Sunday, March 23, 2008

ကျေးဇူးတင်လွှာ

ပထမဆုံး ကျွန်တော့်ကို မွေးထုတ်ပေးခဲ့သော ကျွန်တော့် ဖေဖေ နဲ့ မေမေကို ကျေးဇူးတင်ရှိပါတယ်။ ထို့နောက် ကျွန်တော့်ကို Computer သုံးစွဲခွင့်ပေးတဲ့ ကိုညီဇော် နှင့် မလွင်လွင်နိုင်တို့အားကျေးဇူးတင်ပါတယ်။ Own-free-website ကိုညွှန်းပေးသော ကျွန်တော် သူငယ်ချင်း စည်သူ့နှင့် Friendster အကောင့်လုပ်ပေးခဲ့သော ကျွန်တော့်သူငယ်ချင်း ဇင်ယော် ကိုလည်းကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ထပ်ပြီး ကျေးဇူးတင်ချင်တာကတော့ အထက်မှာဖော်ပြခဲ့တဲ့ ဆိုဒ်နှစ်ခု ပိုင်ရှင်ကိုကျေးဇူးတင်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် Friendster ကို ကလိရင်းနဲ့ CSS အကြောင်းနဲနဲနားလည်လာတယ်။ (နဲနဲဆိုတာတကယ်ကိုနဲနဲ) အဲဒီကနေတဆင့် ကျွန်တော် Own-free-website ကိုပြောင်းလာပါတယ်။ အဲဒီမှာကျွန်တော် Kingofthewolves21286 ဆိုတဲ့အကောင့်နဲ့စလုပ်တယ်ဗျ။ ဇာတ်လမ်းကအဲဒီမှာစတာ ဘာလဲသိလား? Password Change လိုက်တာ edit ဝင်လုပ်လို့မရတော့ဘူးရွာလည်နေတယ်။ Forger Password လုပ်လဲမရဘူး။ ၂ရက်လောက်စောင့်ကြည့်သေးတယ်။ Password များ Mail ထဲပြန်ပို့မလားလို့။ ဒါနဲ့စိတ်မရှည်တာနဲ့ အကောင့်အသစ်လုပ်လိုက်တယ်။ သိတယ်မလား ညမီးအိမ် ဆိုတာလေ။ အဲဒီ Own-free-website ကဘောင်အရမ်းကျဉ်းတယ်ဗျ။ သူပေးတဲ့ Design ပဲသုံးလို့ရတယ်။ ပြီးတော့ မြန်မာလိုကောမန့်အများကြီးရေးလို့မရဘူး။ ဒါကြောင့်အခု အိမ်ပြောင်းလာတာ။ ဘာပဲပြောပြောပါဗျာအဲဒီ အီးဖလုံးလေးကိုလဲကျေးဇူးတင်ပါတယ်။ နောက်ထပ်ကျေးဇူးတင်ရမယ့်လူတွေကထပ်လာပြီဗျ။ ဘယ်သူတွေလဲသိလား? ကျွန်တော်ရဲ့ဆရာအစ်ကိုအစ်မတွေပေါ့။ အားလုံးလဲသိကြမှာပါ။ အားလုံးကသူ့ကိုခေါ်ကြတယ် အိမ်မက်မည်းကြီးတဲ့ ၊ နောက်တစ်ယောက်က လွယ်အိတ်လေးနဲ့ဗျ ၊ နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ရဲ့အချစ်တော် ကိုကြောင်လေးဖြစ်ပါတယ် ၊ နောက်အစ်မတစ်ယောက်ရှိသေးတယ် သူက အိမ်ကြီးဗျ အဲမှားလို့ အိမ်လေး ခင်ဗျ။ ကဲစာလည်းတော်တော်ရှည်သွားပြီထင်တယ်။ ကျွန်တော့်စာမှာအမှားပါခဲ့ရင်ခွင့်လွတ်ကြပါဗျာ။ ကျွန်တော်က ဒီလိုစာတွေအရှည်ကြီးမရေးဖူးဘူးဗျ။ ကဲ…ညမီးအိမ် ဆိုတဲ့အိမ်အသစ်လေးကို စတင် အသက်သွင်းပြီဗျို့။ အားလုံးရွှင်လန်းချမ်းမြှေ့ကြပါစေ။

ညမီးအိမ်

3 comments:

Black Dream said...

I Wish You To Get The Great Luck At Blogspot. Starting From This First Post...., I Wish You To Get A Lot Of Comments :)

p.s- အနက်ရောင် အိပ်မက်ကနေပြီးတော့ နာမည်လည်း တဖြေးဖြေးပျက်စပြုလာပြီ အိပ်မက်မည်းကြီး ဆိုပြီးတော့...။ လုပ်ရက်ကြပါပေ့ ;)

Anonymous said...

ဟားဟား ငါ့ကိုများ ကိုကြောင်လေး တဲ့ကွာ ဖြစ်ရလေ ပို့ စ်တွေ မျှော်နေတယ် ညီ ကြိုးစားနော့် အားပေးနေတယ်။

Anonymous said...

I wish you carry on at the blogspot. I pay r u ok in making the blog !

နိုင်ငံတကာ အချိန်များ