လူတွေအထင်ကြီးအောင်နေရမှာထက်
သူတို့ပါးစပ်ထဲက ခပ်ချဉ်ချဉ်
စပျစ်သီးတစ်လုံးကို ထွေးထုတ်လိုက်သလို
လွတ်လွတ်လပ်လပ်နေချင်တဲ့ကောင်
ချိုစိမ့်မှာကာမှ…
နို့ဆီနည်းနေတဲ့ လက်ဖက်ရည်တစ်ခွက်နဲ့
မုန့်ကြော်လို့ညှော်တဲ့ အနံ နဲ့ ထိုင်နေရတဲ့ကြားက
ဖြူဖြူကျော်သိန်းရယ်ဖြေးဖြေးအော်ပါ။
ဘာကြောင့်လဲတော့မသိဘူး
နတ်မင်းတစ်ပါးလူယောင်ဆောင်ပြီး
ဆေးဆိုင်မှာအိပ်ဆေးဝယ်ပြီး ပြန်သွားတာ
မနေ့ကတွေ့ခဲ့တယ်။
စကားလုံးကဖြစ်တဲ့သိက္ခာရယ်
ဦးနှောက်ကလာတဲ့ ချစ်ခြင်းတရားရယ်
ပိုက်ဆံကလာတဲ့အမှန်တရားရယ်
{လိမ်ညာမှု စကားကြွယ်ဝမှုက ဖြစ်လာတဲ့တန်းမြှင့်အဆင့်တွေရယ်}
မုသာဝါဒတွေနဲ့ ချိုမြိန်စွာရှင်သန်နေသော အထက်တန်းလူတန်းစားတွေများလာတော့
အမှန်တရား နဲ့ သာယာချမ်းမြေ့မူ့ကို မြင်ချင်တဲ့နတ်မင်းကြီး
သူမြင်ချင်တာတွေမမြင်ရလို့
အိပ်ဆေးသောက်ပြီး အိပ်နေတာပဲကောင်းတယ်ဆိုနေပြီး အိပ်နေလေရဲ့အင်း…ကျွန်တော်လဲအိပ်ဆေးလိုနေပြီထင်တယ်???


5 comments:
နတ်မင်းကြီး မြင်ချင်တာ မမြင် ရလို့  အိပ်ဆေး သောက် အိပ်ပေမယ့် ညီ ကတော့ မီးအိမ်လေး ဆက်လင်း နေ အောင် အိပ်ဆေး သောက်ဖို့  မစဉ်းစား ပါနဲ့ ....
ဟုတ်ပါတယ်အကိုရေ..ကဗျာလေးကိုကျတော်သဘောကျတယ်ဗျာ...ကျေးဇူးတင်ပါတယ်အကိုရေ...နှလုံးသားအာဟာရတင်မဟုတ်ဘဲ..လက်တွဲဖော်ရဲ့စာအုပ်လေးတွေကိုလည်းတင်ပေးပါလားအကို..အားပေးနေပါတယ်အကို့ကို
အကိုကျန်းမာပျော်ရွင်ပါစေ
Who wrote it????
u must mention that who wrote it???Or is it ur copyright???
ကျွန်တော်ရဲ့ ဘလောခ်အဟောင်းမှာ ဖော်ပြပြီးဖြစ်ပါတယ်။ ဘလောခ်အဟောင်းရဲ့နေရာကတော့
http://www.nyameeeain.page.tl/%26%234096%3B%26%234119%3B%26%234154%3B%26%234140%3B%26%234121%3B%26%234127%3B%26%234143%3B%26%234112%3B%26%234153%3B%26%234145%3B%26%234126%3B%26%234140%3B%26%234101%3B%26%234140%3B%26%234126%3B%26%234140%3B%26%234152%3B%26%234121%3B%26%234154%3B%26%234140%3B%26%234152%3B.htm
အဲဒီမှာပါ။ ဒီကဗျာကို ကျွန်တော့်အခင်ဆုံးသူငယ်ချင်းရေးပေးထားတာပါ။ အခုကျွန်တော့်လက်ရှိဘလောခ်မှာလဲရေးထားပါတယ်။ သေချာဖတ်ကြည့်စေချင်ပါတယ်။ ဒီမှာပါ...
http://www.nyameeain.co.cc/search/label/%E1%80%80%E1%80%97%E1%80%BA%E1%80%AC
ဘယ်သူရေးထားတဲ့ဟာလဲဆိုတာကို အရောင်နဲ့ခွဲပြထားပါတယ်။
Post a Comment