရိယာပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသက်နှစ်ဆယ် အရွယ်မှာ ကျွန်တော်က ကျွန်တော့်ဂျပ်ဇ်ဂစ်တာကို ပင်တိုင်ထားပြီး သုံးယောက်ဝိုင်းတစ်ခု ဖွဲ့စည်းသည်။ ပြီး အောင်မြင်ကျော်ကြားလာရမည်ဟူသော ရည်မှန်းချက်နှင့် နယူးယောက်သို့ တက်ခဲ့ကြသည်။ သို့သော် နယူးယောက်ရောက်တော့ နာမည်ကြီးတီးဝိုင်းခေါင်းဆောင်တွေက ကျွန်တော်တို့လို ရွက်ပုန်းသီး ပညာသည်တွေကို ကောင်းကောင်းပင် မဆက်ဆံချင်ကြတာ ကျွန်တော်တွေ့ရသည်။ ကျွန်တော်တို့ လက်သံကို မြည်းစမ်းကြည့်ဖို့ပင် အချိန်မပေးနိုင်လောက်အောင် သူတို့အလုပ်များနေကြသည်။

တစ်နေ့ ဘရော့ဒ်ဝေး သဘင်ဂီတ လမ်းမ အဆောက်အဦးကြီးတစ်ခု၏ ကော်ရစ်ဒါမှာ ကျွန်တော်တို့သုံးယောက်အဖွဲ့ ထိုင်စောင့်နေဆဲ နာမည်ကြီး ပင်ဆီလ်ဗေးနီးယင်းအဖွဲ့၏ ခေါင်းဆောင် ဖရက်(ဒ) ဝါရင်း ဓါတ်လှေကားဆီသို့ လျှောက်သွားတာ ကျွန်တော်လှမ်းမြင်သည်။ ရုတ်တရက်ပင် ကျွန်တော် သည်လူ့ကို သည်နေရာမှာပဲ တီးပြလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ကျွန်တော့်အဖွဲ့သားတစ်ယောက်က လန့်သွားသည်။ ‘ဟ ဒီနေရာကြီးမှာ ဖြစ်ပါ့မလားကွ’ဟု ဆိုသည်။

‘တကယ်ဖြစ်မဖြစ် သေချာအောင် စမ်းကြည့်တာပေါ့ကွာ’ ကျွန်တော်ပြောရင်း ဂစ်တာကို ကောက်ကိုင်လိုက်သည်။ ကံအားလျော်စွာ ဓါတ်လှေကားကလည်း ကြာနေသည်။ ကျွန်တော်တို့လက်သံကို ကြားရသောအခါ ဖရက်(ဒ) အံ့အားသင့်သွားသည်။ ဓါတ်လှေကား ရောက်လာ၍ လှေကားထဲ သူမဝင်မီမှာပင် ကျွန်တော်တို့ ‘လက်(စ) ပေါလ် သုံးယောက်ဝိုင်း’ ကို သူငှားရမ်းပြီး ဖြစ်သွားလေသည်။

ထို့နောက် နှစ်ပေါင်း အတော်ကြာအောင် ကျွန်တော် ညစဉ်ညတိုင်း ဂစ်တာကို အမျိုးမျိုးအဖုံဖုံ တီထွင်စမ်းသပ် တီးခတ်နေခဲ့သည်။ သည်တူရိယာပစ္စည်း တကယ်ထူးခြားပေါ်လွင်လာအောင် မြှင့်တင်ပေးနိုင်မည့် နည်းနာများ ကျွန်တော် မပြတ်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ဂစ်တာတစ်လက်တည်းနှင့်ပင် ဂစ်တာများစွာပါဝင်သော သံစုံတီးဝိုင်းကြီးတစ်ခုမှ ထွက်လာသည့်အသံမျိုး ရအောင် ဖန်တီးရန် နည်းလမ်းကို ကျွန်တော် တွေ့ရှိခဲ့သည်။ တေးသီချင်းတစ်ပုဒ်အတွက် ရစ်သမ် ၊ မယ်လဒီ ၊ ဟာမိုနီ ၊ ဘက်ဂရောင်း စသည်တို့ကို တစ်ခုချင်း သီးခြားစီ တီးခတ်ပြီး အသံသွင်းယူသည်။ ထို့နောက် ၎င်းဓာတ်ပြားများအားလုံးမှ အသံစုံကို ဓာတ်ပြားတစ်ချပ်တည်းသို့ ပြောင်းရွှေ့ထည့်သွင်းသည်။ ဤသည်ကား ယခုအခါ မာလတီပယ်(Multiples) ဟု လူသိများနေပြီဖြစ်သည့်နည်း ဖြစ်ပါသည်။

ပထမဆုံး မာလတီပယ်ဓာတ်ပြားများ သွင်းရန် ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုဖြစ်ပြီးနောက် မိသားစုထံ အလည်ပြန်ခဲ့သည်။ အိမ်မှာ ကောင်းကောင်းအနားယူပြီး အပြန်လမ်းတွင် ကားဘီးချော်ပြီး လမ်းဘေး ထိုးကျသည်။ ဆီးနှင်းတွေထဲမှာ ရှစ်နာရီလောက် ကြာပြီးမှ ကျွန်တော့်ကို တွေ့ကြကာ လူနာတင်ယာဉ်နှင့် ဆေးရုံသို့ ယူဆောင်ကြသည်။

ဆေးရုံက လူနာမှတ်တမ်းမှာ ရေးသားထားသည့် ကျွန်တော့်ထိခိုက်ဒဏ်ရာစာရင်းက ကြောက်စရာ ရှည်လျားလွန်းလှသည်။ ကျောရိုးဆစ် တချို့ ကျိုးသွားသည်။ ပခုံးနှစ်ဖက်လုံး ကျိုးသွားသည်။ နှာခေါင်းရိုး ကျိုးသည်၊ ညာဘက်လက်မောင်းရိုးက သုံးနေရာတိတိ ကျိုးသွားသည်။ အဲသည်နောက် နံရိုး အတော်များများ၊ တင်ရိုးခွေ၊ ပြီးတော့ ခြေထောက်နှစ်ချောင်းလုံး။

တစ်နေ့နံနက်မှာ ဆရာဝန်တွေ ကျွန်တော့်ညာလက်မောင်းရိုးက ကျိုးကြေသွားတာတွေ သိပ်များနေသဖြင့် ပြန်လည်ပြင်ဆင်နိုင်ဖို့ အလွန်ခဲယဉ်းနေကြောင်း သုံးသပ်ကြသည်။ သည်လက်ကို ဖြတ်ပစ်လိုက်တာ အကောင်းဆုံးဖြစ်လေမလား သူတို့ ဆွေးနွေးကြသည်။

သူတို့ ပြောဆိုကြသည့် စကားများ၏ အနက် အဓိပ္ပာယ် အပြည့်အဝကို သေချာစွာ စေ့ငုနေမိသည့်အချိန် အခန်းထဲမှာ ကျွန်တော် နောက်ထပ် ဘာသံမျှ မကြား။ ကျွန်တော် စဉ်းစားနေမိသည်က လက်မောင်းရင်းကသာ ဖြတ်မည်ဆိုလျှင် ကျွန်တော့် ဂစ်တာသမားဘ၀ ဆုံးပြီ၊ ကျွန်တော်ကြိုးစားခဲ့သမျှ သဲရေကျပြီ ဆိုတာပဲ ဖြစ်သည်။ ခုတင်ပေါ်မှာ လဲလျောင်းရင်းကပင် အတိတ်ကာလဆီသို့ ကျွန်တော် လွင့်မျောရောက်ရှိသွားသည်။ ဘာဂျာဟောင်းလေးကို မှုတ်နေသည့် မြောင်းတူးအလုပ်သမားကြီးဆီသို့။ ယခုအချိန်ထိ ကျွန်တော် ရရှိခဲ့သမျှ အောင်မြင်မှုသည်လည်း သူပေးသည့် အကြံဉာဏ်အတိုင်း လိုက်နာခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ဆံဖြူကျိုးကျဲနှင့် သူ့ရုပ်သွင်ကို ကျွန်တော်ပြန်မြင်လာသည်။

သို့နှင့်၊ ကျွန်တော့်ခုတင်နှင့် အနီးဆုံးမှာရှိသည့် ဆရာဝန်ကို လှမ်းပြောသည်။

‘ကျွန်တော် ပြောပါရစေဆရာ၊ ဒီလက်မောင်းကို ဆရာတို့ တတ်နိုင်သမျှ ကြိုးစားကြည့်ကြပါဦး၊ လုံး၀ မရတော့ဘူးဆိုတာ သေချာတော့မှပဲ မရဘူးလို့ လက်လျှော့ကြရအောင်လား ဆရာ’

သည်နောက်မှာတော့ ကျွန်တော့်လက်မောင်းကို အကြိမ်ကြိမ် အထပ်ထပ် ခွဲစိတ်ကြသည်။ ခြေထောက်က အရိုးကို လက်မောင်းဆီ ဆက်ပွားနိုင်ပြီးတော့မှသာ လက်တစ်ချောင်းလုံး ဖြတ်ပစ်ရတော့မည့် အန္တရာယ်မှ လွတ်မြောက်သွားတော့သည်။ သို့သော် တံထောင်ဆစ်နေရာမှာ ပြဿနာကျန်နေသေးသည်။ တံထောင်ဆစ်နားတွင် အရိုးတွေ ကြေမွသွားသည်ဖြစ်ရာ အဲသည်နေရာတွင် သတ္တုပြားတစ်ခု အစားထိုးပြီး ပြန်လည်တည်ဆောက်ရသည်။ သည်နေရာမှာ အကွေးအဆန့်လုပ်၍ ရမည်မဟုတ်တော့။ ကွေးလျှင် အကွေးအတိုင်း ၊ ဆန့်လျှင် အဆန့်အတိုင်း တစ်သမတ်ရှိတော့မည်ဖြစ်ရာ ဆရာဝန်များအား ကျွန်တော် ဂစ်တာတီးရန် အဆင်ပြေသည့် အနေအထားအတိုင်း ထားပေးရန် မေတ္တာရပ်ခံလိုက်သည်။

တကယ် ဂစ်တာတီး၍ ရ မရ သေချာအောင်ကား တစ်နှစ်ခွဲလောက် ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ သို့သော် မရဘူး ဆိုတာ မသေချာမချင်း လက်မလျှော့ဘူးဟူသော မူဝါဒကို လက်ကိုင်ထားသူပီပီ အဲသည်စောင့်ဆိုင်းနေရစဉ် ကာလအတွင်းမှာ တေးသွားတွေ၊ တီးကွက်တွေကို ခေါင်းထဲမှာပဲ စဉ်းစားသည် ၊ စီစဉ်သည် ၊ အမျိုးမျိုးအဖုံဖုံ စမ်းသပ်တီးခတ်ကြည့်နေသည်။

တဖြည်းဖြည်း ကျွန်တော့်ခေါင်းထဲမှာ ဧရာမ လောင်းပလေး ဓာတ်ပြားကြီး တစ်ချပ် တည်ဆောက်မိလာသည်။ ကျွန်တော်ဂစ်တာ သေသေချာချာ ပြန်ကိုင်နိုင်သည့်အချိန် တီးခတ်မည့် ဂီတသံစဉ်တွေအားလုံး သည်ဓာတ်ပြားကြီးထဲမှာ သိုမှီးထားသည်။

သည်လိုနှင့် နောက်ဆုံး ကျောက်ပတ်တီးဖြည်ရမည့်အချိန် ဆိုက်ရောက်လာပါသည်။ အဲသည်နောက်တွင် လုံး၀ အချိုးမကျဖြစ်နေသော ကျွန်တော့်ညာဘက်လက်ကို အရင်တုန်းက သူတတ်ခဲ့သမျှတွေ ပြန်လုပ်တတ်အောင် ခဲယဉ်းပင်ပန်းစွာ ပြန်လည်သင်ကြားခြင်း ပြုရပါသည်။ ထို့နောက် သုံးယောက်ဝိုင်းတစ်ခု ထပ်မံ ထူထောင်ကာ နယ်ပွဲစဉ်များ စတင်သည်။

သည်လိုလုပ်ဖြစ်ရန်အတွက် ကျွန်တော် အတော်ကြီး သတ္တိမွေးခဲ့ရသည်။ ဇွဲကြီးကြီးနှင့်လည်း အားထုတ်ခဲ့ရပါသည်။ ယခင်ပုံမှန်အနေအထား ရောက်အောင် ကျွန်တော်ပြန်လုပ်နိုင် မလုပ်နိုင် ဆိုသည်က စင်ပေါ်တကယ်တက်ကြည့်မှ သေချာပေါက် သိနိုင်မည် မဟုတ်လား။

တစ်မြို့ပြီးတစ်မြို့၊ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ကူးကာ တစ်နှစ်လောက်ကြာအောင် ကျွန်တော်ထွက်ခဲ့သည်။ အလွန်ပင်ပန်းသည်။ သို့သော် အဲသည်ပြင်းထန်ကြမ်းတမ်းလွန်းသော ခရီးစဉ်က အကျိုးရလဒ်ကြီးမားခဲ့သည်။ ထိခိုက်ဒဏ်ရာ မရမီက လက်ကို မီအောင် ကျွန်တော် ပြန်လည်တီးခတ်လာနိုင်ခဲ့သည်။

ကျွန်တော် ဓာတ်ပြားတွေ ပြန်သွင်းဖြစ်သည်။ သည်အခါမှာတော့ ကျွန်တော့်ဂစ်တာသံမှာ ဇနီးသည် မေရီဖို့ဒ်၏ အဆိုပါ တွဲဖက်ပါဝင်လာပြီ။ ကျွန်တော့်တို့ ဇနီးမောင်နှံ၏ ဓာတ်ပြားတွေကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်စွာ နားသောတ ဆင်ကြသည်။ ဓာတ်ပြား ချပ်ပေါင်း ၁၇ သန်းကျော်မျှ ဝယ်ယူအားပေးခဲ့ကြသည်။ အတိုင်းတိုင်း အပြည်ပြည်က လူငယ်များလောကတွင်လည်း ဂစ်တာ ဆိုသော တူရိယာပစ္စည်းက အကြီးအကျယ် ရေပန်းစားကာ အားတက်သရော လေ့ကျင့်တီးခတ်လာခဲ့ကြသည်။

***

များမကြာမီကမူ မိတ်ဆွေ ဂီတသမားတစ်ယောက် ကျွန်တော့်နည်းတူ ဆိုးဆိုးဝါးဝါးထိခိုက်အနာတရဖြစ်သည့်အကြောင်းကြားသိရသည်။ သူက စန္ဒရားသမား ဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် စန္ဒရားလုံးဝမတီးနိုင်တော့ပြီ၊ ဂီတပညာရှင်ဘဝကို စွန့်လွှတ်ရတော့မည်ဟု ကြားရသည့်အခါ ကျွန်တော် သူ့ကို စာတွေ အစောင်စောင်ရေးကာ ဂီတကို မစွန့်လွှတ်ဖို့ ၊ ပြန်လည်ကြိုးစားကြည့်ဖို့ တိုက်တွန်းသည်။

‘ကျွန်တော် မတတ်နိုင်တော့ပါဘူးဗျာ’ သူ့ထံမှ စိတ်ပျက်စွာ အကြောင်းပြန်လာသည်။

‘မတတ်နိုင်တော့ဘူးဆိုတာ သေချာလား ၊ သေချာအောင် ခင်ဗျား စမ်းကြည့်ပြီးပြီလား’ ဟူ၍ပဲ ကျွန်တော် ထပ်တလဲလဲ ပြန်မေးသည်။

နောက်ဆုံးတော့ ကျွန်တော့်တိုက်တွန်းမှု အောင်မြင်သွားသည်။ သူစန္ဒရားပြန်တီးသည်။ မျှော်လင့်ချက် ကင်းမဲ့သော အနေအထားမှ နေ၍ တောက်ပသော အနာဂတ် တစ်ခု သူပြန်လည် တည်ဆောက်နိုင်ခဲ့သည်။

***

သည်လိုပဲ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကျွန်တော်တို့ဘဝတွေမှာ အုတ်နံရံကြီး ကာဆီးထားသလို ခက်ခဲသော အနေအထားမျိုးကြုံရတတ်ပါသည်။ ဖြေရှင်းရန် နည်းလမ်းမရှိတော့ပြီဟု ထင်ရသည့်ပြသာနာမျိုး။ ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟု ယူဆရသော လုပ်ငန်းတာဝန်မျိုး။

သည်အနေအထားမျိုး ကြုံရသောအခါ ငါ မတတ်နိုင်ဟု အလွယ်တကူ မပြောပါနှင့်။ ငါ မတတ်နိုင်ဘူးဆိုတာ သေချာသလား လက်တွေ့ စမ်းကြည့်ပါ။ မတတ်နိုင်တာ တကယ်သေချာပါပြီဆိုတော့မှသာ လက်လျှော့ပါ။

ကျွန်တော်ကိုယ်တိုင် အနေနှင့်မူ ငယ်စဉ်က တွေ့ဖူးသည့် မြောင်းတူးသူအလုပ်သမားကြီး၏ ကျေးဇူးကြီးမားလှသော သြဝါဒစကားကို လိုက်နာခဲ့သည့် အကျိုးကြောင့် ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာ ဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်ဆိုတာ တွေ့မြင်သိမြင်ခဲ့ပြီဖြစ်ပါသည်။

***

[ရည်ညွှန်း။ ။ Advice – Reader’s Digest, July 1957]

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Thursday, March 27, 2008

သတ်တိဆိုတာ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


သတ္တိဆိုတာ

………

“အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ယူဆတယ်ပေါ့” သူမက မေးသည်။

“ဟုတ်တယ်”

“အင်းလေ…ဟုတ်ချင်လဲ ဟုတ်မှာပေါ့ ၊ ဒါပေမဲ့ သတ္တိရှိတယ်ဆိုတာလဲ အဲဒီလို ရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ် တချို့ကြောင့်လို့ ဆိုရမှာပါ ၊ ပုဂ္ဂိုလ် တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်”

***

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ စတင်းဖို့ဒ်ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ခဲ့ဖူးတယ် ၊ အဲဒီမှာလီဇာဆိုတဲ့ လူနာမိန်းကလေးတစ်ယောက်ကျွန်မတွေ့ရတယ် ၊ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ ၊ သူ နာလန်ပြန်ထူလာဖို့အတွက်ကအသက်ငါးနှစ်ပဲ ရှိသေးတဲ့သူ့မောင်လေးဆီက သွေးကို သွင်းပေးတဲ့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ် ၊ ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ရောဂါမျိုး ဖြစ်ခဲ့ပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာရှင်သန်လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေလဲ သူ့ရဲ့သွေးထဲမှာဖြစ်ပေါ်ခဲ့တယ် ၊ ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ရောဂါ အခြေအနေအကြောင်း ရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ ဆန္ဒရှိသလားမေးတယ် ၊ ကောင်လေးဟာ ခဏတော့ တွေသွားတာ ကျွန်မ သတိထားမိတယ် ၊ အဲဒီနောက် သက်ပြင်းတစ်ချက် ရှိုက်ပြီး သူပြန်ဖြေတယ် ၊ ‘မမ အသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော်ပေးပါ့မယ့်’တဲ့”

“အဲဒါနဲ့ သူ့ဆီက သွေးကို သွင်းတဲ့အခါ အစ်မခုတင်ဘေးမှာ သူလဲ ခုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ် ၊ ကောင်းမလေးပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ကြည့်နေသူတွေအားလုံး နည်းတူ သူလဲ ပြုံးနေတာပဲ ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလဲ ပြယ်သွားတယ် ၊ ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူ မေးရှာတယ် ၊ ‘ကျွန်တော် အခု တစ်ခါတည်း သေသွားတော့မှာလား’ တဲ့”

“ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကိုကောင်းကောင်း သဘောမပေါက်ဘူး ၊ သူက သူ့အစ်ကအတွက် သွေးပေးရမယ်ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်းထားတာကိုး”

“အဲဒါပါပဲ ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလဲ သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ”


[မူရင်း။ Dan MillmanOn Courage]


ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Tuesday, March 25, 2008

အိမ်တက်မင်္ဂလာ

ကျွန်တော်ရဲ့အိမ်တက်မင်္ဂလာမှာအဝအပြဲသာစားကြဗျို့အော်ဒါမှာထားတာ။ စားပြီးရင်သောက်ဖို့လဲအဆင်သင့်ပဲဗျို့။ စားပြီး ၊ သောက်ပြီးရင်ဒီမှာပဲအိပ်ကြနော်။ ကုတင်တွေပါမှာထားတယ်။ မလောက်လို့ရှိရင်ယောင်္ကျာလေးတွေကြမ်းပြင်မှာအိပ်ကြတာပေါ့ဗျ။ :D သိပ်တော့မသောက်ကြနဲ့နော်။ အစ်မတွေ ၊ ညီမတွေနဲ့ဆိုတော့ အပျော်သဘောလောက်ပဲသောက်ကြပေါ့ဗျာ။ (ဟီးဟီး...မသိ ရင်တကယ်ကျွေးသလိုလို) ကျွန်တော်ရဲ့အိမ်တတ်အလှူလေးကို ကြိုက်တယ်ဆိုရင် ကောမန့်လေးတွေချန်ထားခဲ့ပါနော်။






















ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Folder Option ပျောက်သွားရင်

ပထမအဆင့်

ပထမဆုံး Window+R နှိပ်ပါ။ Run Box ပေါ်လာပါမယ်။ Box ထဲမှာ gpedit.msc လို့ရိုက်ထည့်လိုက်ပါ။ Box တခုထပ်တတ်လာပါမယ်။ အဲဒီထဲက User Configuration ဆိုတဲ့ဘေးက + လေးကို Click တစ်ချက်ပေးပါ။ အဲလိုပဲ Administrative Templates အဲဒီကတဆင့် Windows Components ပြီးတော့ Windows Explorer ကို Click လိုက်ပါ။ Click လိုက်ရင် Right Box ထဲမှ Removes the Folder Options menu item from the Tools menu ကို Double Click လိုက်ပါ။ Box တစ်ခုထပ်ပေါ်လာပါမယ်။ Disabled ကိုရွေးပြီး OK နှိပ်ပါ။ ဒီအဆင့်နဲ့မရရင်လာပြီအောက်မှာ။

ဒုတိယအဆင့်
ထုံးစံအတိုင်း Window+R နှိပ်ပါ။ regedit လို့ရိုက်ထည့်ပါ။ HKEY_LOCAL_MACHINE အောက်က SOFTWARE အောက်က MICROSOFT အောက်က WINDOWS အောက်က CurrentVersion အောက်က policies ကို Click လိုက်ပါ။ right box မှာ No Folder Option ဆိုတာကို Click ပြီး Delete လိုက်ပါ။ OK ဒါဆိုရင်တော့ Folder Option ပြန်ပေါ်ပါပြီနော်။

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

mp3 (or) mp4 တို့ကို Safely Remove Hardware နဲ့ထွက်လို့မရလျှင်မည်သည့်နည်းလမ်းသုံးမလဲ

ကျွန်တော်လုပ်နေကျအတိုင်းပြောရမယ်ဆိုရင် ပထမဆုံး Ctrl+Alt+Del ကီးကိုနှိပ်လိုက်ပါ။
Box တခုပေါ်လာပါမယ်။အဲဒီ Box က Processes ကိုရွေးလိုက်ပါ။
ထို့နောက် explorer.exe ကိုတချက် နှိပ်ပြီး End Process ကို Click ပါ။
Box တခုထက်ပေါ်လာပါမယ် Yes ကိုရွေးလိုက်ပါ။
(မှတ်ချက်***သင်သုံးနေသောလုပ်ငန်းစဉ်တော်တော်များများရပ်သွားပါလိမ့်မယ်)
ပြီးရင် File အောက်က New Task (Run...) ကို Click ပါ။
Box တခုပေါ်လာပါမယ်။အဲဒီ Box ထဲမှာ explorer လို့ရိုက်ထည့်လိုက်ပါ။
ဒါဆိုရင် Window စနစ်ကိုအစကနေ ပြန်စလုပ်ပါမယ်။
OK သင့် mp3 (or) mp4 ကို Safely Remove Hardware နဲ့ထွက်လို့ရပါပြီ။ တစ်ခါတစ်လေလဲမရဘူးဗျ။

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Monday, March 24, 2008

နှလုံးသားအတွက် တစ်သက်တာ အာဟာရ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


နှလုံးသားအတွက် တစ်သက်တာ အာဟာရ

အတန်းထဲက

အမှတ်မထင်လေ့ကျင့်ခန်းလေးသည်

တစ်သက်တာမမေ့နိုင်စရာ

သင်ခန်းစာတစ်ခုဖြစ်သွားခဲ့သည်။


သူ့နာမည် မာ့ခ် အက္ကလွန်။ သူက တကယ့်ကို ရှားရှားပါးပါး လူစားမျိုး။

မင်နီဆိုတားပြည်နယ် ၊ မောရစ်မြို့ကလေးရှိစိန့်မေရီကျောင်းမှာ တတိယတန်း ကလေးတွေ စာသင်ပေးရစဉ်သူ့ကိုကျွန်မ စ,တွေ့ခဲ့ခြင်းဖြစ်သည်။ အတန်းသား ၃၄ ယောက်လုံးပင် အလွန်ချစ်စရာကောင်းလှသည်။ သည်အထဲမှာမှ မာ့ခ်က ပို၍ ထူးထူးခြားခြား။

လူက အလွန်သပ်ရပ်သန့်ပြန့်သည်။ အမြဲ ရွှင်ရွှင်ပျပျ တက်တက်ကြွကြွရှိသည်။ တစ်ခါတစ်လေ သူ ဆိုးတတ်သည်။ သို့သော် ဆိုးတာလေးသည်ပင် ရယ်ရွှင်ချင်စရာ။

သူက စကားလည်း အလွန်များသည်။ ဘယ်တော့မှ ပါးစပ်ပိတ်မနေနိုင်။ အတန်းထဲမှာ ဆရာမ ခွင့်ပြုချက်မရဘဲ စကားပြောလျှင် အပြစ်ဖြစ်ကြောင်း သူ့ကိုခဏခဏ သတိပေးရသည်။ သို့သော် သူနှင့် ပတ်သက်၍ ကျွန်မ အထင်ကြီးမိရတာ တစ်ခုတော့ ရှိသည်။ အဲဒါက သူ့ကို အပြစ်ဒဏ်ပေးသည့်အခါတိုင်း “ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ” ဟူ၍ တကယ်အရိုးခံ နှင့် ပြန်လည်ပြောဆိုတတ်ခြင်းဖြစ်သည်။ အစတွင်တော့ သူ့စကားက နားထဲမှာ တမျိုးကြီး ဖြစ်နေသည်။ နောက်တော့လည်း နေ့စဉ် အကြိမ်ပေါင်းများစွာ ကြားရကာ တဖြည်းဖြည်း ရိုး၍သွားသည်။

တစ်နေ့ နံနက်မှာတော့ မာ့ခ်ကို စကားမပြောဖို့ပြောရတာ အကြိမ်ပေါင်း များလွန်းသဖြင့် ကျွန်မ စိတ်မရှည်ဖြစ်ကာ ဆရာမပေါက်စများ ထုံးစံအတိုင်း အမှားတစ်ခုကို ကျူးလွန်မိသည်။ မာ့ခ်ကို စေ့စေ့ကြည့်ကာ “နောက်ထပ် စကားတစ်ခွန်း ပြောရင် မင်းပါးစပ် ကို ပလာစတာ နဲ့ ကပ်ထားမယ်” ဟူ၍ ပြောလိုက်မိခြင်းဖြစ်ပင်။

ဆယ်စက္ကန့်မှပင် မကြာပါ။ “မာ့ခ် စကားပြောနေပြန်ပြီ” ဟူ၍ ချပ်က လှမ်းတိုင် သည်။ အတန်းသားများအား မာ့ခ်ကို စောင့်ကြည့်ပေးရန် ကျွန်မ အကူအညီတောင်းထား သည်တော့ မဟုတ်။ သို့သော် မာ့ခ်နောက်ထပ် စကားပြောလျှင် ဘယ်လို အပြစ်ပေးမည် ဆိုတာ အားလုံးရှေ့မှာ ကျွန်မကြေညာမိခဲ့ပြီးဖြစ်ရာ ယခုပြစ်မှုကျူးလွန်ပြီဆိုတော့ ကျွန်မ အပြစ်မပေးဘဲ နေ၍မဖြစ်တော့။

အဲသည်တုန်းကအကြောင်းကို သည်ကနေ့မနက်မှ ဖြစ်ပျက်ခဲ့သလိုကျွန်မ အာရုံထဲ တွင်ပြက်ပြက်ထင်ထင် မြင်နေဆဲဖြစ်သည်။ စားပွဲဆီသို့ ကျွန်မလျှောက်သွားသည်။ အံဆွဲကို ဖြည်းဖြည်းချင်း ဖွင့်သည်။ အထဲက ပလာစတာခွေပို ယူသည်။ အစ နှစ်စ ညှပ်သည်။ ပြီး နောက်မာ့ခ်ပါးစပ် ကြက်ခြေခတ် ကပ်ထားလိုက်ပြီး အတန်းရှေ့ပြန်လျှောက်လာသည်။

သူဘယ်လိုနေသလဲ လှမ်းကြည့်လိုက်တော့ သူက မျက်စိမှိတ်ပြသည်။

‘မှတ်ကရော…အခုတော့ စကားမပြောနိုင်တော့ဘူးမဟုတ်လား’ ဟုတွေးကာ သူ့ကို ကြည့်ပြီး ကျွန်မရယ်နေမိသည်။ ကျွန်မ သူ့ဆီပြန်သွားကာ ပလာစတာတွေ ပြန်ခွာပေး လိုက်တော့ တစ်ခန်းလုံး သြဘာသံတွေ ညံသွားသည်။ ပါးစပ်လည်း ဟ၍ရရော သူပြော လိုက်သည့်စကားက ထုံးစံအတိုင်း “ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ” ဟူ၍ပင်။

နောက်နှစ်တွေမှာ ကျွန်မ အလယ်တန်း (Junior High) အဆင့်တက်ကာ သချာၤ ဘာသာ သင်ရသည်။ နှစ်တွေက အလျင်အမြန်ကုန်လွန်ခဲ့ရာ ဘာမျှပင် ကြာသည်မထင် လိုက်ရဘဲ မာ့ခ်တစ်ယောက် ကျွန်မအတန်းသို့ပြန်ရောက်လာသည်။ လူက အရင် ကထက် ပိုချောလာသည်။ အပြောအဆိုက ယခင်အတိုင်း ယဉ်ကျေးဆဲပင်။ သို့သော် ကိုးတန်းမှာ ကျွန်မသင်သည့် သချာၤသစ်က အတော်ကြိုးစားပြီး လိုက်ရသည်ဖြစ်ရာ မာ့ခ်တစ်ယောက် အရင်ကလို စကားများများမပြောနိုင်ခဲ့။

တစ်ခုသော သောကြာနေ့တွင်မူ အခြေအနေကနည်းနည်းပိုဆိုးနေခဲ့သည်။ အဲသည် ရက်သတ္တပတ် တစ်ခုလုံး သင်္ချာသစ်သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်းတွက်ချက်ခဲ့ကြရသည်။ သင်ခန်းစာက ခက်တော့ ကလေးတွေ စိတ်ပင်ပန်းကာ တစ်ဦးအပေါ် တစ်ဦးလည်း ခါတိုင်းလိုသည်းညည်းမခံနိုင်ဘဲ အလွယ်တကူ စိတ်တိုနေ ကြသည်။ သို့နှင့် အခြေအနေတွေ သည့်ထက် ဆိုးရွားမသွားမီ ထိန်းသိမ်းရန် အစီအစဉ် တစ်ခု ကျွန်မပြုလုပ်သည်။

ကျွန်မအစီအစဉ်က အတန်းသားတစ်ဦးချင်းအားမိမိ အတန်းဖော်များအမည်ကို တစ်ခုနှင့်တစ်ခု နည်းနည်းစီ ချဲ၍ တန်းစီလျက် ဗလာစာရွက်တွင် ရေးချစေသည်။ ထို့နောက် အမည်တစ်ခုစီ၏ အနီးတွင် ချန်ထားသည့် ကွက်လပ် အသီးသီး၌ ၎င်းအတန်းဖော် သူငယ်ချင်းနှင့် ပတ်သက်၍မိမိမြင်သည့် အကောင်းဆုံးအချက်တစ်ခုစီကို စဉ်းစားရေးသား ကြစေသည်။ ထို့နေ့က ကျန်ရှိသည့် စာသင်ချိန်လေးမှာ ၎င်းကထင်မြင်ချက်များ ရေးသားကြရင်းပင် ကုန်ဆုံးသွားသည်။ အတန်းပြီးသည့်အခါ ကျောင်းသူကျောင်းသား အားလုံး သူတို့စာရွက်ကလေးတွေ ကိုယ်စီ ကျွန်မဆီ အပ်ပြီး ပြန်ကြသည်. ချပ်က ကျွန်မကို ပြုံးပြသည်။ မာ့ခ်ကတော့ ထုံးစံအတိုင်း “ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ အားလပ်ရက်မှာ ဆရာမ ပျော်ရွှင်ပါစေ” ဟူ၍နှုတ်ဆက်သည်။

အဲသည် စနေနေ့မှာ ကျောင်းသားကျောင်းသူတစ်ဦးစီ၏ အမည်ကို စာရွက်လွတ် တစ်ရွက်စီ ထိပ်တွင် ကျွန်မ ရေးထိုးပြီးနောက် ၎င်းတစ်ဦးစီနှင့် ပတ်သက်သည့် အတန်းဖော် သူငယ်ချင်းအသီးသီးတို့၏ မှတ်ချက်များကို စီတန်း၍ ရေးချသည်။ တချို့အတွက် တစ်ရွက် ရေးရသည်။ တချို့အတွက် နှစ်ရွက်။

တနလာၤနေ့ ရောက်သောအခါ အဲသည်စာရွက်များကို သက်ဆိုင်သူ အသီးသီးသို့ ကျွန်မ ဖြန့်ဝေပေးလိုက်သည်။ သည်စာရွက်တွေ ဖတ်ကာမကြာမီပင်တစ်တန်းလုံး ပြုံးလာ ကြတာ တွေ့ရသည်။

“ဟယ်…တကယ်လား ၊ ငါက သူများတွေဒီကိစ္စ သတိထားမိမယ်တောင် မထင်ဘူး”

“ငါ့ကို သူများတွေ သူများတွေ ဒီလောက်သဘောကျလိမ့်မယ်လို့ လုံးဝထင်မထားဘူး”

စသည့် တီးတိုးမှတ်ချက်ချသံများကျွန်မကြားရသည်။

သို့သော် နောက်ပိုင်းမှာတော့သည်စာရွက်များနှင့်ပတ်သက်၍ မည်သူ့ထံကမျှ စကားတစ်ခွန်း တစ်ပါဒ မကြားရတော့ပါ။ စာသင်ချိန်အပြီးမှာသူတို့အချင်းချင်း ဆွေးနွေး ပြောဆိုကြတာ ၊ ဒါမှမဟုတ် အိမ်မှာ မိဘများကို ပြကြ ပြောကြတာတွေတော့ ရှိလေမလား မပြောတတ်ပါ။

သို့သော် အဲသည် ဝေဖန်ဆွေးနွေးမှုတွေ ရှိ ၊ မရှိဆိုတာက အရေးမကြီးပါ။ အရေး ကြီးသည်က သည်စာရွက်တွေ ပေးလိုက်ပြီးသည့်နောက်ပိုင်း သူတို့တစ်တွေ ပြောင်းလဲ သွားခြင်း ဖြစ်ပါသည်။ အတန်းသူ အတန်းသားတွေ အားလုံး ရွှင်ရွှင်ပျပျဖြစ်လာကြပြီး တစ်ဦး ကိုတစ်ဦးလည်း ယခင်က နည်းတူ ခင်ခင်မင်မင် ပြန်လည် ဆက်ဆံလာကြပါသည်။

သည်လိုဖြင့် အချိန်တန်တော့လည်း မာ့ခ်တို့ အုပ်စု ကျွန်မလက်က ထွက်ကာ အတန်းသစ် အဆင့်ဆင့်တွေတက်သွားကြပါသည်။

ကြားမှာ နှစ်ပေါင်း အတော်ကြာခဲ့သည်။ တစ်နေ့ ကျွန်မ အပန်းဖြေခရီးမှ ပြန်လာ တော့ မိဘများက ကျွန်မကို လေဆိပ်မှာ လာကြိုကြသည်။ အိမ်သို့အသွား ကားပေါ်တွင် ရာသီဥတု အကြောင်း ၊ ကျွန်မခရီးစဉ် အတွေ့အကြုံများအကြောင်းတွေ မေးမြန်းပြောဆို လာကြရင်း စကားစ နည်းနည်းပြတ်သွားချိန်တွင် အမေက အဖေ့ဘက် လှည့်ကာ အချက် ပေးသည့် လေသံဖြင့် “အဖေကြီး” ဟု ဆိုလိုက်သည်။ အဖေက ချောင်းတစ်ချက် ဟန့်ကာ စကား စ,သည်။

“အက္ကလွန်းမိသားစု ညတုန်းက ဖုန်းဆက်တယ်”

“ဟုတ်လား ၊ သူတို့နဲ့ အဆက်အသွယ်ပြတ်နေတာ တောင် နှစ်ပေါင်ကို မနည်းဘူး ကြာပြီနော် ၊ မာ့ခ် တစ်ယောက်လဲ ဘယ်လိုနေသလဲ မသိဘူး” ကျွန်မက ပြန်ပြောလိုက်မိ သည်။

အဖေက တည်ငြိမ်စွာပင် ဆက်ပြောသည်။

“မာ့ခ် ဗီယက်နမ်မှာ ကျသွားတယ်…၊ နက်ဖြန် သင်္ဂြု ိဟ်မှာ ၊ သူတို့မိသားစုက သမီးကို အသုဘ လိုက်ပို့စေချင်ကြတယ်”

သည်ကနေ့တိုင်အောင်ပင် အဖေ ကျွန်မအား မာ့ခ်ကွန်လွန်သည့်သတင်းကို လမ်းမကြီးပေါ်က ဘယ်နေရာနားမှာ ပြောပြခဲ့သည်ဆိုတာ ကျွန်မ တိတိကျကျ အမှတ်ရနေ ဆဲ ဖြစ်သည်။

စစ်သည်တော်တစ်ဦး၏ ရုပ်အလောင်းအား စစ်ဘက်ဆိုင်ရာ အဆောင်အယောင် အခမ်းအနားများနှင့် ပြင်ဆင် နေရာချထားပုံကို ကျွန်မ တစ်ခါမျှ မကြည့်မမြင်ဖူးပါ။ မာ့ခ်၏ ရုပ်သွင်က တကယ်ပင် ရင့်ကျက်ခံ့ညား၍ နေသည်။ ကျွန်မ ရင်ထဲတွင်ကား မာ့ခ်ရယ်…မင်း သာ စကားပြောနိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ပလာစတာတွေအားလုံး ငါ ပေးပစ် လိုက်မှာပါ ဟူ၍သာ ပြောဆိုနေမိခဲ့သည်။

အဲသည်နေ့က ဘုရားရှိခိုးကျောင်းမှာ မာ့ခ်၏ သူငယ်ချင်းတွေ အပြည့် ရောက်ရှိနေ သည်။ ချာလီ၏ ညီမက တေးသီချင်း သီဆိုသည်။ သင်္ချိုင်းနေရာဘေးမှာ အနေရခက်လှ သည့်အထဲ မိုးက ရွာချပြန်သည်။ ဘုန်းတော်ကြီးက ထုံးစံအတိုင်း ဆုတောင်းပတ္ထနာပြုပြီး နောက်စစ်သည်တော်တစ်ဦးက ခရာမှုတ်သည်။

ထို့နောက် မာ့ခ်ကို ချစ်ခင်ကြသူများ သူ့ခေါင်းတလား အနီးသို့ နောက်ဆုံးအကြိမ် အဖြစ် ချဉ်းကပ် ဖြတ်သန်းကြကာ သန့်ရှင်းသော ရေစင်တော် ဖျန်းပက်ကြသည်။

အားလုံးနောက်တွင်မှ ကျွန်မ မာ့ခ်ရုပ်ကလာပ်ကိုကောင်းချီးမင်္ဂလာပေးသည်။ ခေါင်းတလားအနီး ကျွန်မရပ်နေဆဲ စောစောက ခေါင်းထမ်းရာတွင် ပါဝင်သည့် စစ်သား လေးတစ်ယောက် အနားကပ်လာကာ “မာ့ခ်ရဲ့ သင်္ချာဆရာမလားခင်ဗျာ…” ဟု မေးသည်။ ကျွန်မက ခေါင်းညိတ်ပြကာ ခေါင်းတလားကိုပင် မမှိတ်မသုန် ကြည့်နေမိသည်။ “ဆရာမ အကြောင်း သူ အမြဲပြောတယ်” သူက ဆက်ပြောနေသည်။

ဈာပနာ အခမ်းအနား ပြီးသည့်နောက် မာ့ခ်နှင့်တစ်တန်းတည်းတက်ခဲ့သည့် သူငယ်ချင်းတစ်သိုက် ချာလီ၏ လယ်တောအိမ်သို့နေ့လယ်စာ စားရန် သွားရောက်ကြသည်။ အဲသည်မှာ မာ့ခ်၏ အဖေနှင့်အမေ လည်းရောက်နေကြသည်။ ကျွန်မအား တွေ့ရန် စောင့် ဆိုင်းနေကြခြင်းပင်။

“ဆရာမကို ပြစရာတစ်ခုရှိတယ်” မာ့ခ်၏ အဖေက ဆိုကာ သူ့ပိုက်ဆံအိတ်ကို ထုတ်သည်။

“မာ့ခ် ကွန်လွန်တဲ့အချိန် သူ့ကိုယ်ပေါ်မှာ ဟောဒီဟာလေး တွေ့ရတယ်လို့ ဆိုတယ် ၊ ဆရာမ မှတ်မိလိမ့်မယ်လို့ထင်ပါတယ်”

သူက ပိုက်ဆံအိတ်ကိုဖွင့်ကာ နွမ်းကြေစုတ်ပြတ်နေပြီဖြစ်သည့် ဗလာစာရွက်စ နှစ်ခု ကို ဂရုတစိုက် ထုတ်ယူသည်။ စက္ကူစများက ဖြန့်လိုက် ခေါက်လိုက် လုပ်ဖန်များသဖြင့် ခေါက်ရိုးနေရာမှ ပြတ်တောက်ကာ တိပ်စများနှင့်ပင် အကြိမ်ကြိမ်ပြန်ကပ်ထားခဲ့ပုံ ပေါ်နေ သည်။ ကျွန်မ သေသေချာချာပင် ကြည့်စရာ မလိုပါ။ အတန်းဖော် သူငယ်ချင်းများ ရေးသည့် မာ့ခ်အကြောင်းအကောင်းဆုံး မှတ်ချက်တွေကို စုစည်းပေးထားသည့် မှတ်တမ်း စာရွက် များဖြစ်ကြောင်း ကျွန်မသိပါသည်။

“ဒီအတွက် ဆရာမကို အများကြီး ကျေးဇူးတင်ပါတယ် ၊ ဆရာမမြင်တဲ့အတိုင်း သူက ဒီဟာလေးကို သိပ်တန်ဖိုးထားတာ” မာ့ခ်၏ မိခင်က ဆိုရှာပါသည်။

မာ့ခ်၏ အတန်းဖော်တွေ ကျွန်မတို့ အနီးသို့ ချဉ်းကပ်လာကြသည်။ ချပ်က ရှက်ပြုံး ကလေး ပြုံးကာ “ကျွန်တော်လဲ ကျွန်တော့်စာရွက်လေးကို သိမ်းထားပါတယ် ၊ အိမ်က ကျွန်တော့်စားပွဲ အပေါ်ဆုံး အံဆွဲထဲမှာ အမြဲ ရှိတယ်”

“ချာလီကလဲ သူ့စာရွက်ကလေးကို ကျွန်မတို့ လက်ထက်ပွဲ အယ်လ်ဘမ်ထဲမှာ ထည့်ထားခိုင်းတာဗျ” ချာလီ၏ ဇနီးက ဝင်ပြောသည်။

“ကျွန်မမှာလဲ ရှိတယ် ၊ ဒိုင်ယာရီထဲ ညှပ်သိမ်းထားတယ်” မာရီလင်က ဆိုသည်။

ထို့နောက် နောက်ထပ် အတန်းဖော်တစ်ဦး ဖြစ်သူဗစ်ကီက လက်ပွေ့ အိတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ဖွင့်ပြီး သူ့စာရွက် ကြေကြေမွမွလေးကို ထုတ်ပြသည်။ “ကျွန်မကတော့ ဒါလေးကို အမြဲ ကိုယ်နဲ့မကွာ ဆောင်ထားတယ် ၊ ကျန်တဲ့ သူငယ်ချင်းအားလုံးလဲ သူတို့ စာရွက်တွေ ရိုရိုသေသေသိမ်းထားကြမှာပါ” ဟူ၍သူကဆိုသည်။

သည်ဟာတွေ ကြားရပြီသည့်နောက်တွင်တော့ ကျွန်မ လုံးဝထိန်းထားနိုင်စွမ်း မရှိ တော့ပါ။ အဲသည့်နေရာမှာပင် ထိုင်ကာ ကျွန်မ ငိုချလိုက်မိပါသည်။ မာ့ခ်အတွက်ရော မာ့ခ်ကို နောက်ထပ်ဘယ်သောအခါမျှ တွေ့နိုင်ကြမှာ မဟုတ်တော့သည့် သူ့ သူငယ်ချင်း များ အတွက်ပါ ကျွန်မ ငိုလိုက်မိခြင်း ဖြစ်ပါသည်။

[မူရင်း။ ။ Helen P.MroslaAll The Good Things]


ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

ဘာတွေပဲ ဖြစ်နေနေ ၊ အဖေလာမယ် စိတ်ချ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


ဘာတွေပဲ ဖြစ်နေနေ ၊ အဖေလာမယ် စိတ်ချ


၁၉၈၆ ခုနှစ်တွင် အာမေးနီးယားပြည်၌ ရစ်ချတာ စကေး ၈.၂ ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခုဖြစ်ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး ၄မိနစ်ပင် မပြည့်သည့်အချိန်အတောအတွင်း လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံးခဲ့ရသည်။

အပျက်အစီးတွေ ဖရိုဖရဲ ကစဉ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကိုအိမ်မှာ ဘေးမသီရန်မခထားခဲ့ကာ သူ့သားရှိနေမည့် စာသင်ကျောင်းဆီသို့ ပြေးလာသည်။ သို့သော် ကျောင်းဆီရောက်တော့ ကျောင်းက မြေမှာ ပြားချပ်နေပြီ။

ရုတ်တရက်သူ့ရင်ထဲဆို့နင့်ကာ ကယောင်ချောက်ချားဖြစ်သွားသည်။ သည့်နောက်မှာ သားကိုသူပေးထားသည့် ကတိစကားကို ပြန်၍ သတိရသည်။ “ဘယ်ကိစ္စမျိုး ကြုံကြူံသားဘာမှမစိုးရိမ်နဲ့ ၊ အဖေရောက်လာမယ် စိတ်ချ” ဆိုသောစကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေအိုင်လာသည်။ သူရှေ့တွင်တစ်ချိန်က စာသင်ကျောင်းရှိခဲ့သော နေရာ၌ အုတ်ပုံအစုအဝေးတစ်ခုရှိနေသည်။ ဘယ်လိုမှမျှော်လင့်နိုင်စရာ မရှိအောင်ပိပြားနေသည့် အုတ်ပုံကြီးတစ်ခု။ သို့သော်သားထံပေးထားခဲ့သည့်ကတိစကားကို သူထပ်တလဲလဲ ပြန်ကြားနေသည်။

စိတ်ကိုတည်ငြိမ်အောင် ကြိုးစားထိန်းကာသူ နေ့စဉ် နံနက်တိုင်း လိုက်ပို့နေကျဖြစ်သည့် သူ့သားငယ်၏ စာသင်ခန်းရှိရာ နေရာကို မှန်းဆ ရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦး၏ လက်ယာဘက်အပိုင်းနောက်ဘက်ခြမ်းမှာ။

သည်နေရာသို့ သူပြေးသွားသည်။ ပြီး အုတ်ကျိုးအုတ်ပဲ့တွေကို စတင်တူးဆွဖယ်ရှားခြင်း ပြုလေသည်။

သူ ဖယ်ရှားနေဆဲ တခြားမိဘတွေပါ ရောက်လာကြသည်။ “ငါ့သားလေး သေပါပြီ” ။ “အမယ်လေး…ငါ့သမီးလေး မရှိတော့ပါဘူး” စသဖြင့် သောကမီး ၊ ပရိဒေဝမီးတွေ တောက်လောင်ကာ ငိုကြွေးကြမြည်တမ်းကြသည်။ တည်တည်ငြိမ်ငြိမ်ရှိသည့် တချို့မိဘများကတော့ (သွေးရူးသွေးတမ်း လုပ်ကိုင်နေဟန်ရှိသော) သူ့အား ကရုဏာသက်ကာ ကျောက်ပျက် အုတ်ကျိုးပုံမှဖျောင်းဖျခေါ်ယူကြသည်။

“မရတော့ပါဘူးဗျာ”

“ဘယ်သူမှ အသက်မရှိတော့ပါဘူးဗျာ”

“အဲဒီလို လုပ်နေလို့ အကျိုးမထူးတော့ပါဘူး ၊ အိမ်သာ ပြန်ပါဗျာ”

“စိတ်ထိန်းမှပေါ့ ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ ၊ ဘာလုပ်လို့ရဦးမှာလဲ” စသဖြင့် ပြောကြသည်။

တချို့ကဆိုလျှင် “ဟေ့လူ…တော်ပါတော့ဗျာ ၊ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင်ဆိုးနေဦးမယ်” ဟုပြစ်တင်ကြသည်။

သည်လိုလာပြောသည့်မိဘတိုင်းကို သူက စကားတစ်ခွန်းပဲပြန်ပြောသည်။ “ဒီမှာ…ခင်ဗျား အခု ကျွန်တော်လုပ်နေတာကို ဝင်ကူမလား ၊ မကူဘူးလား ၊ ဒါပဲပြောဗျာ” ဟူ၍။ သည်နောက် အဲသည်လူတွေကို လျစ်လျူရှုကာ သူ့သားကို ဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ်အင်္ဂတေ အစိုင်အခဲတွေ တစ်တုံးချင်းတစ်ဖဲ့ချင်းကောက်ယူဖယ်ရှားသည်။

သည်အချိန် မီးသတ်အရာရှိ ရောက်လာပြီး သူ့ကိုဆွဲထုတ်ဖို့ကြိုးစားသည်။ “မီးတွေ လောင်နေပြီ ဘယ်နေရာကမဆို အချိန်မရွေး ထပေါက်နိုင်တယ်။ ခင်ဗျားအတွက်အန္တရာယ်ရှိတယ် ၊ ကျွန်တော်တို့လုပ်လုပ်ပါ့မယ် ၊ ကိုယ့်အိမ်ကိုယ်ပြန်ပါ” ဟု ဆိုသည်။ သားကိုချစ်သော အဖေကတော့ သူ့စကားကို အရေးမထား။ “ခင်ဗျား ကျုပ်ကို ကူညီမလား ၊ မကူညီဘူးလား ၊ ဒါပဲပြောပါ” ဟုပဲပြန်ပြောသည်။

ရဲကလည်း ရောက်လာသည်။

“ခင်ဗျား သွေးရူးသွေးတန်း လျှောက်လုပ်မနေနဲ့ ၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ် ၊ အိမ်ပြန်ပါ ၊ ကျွန်တော်တို့ လုပ်ပါ့မယ်”

ရဲကိုလည်း ခင်ဗျား ကျွန်တော့်ကိုကူညီမှာလားပဲသူပြန်မေးသည်။

မည်သူကမျှ မကူညီ။

သို့သော် ကိစ္စမရှိ။ သူ့ဘာသာ တစ်ကိုယ်တည်းဇွဲနပဲကြီးစွာသူတူးဖော်သည်။ သူ့မှာ အရေးကြီးနေတာတစ်ခုပဲ ရှိသည်။ “ငါ့သားလေး သေပြီလား ၊ အသက်ရှင်နေသေးလား” ဒါသေချာဖို့ လိုသည်။ မျက်မြင်ဒိဋ္ဌ သူတွေ့ရဖို့ လိုသည်။

သူတစ်ယောက်တည်း အုတ်ကျိုး အုတ်ပျက်ပုံကို ဖယ်ရှားသည်။ ၈နာရီကြာပြီး၊ …၁၂နာရီ၊ … ၂၄နာရီ၊ …၃၆နာရီ၊ အဲသည်နောက် ၃၈နာရီမြောက်၌ အုတ်အင်္ဂတေတုံးကြီး တစ်တုံး သူဆွဲထုတ်လိုက်ပြီးသည့်နောက်တွင် သား၏ အသံကိုကြားလိုက်ရသည်။

ချက်ချင်းပင် သားနာမည်ကို သူသံကုန် အော်ခေါ်လိုက်သည်။

“အာမန်း…”

ပြန်အော်သံ ကြားရသည်။ “ဖေဖေ…ဖေဖေလား ၊ သားပါ ဖေဖေရ ၊ သူငယ်ချင်းတွေလဲ သားပြောထားတယ် ၊ ‘ဘာမှမကြောက်နဲ့ ၊ ငါ့အဖေ မသေသေးရင် ငါ့ကိုသေချာပေါက်လာကယ်မှာ ၊ ငါလွတ်ရင် မင်းတို့လဲလွတ်မယ်’ လို့ ၊ ဖေဖေ သားကို ကတိပေးထားတယ် မဟုတ်လား ၊ ‘ဘယ်ကိစ္စမျိုးကြုံကြုံ သားမစိုးရိမ်နဲ့ ၊ အဖေရောက်လာမယ် စိတ်ချ’ ဆိုတာလေ ၊ အခုအဖေ ပြောထားတဲ့ အတိုင်းပဲ ရောက်လာပြီပေါ့”

“အဲဒီ အောက်ထဲမှာ ဘယ်လို အခြေအနေ ရှိလဲသား” အဖေက မေးသည်။

“သားတို့ ၃၃ ယောက်ထဲမှာ ၁၄ ယောက်ပဲ ကျန်တယ် အဖေ ၊ သားတို့ ကြောက်လဲ ကြောက်တယ် ၊ ဆာလဲ ဆာတယ် ၊ ရေးလဲ ငတ်တယ်၊ အဖေ ရောက်လာတာ အရမ်းဝမ်းသားတာပဲ ၊ ကျောင်းကြီးပြိုကျတော့ သားတို့နေရာလေး ကွက်ပြီး တြိဂံပုံ အမြှောင့်လေး တစ်မြှောင့်မပိဘဲ ကျန်နေတယ် ၊ အဲဒါကြောင့် သားတို့ မသေတာ”

“ကဲ…ထွက်ခဲ့တော့သားရေ”

“နေဦး ဖေဖေရ ၊ တခြားလူတွေ အရင်ထွက်ပါစေ ၊ သားမှာက ဖေဖေ ရှိနေတာပဲ ၊ ဘယ်လိုကိစ္စမျိုး ကြုံကြုံသားက မစိုးရိမ်ဘူး ၊ အဖေလာကယ်မယ်ဆိုတာ သိနေတယ်”


[မူရင်း။ Mark V.HansenAre You Going To Help Me?]


ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

ငါသိတယ် ၊ ငါလုပ်နိုင်ရမယ်

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ငါသိတယ် ၊ ငါလုပ်နိုင်ရမယ်

သင်တတ်နိုင်မည်ထင်သလား

မတတ်နိုင်ဘူးထင်သလား

မည်သို့ထင်သည်ဖြစ်စေ

သင့်အထင် မှန်ပါလိမ့်မည်

ဟင်နရီဖို့ဒ်


အဲသည်တုန်းက ရော့ကီး အသက်ငါးနှစ်။

သူ့မိခင် ကယ်လီက ပစ်ကပ် ထရပ်ကားလေးကို မောင်းကာ သားအမိနှစ်ယောက် အယ်လဗားမားတောကျေးလက်ကိုဖြတ်သန်းလာခဲ့ကြသည်။ ရော့ကီးက သူ့ အမေပေါင်ပေါ်ခြေတင်လျက် အိပ်ရင်းလိုက်ပါလာသည်။

လမ်းက ယာဉ်ကြောနှစ်ခုစာလောက်သာ ကျယ်သည့်တောလမ်း။ အကွေ့အဝိုက်တွေလည်း များသည်။ ကယ်လီက ကားကိုဂရုစိုက်မောင်းနှင်လာသည်။ သို့သော် တစ်နေရာတွင် လမ်းက ကွေ့သွားပြီး တံတားကျဉ်းကျဉ်းတစ်ခုထဲ ဆက်တိုက်ဝင်ရသည်။ သည်အချိန်ကားက ချိုင့်တစ်ခုထဲ ဆောင့်ကျပြီး လမ်းဘေးဘက်ချောထွက်ကာ ညာဘက်ရှေ့ဘီးက မြောင်းလိုဖြစ်နေသည့် ဘီးလမ်းကြောင်းရာတစ်ခုထဲ ကျသည်။ ကားမှောက်မှာ စိုးသဖြင့် ကယ်လီက လီဗာကို ဖိနင်း ၊ စတီယာရင်ကို ဘယ်ဘက်တအားလှည့်ပြီး ကားကို လမ်းပေါ် ကမန်းကတန်း ဆွဲတင်သည်။ သို့သော် ကံဆိုးချင်တော့ ရော့ကီး၏ ခြေထောက်ကြားမှာ ကန့်လန့်ခံနေသည်။ ပစ်ကပ်ကိုသူမထိန်းနိူင်တော့။

ကားက တစ်ပြန်နှစ်ပြန် လိမ့်ကာ ပေနှစ်ဆယ်ခန့်နက်သည့် ချောက်ထဲ ကျသွားသည်။ ချောက်ထဲ ကားရောက်တော့မှ ရော့ကီး နိုးလာသည်။

“မေမေ…မေမေ၊ သားတို့ ကားဘီးတွေ မိုးပေါ်ထောင်နေပါလား” အမေ့အား သူမေးသည်။

ကာလီ့မျက်စိနှစ်ဖက်လုံး သွေးတွေဖုံးနေသဖြင့် ဘာကိုမှ မမြင်ရ။ ဂီယာတံနှင့် ဆောင့်ထိုးမိသောဒဏ်ကြောင့် နှုတ်ခမ်းက ပါးအထိ ဟက်တက်ကွဲကာ မျက်နှာတစ်ခုလုံး စုတ်ပြတ်ကြေမွနေသည်။ ပခုံးနှစ်ဖက်လုံး ကျိုးကြေသွားပြီး ချိုင်းကြားတစ်ဖက်၌ အရိုးတစ်ချောင်းဖောက်ထွက်နေသည်။ ပြီး ပိန်ချိုင့်သွားသည့်တံခါးက သူ့ခန္ဓာကိုယ်အား ဖိညှပ်ထားသလိုလည်းဖြစ်နေသည်။

“မေ့မေ့ကို သားဆွဲထုတ်ပေးမယ်” ရော့ကီးကဆိုသည်။ အံ့သြဖွယ်ပင်သူက ဒဏ်ရာလုံးဝမရခဲ့။ သူ့အမေအောက်မှတိုးဝှေ့ထွက်ကာ ပွင့်နေသော တံခါးပေါက်မှသူလျှောဆင်းသည်။ ပြီးလျှင် မိခင်အားဆွဲထုတ်နိုင်ရန်ကြိုးစားသည်။ သို့သော် သူမည်မျှ အားစိုက်ဆွဲသော်လည်း ကယ်လီက နည်းနည်းမျှ မရွေ့။

“မေမေ ခဏ အိပ်ပါရစေ သားရယ်” ကယ်လီကဆိုသည်။ သူကသတိလစ်တစ်ချက် မလစ်တစ်ချက် ဖြစ်နေသည်။

“ဟင့်အင်း မေမေ…မေမေ မအိပ်ရဘူး” ရော့ကီးက လုံးဝငြင်းသည်။

ရော့ကီးက ကားထဲ ခဲခဲယဉ်းယဉ်းပြန်ဝင်ပြီး သူ့အမေကို သည်အထဲက မရမက တွန်းထုတ်သည်။ ပြီးနောက် အမေသည်နား ခဏနေခဲ့ ၊ သားလမ်းပေါ်တက်ပြီး တွေ့တဲ့ကားကို အကူအညီတောင်းမယ်ဟုဆိုသည်။ မိခင်ကစိတ်မချ။ မှောင်မှောင်မည်းမည်းထဲမှာ သူ့သားလေးကို ကားမောင်းလာသူတွေမြင်ချင်မှမြင်မှာဟုတွေးကာ သားတစ်ယောက်တည်းမသွားနဲ့ဟုဆိုသည်။

အဲသည်နောက် သားအမိနှစ်ယောက် လမ်းဘေးကမ်းပါးယံကို ဖြည်းဖြည်းချင်း တွားတက်ကြသည်။ ရော့ကီးက အလေးချိန် ပေါင် ၄၀ မျှရှိသည့် သူ့ ခန္ဓာကိုယ်လေးနှင့် ၁၀၄ ပေါင်လေးသော သူ့မိခင်ကို တွန်းတင်သည်။ ခရီးကမတွင်နိုင်။ တစ်ကြိမ်မှာ တစ်လက်မ နှစ်လက်မ လောက်စီပဲရွေ့သည်။ ဝေဒနာပြင်းထန်းလွန်းသဖြင့် ကယ်လီ လက်လျှော့ချင်လာသည်။ သို့သော်ရော့ကီးက မလျှော့ရ။

သူ့အမေ အားမလျှော့စေရန် ရော့ကီးက “မေမေ ၊ မီးရထားလေးအကြောင်း သတိရ” ဟု ဆိုသည်။ သူတို့ကလေးတွေ အလွန်နှစ်သက်သည့် ‘စွမ်းဆောင်နိုင်သောစက်ခေါင်းလေး’ ပုံပြင်ကို သူဆိုလိုခြင်းဖြစ်သည်။ စက်ခေါင်းလေးသည် မတ်စောက်သော တောင်ကြီးကို မရရအောင် တက်သွားသည်။ စက်ခေါင်းလေးအကြောင်းမိခင်အား သတိဖော်ပေးရန်အတွက် ပုံပြင်ထဲမှာပါသည့် ‘ငါသိတယ် ၊ မင်းတတ်နိုင်တယ် ၊ ငါသိတယ် ၊ မင်းတတ်နိုင်တယ်’ ဆိုသည့် လူံ့ဆော်စကားလေးကို သူ့နူတ်က တတွတ်တွတ် ရွတ်သည်။

နောက်ဆုံး လမ်းမပေါ်ရောက်ကြပြီး သူ့မိခင်၏ မျက်နှာပေါ်မှ ရုပ်ပျက်ဆင်းပျက် ဒဏ်ရာများကို သေသေချာချာ မြင်ရတော့မှ ရော့ကီး ရှိုက်ကြီးတငင် ငိုလေသည်။ ထို့နောက် ထရပ်ကားတစ်စီးလာတာ မြင်တော့လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ “ရပ်ပါ ခင်ဗျာ ၊ ရပ်ပါ ခင်ဗျာ” ဟု အော်သည်။

“မေ့မေ့ကိုဆေးရုံပို့ပေးကြပါ” ထရပ်ကား မောင်းသူအား သူ မေတ္တာရပ်ခံသည်။

ကယ်လီ၏ မျက်နှာကို ခွဲစိတ်ခန်းမှာ ရှစ်နာရီမျှကြာအောင် ပြန်လည်ပြုပြင်ယူရသည်။ စုစုပေါင်း ၃၄၄ ချက်တိတိ ချုပ်ခဲ့ရသည်။ သို့တိုင်အောင် ယနေ့သူ့မျက်နှာက ယခင်ကနှင့်တခြားစီ ဖြစ်နေသည်။ “အရင်တုန်းကဆိုရင် ကျွန်မ နှာတံလေးက သွယ်တန်းနေတာပဲ ၊ နှုတ်ခမ်းက ပါးပါး ၊ ပါးရိုးပေါ်ပေါ်နဲ့ပေါ့ ၊ အခုတော့နှာခေါင်းပွပွ ၊ နှုတ်ခမ်းထူထူ ၊ ပါးရိုးချပ်ချပ် ဖြစ်နေပြီ”

သို့သော် ဘာပဲပြောပြော အမာရွတ်တော့ သိပ်မပေါ်ပေ။ ထိခိုက် ဒဏ်ရာတွေ အားလုံး ရှင်းရှင်းလင်းလင်း ပြန်ကောင်းသွားခဲ့သည်။

ရော့ကီး၏ စွမ်းဆောင်ပုံအကြောင်းသည် ဧရာမ သတင်းကြီးတစ်ခု ဖြစ်သွားခဲ့သည်။ သို့သော် သတ္တိခဲ ချာတိတ်ကတော့ သူ လုပ်ခဲ့တာ ဘာမှ ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် မပါပါဟု ဆိုသည်။ “ဒီကိစ္စကြီး ဖြစ်ပျက်ခဲ့တာကို ကျွန်တော် သဘောကျတယ်လို့မထင်ကြပါနဲ့နော် ၊ မတော်တဆ ဖြစ်လာတော့ ကျွန်တော်လဲလုပ်ရတာပေါ့ ၊ ဘယ်သူမဆို ဒီလိုကြုံရင် ဒီတိုင်းလုပ်ကြမှာပဲ မဟုတ်လား”

သူ့ မိခင်ကတော့ ဆိုသည်။

“ရော့ကီးလေး ကယ်လို့သာပေါ့ ၊ မဟုတ်ရင် ကျွန်မ သွေးလွန်ပြီး သေမှာ” ဟူ၍။


[မူရင်း။ Michele BorbaI Think I Can!]


ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

မဟတ္တမ ဂန္ဓီရဲ့ ဖိနပ်တစ်ရံ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

မဟတ္တမ ဂန္ဓရဲ့ ဖိနပ်တစ်ရံ


တစ်နေ့ မဟတ္တမ ဂန္ဓကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီးအောက်ဘက်သံလမ်းပေါ်ကျသည်။ရထားကထွက်စပြုနေပြီဖြစ်ရာသူ ကောက်မယူနိုင်တော့။

ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓကအေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက် ကို ချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။

“ဟာ…ဘာလုပ်တာလဲ” ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓကြီးက ပြုံးပြီး “စောစောက တစ်ဖက်တည်းကောက်ရမယ့်လူ အခုတော့တစ်ရံ ရသွားမှာပေါ့ဗျာ ၊ အဲဒါဆို သူစီးလို့ ရသွားပြီ” ဟု ဖြေလေသည်။


[မူရင်း။ The Little, Brown Book of Anecdotes မှ အမည်မသိစာရေးသူ၏ Shoes]


ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

ဆပ်ကပ်

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ဆပ်ကပ်

လူကောင်းတစ်ယောက်ရဲ့ ဘဝမှာ
အကောင်းဆုံးအစိတ်အပိုင်းဆိုတာ
မကြီးမကျယ်တဲ့ ၊ အမည်အဖော်တဲ့ ၊ အမှတ်တရပြုမနေတဲ့
အကြင်နာ ၊ မေတ္တာ အပြုအမူလေးများပါ။
ဝီလျံဝါ့ဒ်စဝပ်


ကျွန်တော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေ နှင့် ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ် တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီး သည့်နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ ကြားမှာ မိသားစု တစ်ခုသာ ကျန်လေသည်။

သည်မိသားစုကို ကြည့်ပြီး ကျွန်တောသဘောကျနေမိသည်။ ကလေးချည်း ရှစ်ယောက် ပါသည်။ တစ်ယောက်မျှ ၁၂နှစ် ပြည့်သေးပုံမရ။ သူတို့အပြင်တွေကြည့်ရုံဖြင့်ပင် ငွေကြေးပြည့်ပြည့်စုံစုံထဲက မဟုတ်ကြောင်းသိနိုင်သည်။ အဝတ်အစားတွေကအဖိုးတန်ထဲက မဟုတ်။ သို့သော်သပ်သပ်ရပ်ရပ်ရှိသည်။ ကလေးတွေက အမူအရာယဉ်ကျေးသည်။ မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ လက်ချင်းချိတ်ပြီး တန်းစီနေကြသည်။ သို့သော်နှုတ်ကမူ ညဘက်တွင် သူတို့ကြည့်ရမည့်ဆပ်ကပ် လူပြက်များ ၊ ဆင်လိမ္မာများနှင့် အခြားပြကွက်များ အကြောင်းကို အားတက်သရော ပြောဆိုနေကြသည်။ သူတို့လေးတွေခမြာ ဆပ်ကပ်ပွဲ တစ်ခါမျှ ကြည့်ဖူးကြဟန်မတူ။ သည်ညကတော့ သူတို့ဘဝမှာ တကယ့် အမှတ်တရည ဖြစ်တော့မည့်ပုံမျိုး။

အဖေနှင့်အမေက အုပ်စုထိပ်မှာ ဝမ်းမြောက်ဂုဏ်ယူသည့် အသွင်အပြင်များဖြင့် ရပ်နေကြသည်။ ကလေးတွေ၏ မိခင်က ခင်ပွန်းသည်၏လက်ကို ကိုင်လျက်သူ့မျက်နှာကို ရွှန်းရွှန်းစားစားကြည့်နေပုံမှာ ‘မေ့ချစ်သူလူစွမ်းကောင်းကြီး’ဟု နှုတ်ခွန်းဆက်သနေဘိသည့်အလား အထင်ကြီးမှု ၊ လေးစားမှုလက္ခဏာတွေ အပြည့်ပါသည်။ ခင်ပွန်းသည်ကလည်း ‘အားကိုးစမ်းပါအချစ်ရယ်’ ဟုခွန်းတုံ့ပြန်သည့်နှယ် ဂုဏ်ယူသော အပြုံးနှင့်ချစ်ကြည်နူးစွာကြည့်သည်။

သည်အခိုက် လက်မှတ်ရောင်းသော အမျိုးသမီးက အဖေလုပ်သူအား လက်မှတ် ဘယ်နှစ်စောင်ယူမလံလှမ်းမေးသည်။

“ကျွန်တော် ကလေးလက်မှတ်ရှစ်စောင်နဲ့လူကြီးလက်မှတ်နှစ်စောင် လိုချင်ပါတယ် ၊ အဲဒါ မှ ကျွန်တော်တို့ တစ်မိသားစုလုံး လာလို့ရမှာ” သူက တက်တက်ကြွကြွပင် ဖြေသည်။

အမျိုးသမီးက လက်မှတ်ခ နှုန်းထားများ လှမ်းပြောသည်။

ဇနီးသည်က သူ့ခင်ပွန်း၏လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်းငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်းတွေတဆတ်ဆတ် တုန်လာသည်။ သူ ရှေ့သို့ အနည်းငယ်တိုးကာ “ဘယ်လောက်ဗျာ”ဟူ၍ မေးသည်။

လက်မှတ်ရောင်းသော အမျိုးသမီးက ဈေးနှုန်းတွေထပ်ပြောသည်။

အဖေလုပ်သူမှာ ပိုက်ဆံ အလုံအလောက်မပါ။

သို့သော် သည်အချိန်ကျမှ သူနောက်ဘက် လှည့်ကာ ကလေးတွေကိုအဖေ့မှာ ပိုက်ဆံ အလုံအလောက်မပါလို့ သည်ည ဆပ်ကပ်ကြည့်နိုင်မှာ မဟုတ်ဘူးဟု သူဘယ်သို့ ပြောထွက်နိုင်ပါမည်နည်း။

ဖြစ်ပျက်ပုံ အလုံးစုံကို မြင်ကာ ကျွန်တော့်အဖေအင်္ကျ ီအိတ်ထဲ လက်နှုက်သည်။ ဒေါ်လာ ၂၀ တန် တစ်ရွက် ထုတ်လာပြီးနောက်မြေကြီးပေါ်အသာပစ်ချသည်။ (ကျွန်တော်တို့လည်း ချမ်းသာသူများ မဟုတ်ကြောင်းကြားဖြတ်ပြောလိုပါသည်။) ထို့နောက် အဖေပဲ သည်ပိုက်ဆံကိုပြန်ကောက်ကာ ကလေးများ ဖခင် ပခုံးကိုသွားပုတ်ပြီး ပြောသည်။ “ဒီမှာခင်ဗျ ၊ စောစောက ခင်ဗျားအိတ်ထဲက ထွက်ကျသွားတယ်”

အဖေဘာလုပ်သည်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာနားလည်လိုက်ပါသည်။ ဘယ်သူ့ဆီကမှ သူ လက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်။ သို့သော်ဒီလိုအသည်းအသန် အရေးတကြီးအချိန် ၊ ဖခင်တစ်ယောက်အနေနှင့်အရှက်ကြီး ရှက်ရမည့်အဖြစ်မျိုး ကြုံရအံ့ဆဲဆဲ အချိန်တွင် မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့် သည်အကူအညီအတွက် သူတကယ်ပဲ ကျေးဇူးတင်သွားခဲ့သည်။ အဖေ့မျက်လုံးအစုံကို သူ စူးစိုက်၍ကြည့်သည်။ ဒေါ်လာ ၂၀ တန် ကိုင်ထားသော အဖေ့လက်ကို သူလက်နှစ်ဖက်နှင့်ဖျစ်ညှစ်ဆုပ်ကိုင်ကာ တုန်ယင်သော နှုတ်ခမ်းများဖြင့်ကျေးဇူးတင်စကားဆိုသည်။

“ကျေးဇူးတင်တယ်ဗျာ ၊ တကယ့်ကိုကျေးဇူးပါပဲ ၊ ကျွန်တော်အတွက်ရော ကျွန်တော့်မိသားစု အတွက်ပါ အဖိုးမဖြတ်နိုင်ပါဘူးခင်ဗျာ” သည်လိုပြောရင်းသူ့ပါးပြင်ပေါ် မျက်ရည်တစ်ပေါက် လိမ့်ဆင်းကျလာသည်။

အဖေနှင့်ကျွန်တော် ကားဆီသို့ လှည့်ပြန်ကာ အိမ်သို့ပဲ မောင်းလာခဲ့ကြသည်။ အဲသည်ည ဆပ်ကပ်ပွဲသို့ကျွန်တော်တို့ မသွားကြပါ။ သို့သော် သည်ညသည် အချည်းနှီး ညတော့ လုံးဝမဟုတ်ခဲ့။


[မူရင်း။ Dan ClarkThe Circus]


ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

တစ်ကြိမ်မှာတစ်ခု

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


တစ်ကြိမ်မှာတစ်ခု


ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကိုပြောပြသည်။

နေဝင်ဆည်းဆာအချိန် ကမ်းခြေမှာသူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေးဆီမှာ လူတစ်ယောက်လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သူလူကကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့်သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲလွင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက်လွှတ်ပစ်လိုက်လုပ်နေသည်။

ကျွန်တော်တို့မိတ်ဆွေ သူ့အနား ရောက်သွားပြီးသေသေချာချာ ကြည့်တော့လှိုင်းနဲ့ ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကိုရေထဲပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက် ရသည်။

သည်လူ ဘာရည်ရွယ်ချက်နှင့်လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရဖြစ်သွားသည်။ သို့နှင့်သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့မေးပါရစေဗျာ ၊ မိတ်ဆွေဘာလုပ် နေတာပါလိမ့်”

“ကြယ်ငါးတွေ သမုဒ္ဒရာထဲပြန်ပို့ပေးနေတာလေ ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ ၊ ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ ကောင်တွေဟာရေတက်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ ၊ ဒါပေမဲ့ အဲဒီလောက်ကြာရင် အောက်ဆီဂျင် ပြတ်ပြီးသေမှာပဲ”

“ဟုတ်ကဲ့ ၊ အဲဒါတော့ကျွန်တော်လဲ သဘောပေါက်ပါတယ်” ကျွန်တော်တို့မိတ်ဆွေက ဆိုသည်။ “ဒါပေမဲ့ ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေထောင်ချီပြီးရှိနေမှာပေါ့ဗျာ ၊ အဲဒီကောင်တွေ အားလုံး ခင်ဗျား ဘယ်လိုလိုက်ကောက်မလဲ၊ တစ်ယောက်တည်းမနိုင်နိုင်ဘူးလေဗျာ ၊ ပြီးတော့ စဉ်းစားကြည့် ၊ ဒီကမ်းရိုးတမ်းတစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့ ၊ ဒီသောင်းစပ်တိုင်းမှာရှိနေမယ့် ကြယ်ငါးတွေဘယ်လိုလုပ်မလဲ ၊ သူ့သဘာဝနဲ့သူဖြစ်နေတာခင်ဗျား တစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ”

ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ်ကြယ်ငါးတစ်ကောင် ကောက်သည်။ ထို့နောက် “တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ” ဟုဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်သည်။


[မူရင်း။ Jack Canfield နှင့် Mark V.Hansen တို့၏ One At A Time]


ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

ကောင်လေး နဲ့ ခွေးလေး

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


ကောင်လေး နဲ့ ခွေးလေး


စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိတ်သည်။

“ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်” တဲ့။

သည်ကြော်ငြာမျိုးကို ကလေးတွေအလွန် စိတ်ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။

“ခွေးလေးတစ်ကောင်ဘယ်လောက်ရောင်းသလဲခင်ဗျ” သူက မေးသည်။

“ဒေါ်လာ ၃၀ က ၅၀ အထိ ဈေးအစားစားရှိတယ်” ဆိုင်ရှင်က ဖြေသည်။

ကောင်လေး က သူ့အိတ်ထဲမှာ ရှိသည့် ပိုက်ဆံအကြွေတွေ နှိုက်ထုတ်သည်။ “ကျွန်တော် မှာ ၂ဒေါ်လာ နဲ့ ၃၇ဆင့် ရှိပါတယ်။ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ရမလားခင်ဗျ”

ဆိုင်ရှင်ကပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာရှိနေသည့် ခွေးမကြီးကို လေချွန်ပြီး ခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ခန်းထဲပြေးဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေး ငါးကောင်တန်းစီ၍ လိုက်ပါလာသည်။ ပိစိကွေးလေးတွေ ၊ အမွေးက သိတ်ရှည်တော့ တစ်ကိုယ်လုံးအမွေးတွေဖုံးကာ လုံးနေသည်။ အဲသည်အထဲမှ တစ်ကောင်က ဟိုးနောက်မှာပြတ်ကျန်ခဲ့သည်။ သူက ထော့တီး ထော့နဲ့ နှင့် လမ်းမလျှောက်တတ်သလို။

ကောင်လေးကသည်ဟာလေး မြင်တော့ချက်ချင်းစိတ်ဝင်စားသွားသည်။

“ဒီခွေးလေးက ဘာဖြစ်တာလဲဟင်”

ခွေးလေးမှာ မွေးကတည်းကတင်ပါးဆုံ အရိုးခွက်ပါမလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း ဆိုင်ရှင်ကြီးကရှင်းပြသည်။

ကောင်လေးက ပို၍ စိတ်ဝင်စားသွားသည်။

“ဒီခွေးလေး ကျွန်တော် ဝယ်ချင်တယ်ဗျာ” သူကဆိုသည်။

“ဟာ…မဝယ်ပါနဲ့ကွ ၊ မင်း တကယ်လိုချင်ရင် ငါပေးပါ့မယ်”

သည်စကားကြားတော့ ကောင်လေး မျက်နှာပျက်သွားသည်။ သူက မကျေနပ်သည့် အမှုအရာမျိုး နှင့် ဆိုင်ရှင်ကြီးကို မော့ကြည့်ပြီး ပြန်ပြောသည်။

“အလားကားပေးတာကျွန်တော်မလိုချင်ဘူး ခင်ဗျ ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်းတူ တန်ဖိုးရှိတာပဲ ၊ တစ်ပြားသားမှ မလျော့ပါဘူး ၊ ကျွန်တော် တန်ဖိုးအပြည့်ပဲ ပေးမယ် ၊ ဒါပေမယ့် ကျွန်တော်မှာ လောလောဆယ် ၂ဒေါ်လာနဲ့ ၃၇ဆင့်ပဲ ပါတယ် ၊ အခု အဲဒါ ယူထားပါ ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ ကျွန်တော် ဆက်ပေးပါ့မယ်”

သို့သော် စတိုးဆိုင်ရှင်က အလျှော့မပေး။

“မဝယ်ပါနဲ့ ကလေးရ ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ် ၊ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး ၊ မင်း နဲ့ ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး”

သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်၍ ပြရင်း လေသံတိုးတိုး နှင့် ပြောသည်။

“ကျွန်တော်လဲ ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ ၊ ပါပီလေးခမြာမှာ သူ့ကို ကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ ရှိဖို့ လိုမှာပေါ့” တဲ့။

ကောင်လေး ၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက် နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့် အားဖြင့်ပေးထားရလေသည်။


[မူရင်း။ Dan ClarkPuppies for Sale]


ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

တန်းဖိုးရှိသော စကားများ

ဤစာအုပ်ကိုဘာသာပြန်သူမှာ စာရေးဆရာကြီး'သုတေသီဘုန်းမြင့်သွေး'ဖြစ်ပါတယ်။

  • အောင်မြင်မှုရဲ့ လျှိူ့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။

(ဘင်ဂျမင်ဒစ်ဆရေလီ)


  • အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။

(အယ်ဘတ်အိုက်စတိုင်း)


  • လူသားတို့၏ဘဝတွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။

(ဟင်းရစ်အစ်ဆန်)


  • ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။

(အီစွတ်)


  • သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။
    (ဟီးဟီးဒီအချက်က ကျွန်တော်မကင်းဘူး)

(ဆမ်းမာဆက်မော)


  • ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဉာဏ်ဟာ လုံခြုံမှုအရှိဆုံးဖြစ်တယ်။

(လိုင်ဗွီ)


  • စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
  • ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
  • မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။

(ဆာဖရန်စစ်ဘေကွန်)


  • မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။

(နီကီတာခရုရှက်)


  • တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။

(လူခရီးတပ်စ်)


  • သူငယ်ချင်းဆိုသည်မှာ ၎င်းအပေါ် ကျွန်ုပ် ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။

(ရပ်ဝယ်ဒိုအီမာဆန်)


  • ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ ဝင်ပေါက်ကြီးဖြစ်တယ်။
  • အလုပ်မရှိတဲ့လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။
  • မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင်တယ်။

(ဂျော့ဖရီချော်ဆာ)


  • ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။

(အဲဖရက်တင်နီဆင်)


  • အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက ပိုလို့ကောင်းသေးတယ်။

(ဘလက်စတုံး)


  • သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။

(ဂျွန်ဒရိုင်းဒန်)


  • ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့ အတူတူပဲ။ (ဒီစာသားလေးက နဲနဲတော့ရိုင်းမယ်ထင်တယ် ခွင့်လွတ်ပေးကြပါ။ ကျွန်တော်ရေးတာတော့မဟုတ်ပါဘူး)

(ဘားနဒ်ရှော)


  • သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်ယောကျာၤး တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။ (ဒါလေးကတော့စဉ်းစားစရာပဲ)

(ဂျွန်မီတန်)


  • ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင် အတော်ဆုံးလူဖြစ်တယ်။

(ဟင်းရစ်အစ်ဆန်)


  • သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။

(ပလူးတက်)


  • သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။

(ချားဒါဝင်)


  • အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။

(ဘင်ဂျမင်ဖရင်ကလင်း)


  • လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။

(စီဆာရို)


  • ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။

(အယ်လင်နွာရုစဗဲ့)


  • ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာလည်းကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။

(အလက်ဇန်းဒါးပုတ်)


  • အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။

(ပလူးတက်)


  • စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။

(လောင်ဖဲလ်လိုး)


  • ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ်မှာ တင်းကျပ်နေတတ်သည်။

(ဗစ်တာဟူဂို)


  • ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။

(ဂျေ ၊ ဂျေ ၊ ရူးဆိုး)


  • ပညာရှိများနှင့်တစ်နာရီဆွေးနွေးရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။

(သိုးဆောင်းစကားပုံ)


  • အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။

(အဂ္ဂါး)


  • သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။

(အင်္ဂလိပ်စကားပုံ)


  • စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်းလိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဉာဏ် နှင့် အားပေးစကား ပြောဖို့ရန် ဝန်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့အား မြေတောင်မြှောက်ရာ ရောက်ပေသည်။

(ဒီဖိုမင်း)


  • စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဉာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝလက်မခံပါနှင့်။

(ဒေါက်တာဝီလျံအိုစလာ)

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

နိုင်ငံတကာ အချိန်များ