Thursday, March 27, 2008

သတ္တိဆိုတာ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။


သတ္တိဆိုတာ

………

“အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ယူဆတယ်ပေါ့” သူမက မေးသည်။

“ဟုတ်တယ်”

“အင်းလေ…ဟုတ်ချင်လဲ ဟုတ်မှာပေါ့ ၊ ဒါပေမဲ့ သတ္တိရှိတယ်ဆိုတာလဲ အဲဒီလို ရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ် တချို့ကြောင့်လို့ ဆိုရမှာပါ ၊ ပုဂ္ဂိုလ် တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်”

***

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ စတင်းဖို့ဒ်ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်ခဲ့ဖူးတယ် ၊ အဲဒီမှာလီဇာဆိုတဲ့ လူနာမိန်းကလေးတစ်ယောက်ကျွန်မတွေ့ရတယ် ၊ သူကလေးက အင်မတန်ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ ၊ သူ နာလန်ပြန်ထူလာဖို့အတွက်ကအသက်ငါးနှစ်ပဲ ရှိသေးတဲ့သူ့မောင်လေးဆီက သွေးကို သွင်းပေးတဲ့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ် ၊ ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ရောဂါမျိုး ဖြစ်ခဲ့ပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာရှင်သန်လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေလဲ သူ့ရဲ့သွေးထဲမှာဖြစ်ပေါ်ခဲ့တယ် ၊ ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ရောဂါ အခြေအနေအကြောင်း ရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ ဆန္ဒရှိသလားမေးတယ် ၊ ကောင်လေးဟာ ခဏတော့ တွေသွားတာ ကျွန်မ သတိထားမိတယ် ၊ အဲဒီနောက် သက်ပြင်းတစ်ချက် ရှိုက်ပြီး သူပြန်ဖြေတယ် ၊ ‘မမ အသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော်ပေးပါ့မယ့်’တဲ့”

“အဲဒါနဲ့ သူ့ဆီက သွေးကို သွင်းတဲ့အခါ အစ်မခုတင်ဘေးမှာ သူလဲ ခုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ် ၊ ကောင်းမလေးပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ကြည့်နေသူတွေအားလုံး နည်းတူ သူလဲ ပြုံးနေတာပဲ ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလဲ ပြယ်သွားတယ် ၊ ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူ မေးရှာတယ် ၊ ‘ကျွန်တော် အခု တစ်ခါတည်း သေသွားတော့မှာလား’ တဲ့”

“ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကိုကောင်းကောင်း သဘောမပေါက်ဘူး ၊ သူက သူ့အစ်ကအတွက် သွေးပေးရမယ်ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်းထားတာကိုး”

“အဲဒါပါပဲ ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလဲ သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ”


[မူရင်း။ Dan MillmanOn Courage]


3 comments:

လင်းထက် said...

ပိုစ့် အသစ် လေးကို ဦးဦး ဖျားဖျား Comment ပေးသွားပါတယ်..
ကိုယ် ကတော့ သတ္တိ နည်းနေ တုန်းပဲ...

emayarKhin said...

အင်း တခါတလေတော့လည်း သတ္တိဆိုတာ စက်နှိုးပေးဖို့
လိုပေမယ့်တခါတလေတော့လဲ အလိုလိုနိုးတတ်ပါတယ်။

Black Dream said...

ကောင်းတယ်ညီလေးရာ..ပြန်ဖတ်ရင် အခုထိ ကြက်သီး ထတုန်းပဲ :)

နိုင်ငံတကာ အချိန်များ