Tuesday, December 30, 2008

MyanmarGenius

ကျွန်တော့်အစ်ကိုကြီးကိုဦး (blackdream) ရဲ့ကြိုးစားအားထုတ်မှု့ကို ကျွန်တော်ဂုဏ်ပြုသောအနေနဲ့ သူရဲ့ဖိုရမ်လေးကိုအများသိစေရန်လက်ဆင့်ကမ်းလိုက်ပါတယ်။ အောက်ကစာတွေကတော့ ကျွန်တော်ရေးတာမဟုတ်ဘူးဗျ သူရေးထားတာပါ။ အောက်ကစာလေးကိုဖတ်ပေးကြပါဦးနော်။
ဖိုရမ်နာမည်လေးက www.myanmargenius.com ပါ။




စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်...။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက်စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်...။

ထို့ကြောင့် ကျွန်တော်တို့ သိထား၊ တတ်ထားသည်များကို ဝေမျှရန်၊ မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြနိုင်စေရန်အတွက် ကျွန်တော်တို့ ရဲ့ Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်...။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့ ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင်ကြိုးစားရင်း မိမိတို့ရဲ့ တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့ Myanmar Genius ဝိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။

ကျွန်တော်တို့ ရဲ့ Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်...။

Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) - Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+ FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3, Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။



ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Wednesday, December 24, 2008

ဘုရားဖူးသွားခဲ့သည်

ဘုရားဖူးသွားခဲ့သည်…

ကျွန်တော်ပိုစ်အသစ်မတင်တာကြာလို့ ကျွန်တော်မွေးနေ့ပြီးနောက်တစ်ရက်ကျိုက်ထီးရိုးခရီးစဉ်လေးကို ပိုစ်လေးတစ်ခုအဖြစ်ရေးသားချင်ပါတယ်။

ကျွန်တော့်မွေးနေ့ ဒီဇင်ဘာ ၂ ရက် ( ကျွန်တော့်အစ်ကို၂ယောက်တော်တော်ချစ်ဖို့ကောင်းတယ် မွေးနေ့ကိုမေးဖော်တောင်မရ အစ်ကို ၂ယောက် = ကိုလင်းထက်, ကိုဦး ) ပြီးတော့ ဒီဇင်ဘာ ၃ ရက်နေ့ကျွန်တော်တို့ကျိုက်ထီးရိုးသွားကြတယ် ည ၈ နာရီကားနဲ့ပေါ့။ ကျွန်တော်တို့သူငယ်ချင်း ၈ယောက်သွားကြတယ်ဗျ။ ကားကို ဦးချစ်မောင်လမ်းမှာသွားစီးကြတယ်။ စိန်ဝင်းနှင့်ရောင်းရင်းများကားနဲ့သွားကြတယ်။ ကားခက တစ်ယောက်ကို ၆၀၀၀။ ကျွန်တော်တို့ ကားစီးပြီး ထွက်လာတာ ကင်ပွန်းစခန်းကို မနက် ၁ခွဲလောက်ကြီးရောက်သွားတယ်။


အစတုန်းက အဲဒီမှာတည်းပြီးမနက်မှလမ်းလျှောက်တတ်မယ်ပေါ့။ နောက်တော့တိုင်ပင်ကြရင် အခုတတ်မယ်ဆိုပြီး စားသောက်ဆိုင်တစ်ခုမှ တစ်ခုခုစားကြတယ်။ စားပြီတော့ တတ်မယ်ပေါ့ ၂ နာရီထိုးပြီ အဲဒါနဲ့ အထုတ်လေးတဲ့သူက အထမ်းသမားဌားရသေးတယ်။ ကျွန်တော်ကတော့ ဟိုးတစ်ခါသွားပြီးကတည်းက သိလို့ အင်္ကျီ၃ထည် ဘောင်းဘီ ၂ထည်ပဲယူလာတယ် ပေါ့ပေါ့လေးပဲ :P ။ အထမ်းခကလဲ ဈေးမသေးဘူးဗျ ၁၈၀၀၀ ဆိုလား? ကဲအားလုံးလဲပြီးပြီ မနက်၂နာရီဆိုတာဘာမှမမြင်ရဘူးမှောင်မည်းနေတာပဲ အဲဒါနဲ့ မီးဒုတ်ဝယ်မယ်ဆိုပြီး လိုက်စုံစမ်းတော့ အနီးအနားပတ်ဝန်းကျင်က လူတွေက ညီလေးတို့ မီးဒုတ် မဝယ်နဲ့တဲ့ ဓါတ်မီးပဲဝယ်သွားတဲ့ မီးဒုတ်ကဘာမှမခံဘူးဆိုလို့ ဓါတ်မီး ၂လက်ဝယ်ပြီး တတ်ဖို့လမ်းစချီပြီဗျာ။ တောလမ်းကနေတတ်ရတာဗျ။ ကားလမ်းက တတ်ရင်မနက် ၆နာရီမှတတ်လို့ရတယ်တဲ့ (အခုမှပြောင်းသွားတာ အရင်တုန်းကတတ်လို့ရတယ်ထင်တယ်)။
ဒီအချိန်ကြီးလမ်းလျှောက်တတ်တာဆိုလို့ကျွန်တော်တို့တစ်ဖွဲ့တည်းရှိတာဗျ။ ကားပေါ်ပါလာတဲ့ မဒီချောချောလေးတွေနဲ့များအတူတူတတ်ရမလားလို့ သူတို့ကတော့ နှပ်ကုန်ပြီ :P ဒီလိုနဲ့ပေါ့ဗျာ ကျွန်တော်အဖွဲ့ တောတတ်ခရီးစပါပြီ။ ကင်ပွန်းစခန်းကနေ ဘုရားပေါ်ကို ၇မိုင်နဲ့ ၄ဖာလုံတောင်ဝေးသဗျ။ အမယ် အစပိုင်းကတော့ဟေးလားဝါးလားနဲ့ပျော်နေကြတယ်။ ၃မိုင်လောက်လဲတတ်ပြီးရော လူကတော်တော်ကိုပြိုင်းနေပြီ။ တောလမ်းကတစ်ခါမှမတတ်ဖူးဘူးလေ။ ပြီးတော့ ကွန်ပျူတာရှေ့မှာအမြဲခွေနေတတ်တဲ့ကောင်ဆိုတော့ ဒီလိုကြီးတစ်ခါမှမလုပ်ဘူးတော့ သေတောင်သေချင်တယ် တကယ်ပြော။ ရှေ့မှာ ကားလမ်းရှိရင် ကားနဲ့တတ်မယ်ပေါ့။ အဲလိုမျှော်လင့်ချက်ကြီးနဲ့တတ်လာတာ ရောက်ကာနီးလေ မလျှောက်နိုင်လေ။ သေချင်စော်နံလေပဲ။ ဘယ်လောက်ထိပြိုင်းလဲဆို ခြေလှမ်း ၁၀လှမ်းလောက်လှမ်းလိုက် ၁၀မိနစ်လောက် နားလိုက်နဲ့ အဲဒါရောက်ကာနီးနေပြီနော်။ တတ်နေကြလူတွေ ၁၅မိနစ်လောက်လျှောက်ရင်ရောက်နိုင်တဲ့ခရီးကို ကျွန်တော်အဖို့ ၄၅ မိနစ်လောက်ကြာခဲ့တယ်။ ကျွန်တော်မှာ ရှေ့တိုးခက် နောက်ဆုတ်ခက်ဆိုတာ အခုမှကိုယ်တွေ့ကြုံဖူးတော့တယ်။ ဒီလိုနဲ့ပေါ့ဗျာ ဘုရားပေါ်ကိုရောက်လာပါတယ်။ ၄ ရက်နေ့ မနက် ၈နာရီ ဘုရားပေါ်ကိုရောက်လာတယ်ဗျ။ ကျွန်တော်သူငယ်ချင်းတွေက ၇ နာရီလောက်ကိုရောက်နှင့်နေကြပြီ။ ကျွန်တော် ရောက်တော့သူတို့က View Point လက်ဖက်ရည်ဆိုင်မှာထိုင်စောင့်နေကြတယ်။ အဲဒီမှာမုန့်တွေစားကြပြီးအခန်းဌားကြတယ်ဗျ။ ဆောက်လုပ်ရေးမှာ တည်းကြတယ်။ ၁ရက်ကို ၁၈၀၀၀ ပေးရတယ် အခန်းကတော့တော်တော်ကျယ်ပါတယ်။ ရေမီးအေးဆေးပဲ။ အဆောင်ရောက်ရောက်ချင်းကျွန်တော်တို့တဖွဲ့လုံး အိပ်ကြတယ် တစ်မနက်လုံးတောလမ်းကနေတတ်လာတာ တော်တော်မောကုန်ကြလို့။ ညနေလောက်မှ အားလုံးထကြတယ်။ နိုးတော့ ကျွန်တော်တို့ရင်ပြင်ပေါ်တတ် ဘုရားဖူး ပြီးတော့ ညစာစားဖို့အတွက် ထမင်းဝယ် ငါးကြော်ဝယ်ပြီး အဆောင်ပြန်ပြီး ထမင်းစားကြတယ်။ တစ်သက်နဲ့တစ်ကိုယ် ကြွပ်ကြွပ်အိပ်နဲ့ ထမင်းမစားဖူးဘူး :P ဘုရားရောက်မှာပဲ စားဖူးတော့တယ်။ ဒါနဲ့ ၄ရက်နေ့တစ်နေ့တာကုန်ဆုံးခဲ့တယ်။

၅ရက်နေ့မနက်ရောက်ခဲ့ပါပြီ မနက်စာစားဖို့အတွက် စားသောက်ဆိုင်လိုက်ရှာကြတယ်။ နေဇာလွင်ဆိုတဲ့ လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်ဗျ။ ထမင်းကြော်ကိုယ်စီမှာစားကြတယ်။ ကြက်ဥကြော်နဲ့ တစ်ပွဲ၇၀၀ လိုက်ပွဲတစ်ပွဲ ၅၀၀ တဲ့ဗျ။ စားပြီးတော့ ကျီးပါးစပ် သွားကြတယ်။ ကျီးပါးစပ်သွားပြီးတော့ ကျွန်တော်တို့တွေ ကျောက်ထပ်ကြီးဘုရားသွားကြသေးတယ်။ အဲဒီတုန်းက အစတုန်းက ကျွန်တော်မလိုက်တော့ဘူးလုပ်ထားတာ မနေ့က လမ်းလျှောက်ထားတာ မလျှောက်နိုင်တော့လို့ သူငယ်ချင်းတွေကလိုက်ခဲ့ဆိုပြီးအတင်းခေါ်လို့လိုက်သွားပါတယ်။ ကျောက်ထပ်ကြီးကတော့ တောလမ်းတတ်တုန်းကလောက်မမောဘူးဗျ။ ကျောက်ထပ်ကြီးကိုသွားတာ မနက် ၁၁ ခွဲလောက်သွားဖြစ်တယ်ဗျ။ နားလိုက်သွားလိုက်နဲ့ သွားတော့လဲ သွားနိုင်သွားတာပါ။ :D ကျောက်ထပ်ကြီးကို ၁ ခွဲလောက်မှရောက်တယ်။ ဟိုလဲရောက်ရောကျွန်တော်တို့တွေ ၄၅ မိနစ်လောက်နေပြီးပြန်လာခဲ့တယ်။ အဲဒီမှာရွှေသင်္ကန်းကပ်ဖို့ လှူခဲ့သေးတယ်။ ပြန်ရောက်တော့ အပြန်လမ်းက View Point ဆိုတဲ့ ဆိုင်မှပဲ(ဘုရားတတ်တုန်းကဆိုင်မဟုတ်ဘူးနော်) ထမင်းစားကြတယ်။ တစ်ယောက်ကို အဝစား ၁၃၀၀ တဲ့။ ဗိုက်ဆာလို့လားမသိဘူး စားလို့တော်တော်ကောင်း :D အဲဒီမှာစားပြီ ၄၅ မိနစ်လောက်အားလုံး စည်းစိမ်ယစ်နေကြသေးတယ် :P ပြီးတော့ အခန်းပြန် အိပ်တယ်။ နိုးလာတော့ ရင်ပြင်ပေါ်တတ်ပြီး။ မုဆိုးတောင်ဘုရားသွားဖူးပြီးရင်ပြင်မှာ ခဏထိုင်ပြီးစကားပြော အခန်းပြန်ပြီးအိပ်ကြတယ်။ ၅ရက်နေ့လဲဒီလိုနဲ့ကုန်ခဲ့ပြီး။

ဒီနေရာလေးက ကျွန်တော်တို့ထိုင်တဲ့ လက်ဖက်ရည်ဆိုင်



ဒါ၂ပုံက ကျောက်ထပ်ကြီးမှာ





၆ ရက်နေ့ မနက်မှာအခန်းနဲ့ပြဿနာတတ်သေးတယ်ဗျာ။ ကျွန်တော်တို့ဌားထားတဲ့အခန်းကို ကျွန်တော်တို့ဆက်ဌားလို့မရတော့ဘူးတဲ့။ သူများဌားသွားပြီတဲ့။ အဲဒါနဲ့ကျွန်တော်တို့တွေ တည်းခိုးခန်းကလူတွေနဲ စကားများရသေးတယ်။ ကျွန်တော်တို့ကိုလဲဘာမှကြိုမပြောထားဘူး သူများဌားထားတယ်ဆိုတာ ဘယ်လိုလုပ်ပြီးဖယ်လို့ရမှာလဲဗျ စနေ့နေမှာတတ်လာတဲ့လူတွေကနည်းတာမဟုတ်ဘူး။ အခန်းက ရှာလို့မရလောက်တော့ဘူး။ အဲဒါနဲ့ သူတို့ရအောင်စီစဉ်ပေးမယ်ဆိုပြီး အခန်းရှာရသေးတယ်။ ရတော့ရပါတယ် ဈေးလမ်းကြားလေးထဲကအဆောင်တစ်ခုမှ အခန်းကကျဉ်းကျဉ်းလေးရယ် လူခြောက်ပဲအိပ်လို့ရတယ်။ ဒါတောင်ကျပ်နေတာ။ အားလုံးကတော့ စိတ်ထဲမှာမကြည်ကြဘူးပေါ့။ ဟိုမှာပြဿနာဖြစ်လာတာဆိုတော့။ အဲဒီမှာ ပစ္စည်းတွေထားပြီး မနေ့ကထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော်စားပြီး ၁၀ခွဲလောက်မှာရေတံခွန်ဆင်းကြတယ်။ ဟိုကို ၁၂ ကျော်ကျော်လောက်မှာရောက်ဖြစ်တယ်။ ရေတံခွန်ရောက်သွားတော့လဲ မနက်ကစိတ်ညစ်ခဲ့တာတွေအားလုံးပျောက်ကုန်တာပဲ။ ရေတံခွန်မှာတော်တော်ကြာ ရေကစားပြီးမှ တောင်ပေါ်ပြန်တတ်လာကြတယ်။ အတတ်လမ်းမှာ ဘုန်းကြီးကျောင်းတစ်ခုမှာ ထမင်းစားပြီးခဏနားနေသေးတယ်။ တောင်ပေါ်ရောက်တော့အိပ်။ ညကျတော့ ရင်ပြင်ပေါ်တတ်ပြီး ရွှေသင်္ကန်းကပ်ကြတယ်။ ဪ ပြောဖို့မေ့နေတယ် ကျွန်တော် ဘုရားမသွားခင် ကျွန်တော့်ညီမလေး ရွှန်းလက်မင်း ( ညီမအရင်းမဟုတ်ဘာမှမတော် မွေးစားညီမ ယောက်ဖလာခေါ်မှာစိုးလို့ကြိုပိတ်ထားတာ :P )ရဲ့မေမေက လှူပေးပါဆိုပြီး ကျွန်တော့်ကို အလှူငွေပေးလိုက်တယ်ဗျ။ အဲဒါနဲ့ ကျွန်တော်ရွှေသင်္ကန်း ၃ဆိုင်းလှူခဲ့တယ်။ ရွှေသင်္ကန်းကပ်ပြီး ဘုရားရင်ပြင်ရဲ့အောက်မှာထိုင်ပြီး ဓါတ်ပုံတွေရိုက်သေးတယ်ဗျ။ ပြီးတော့ အခန်းပြန်ပြီးအိပ်ကြတယ်ပေါ့။ ၆ရက်နေ့လဲ ပြီးဆုံးသွားပြန်ပြီပေါ့ဗျာ

ဒီပုံတွေက ရေတံခွန်ဆင်းတုန်းက







၇ရက်နေ့မနက် ကျွန်တော်တို့အိမ်အပြန်ခရီးပေါ့ ပြင်ဆင်ကြတယ်။ ကျွန်တော်တို့တွေ ရင်ပြင်ကနေ မနက်၉နာရီကလမ်းလျှောက်ဆင်းလာကြတယ်။ ရသေ့တောင်ရောက်တော့ အထုတ်တွေလေးတဲ့လူတွေပါတော့ ၂ယောက်က ကားနဲ့ ဆင်းကြတယ်။ ကျန်တဲ့ ၆ယောက်ကလမ်းလျှောက်ဆင်းကြတယ်။ ရသေ့တောင်ကနေ ကင်ပွန်းစခန်းကို ၉မိုင်တဲ့ဗျာ။ လျှောက်ရပြန်ပြီ အဝေးကြီး။ ကင်ပွန်းစခန်းကို နေ့လည် ၁၂ ကျော်မှရောက်တယ်ဗျ။ အဲဒီရောက်တော့မှာ အားလုံးတိုင်ပင်ပြီး ကားလက်မှတ်ဝယ်ကြတယ် အပြန်ကားလက်မှတ်က တစ်ယောက် ၃၅၀၀ဗျ။ ဒီလိုနဲ့ပဲကျွန်တော်တို့တွေ ရန်ကုန်မြို့ကြီးကိုကားစီးပြီးပြန်လာကြတယ်ပေါ့။ လမ်းမှာဘုရားတွေဝင်သေးတယ် ရေးတော့ဘူးနော်။

ကဲကျွန်တော့်ရဲ့ဘုရားဖူးအတွေ့အကြုံလေးကို မရေးတတ်ရေးတတ်နဲ့ ရေးလိုက်ပါတယ်။ သည်းခံဖတ်လာဖတ်သော မိတ်ဆွေများကို ကျေးဇူးအများကြီးတင်ပါ၏ ။

ပြီးတော့ နောက်တစ်ခုပြောခဲ့ချင်သေးတယ်ဗျ။ ဒီလကုန်ကစပြီး ကျွန်တော်အကြောင်းအမျိုးမျိုးကြောင့်အင်တာနက်မသုံးနိုင်အွန်လိုင်းမတတ်နိုင်တော့သောကြောင့် ဘလောဂ် လေးကိုဒီတိုင်းပစ်ထားခဲ့ရမယ်ဗျ။ လာလည်သော မိတ်ဆွေများကိုလဲအားနာပါတယ်။ လာပြီပိုစ်အသစ်မတွေ့ရင် ခွင့်လွှတ်ကြပါ။

လေးစားစွာဖြင့်
ညမီးအိမ်



ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Friday, November 28, 2008

ကြိုးစားပါဦးမည်။

ကျွန်တော့် ဘလောဂ်ကိုလာလည်ကြတဲ့ ညီအစ်ကိုမောင်နှမ အားလုံးကို ဒီနေရာကနေ တောင်းပန်းပါတယ်ခင်ဗျာ။ ကျွန်တော်အခုနောက်ပိုင်း အသစ်မတင်နိုင်တဲ့အတွက်ကြောင့်ပါ။ ကျွန်တော်မအားတာရယ် ဘာရေးရမှန်းမသိတာရယ်ကြောင့် အသစ်မတင်ဖြစ်တာပါ။ လာရောက်လည်ပတ်ကြည့်ရှု့ပြီး ပိုစ်အသစ်မတွေ့လို့လှည့်ပြန်သွားကြသော ညီအစ်ကိုမောင်နှမအားလုံးကို အနူးအညွှတ်တောင်းပန်းအပ်ပါသည်။ ကျွန်တော် ပိုစ်အသစ်ရေးနိုင်ဖို့ကြိုးစားပါဦးမည်။ ခွင့်လွတ်နားလည်ပေးကြပါ။

ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Wednesday, October 22, 2008

chat virus

ကျွန်တော်ဒီနေ့ ဆိုင်မှာဖြစ်ခဲ့တဲ့အဖြစ်လေးပေါ့။ ကျွန်တော်တို့ဆိုင်မှာသုံးနေတဲ့အစ်ကိုကြီးတစ်ယေ ာက် ဂျီတော့မှာသူ့မိတ်ဆွေနဲ့စကားပြောနေရင်း ဟိုဘက်က

Hey Please help me to test my new cam application http://h1.ripway.com/db0/privateCam.အီးအိပ်စ်အီး

အဲဒီစာသားလေးလှမ်းပို့တယ်။ သူလဲအမှတ်တမဲ့သူ့ကိုအကူအညီလှမ်းတောင်းတယ်ထင်ပြီးနှိပ ်လိုက်တာ ဗိုင်းရပ်စ်ဝင်သွားပါလေရော။

ဗိုင်းရပ်စ်အလုပ်လုပ်ပုံ
ဘယ်လိုအလုပ်လုပ်လဲဆိုတော့ အပေါ်မှာပြထားတဲ့လင့်ခ်ကိုနှိပ်လိုက်တာနဲ့ ဗိုင်းရပ်စ်ကစက်ထဲကိုဝင်သွားတယ်။ ဂျီတော့ ဖွင့်ထားတယ်ဆိုရင်အဲဒီမှာသွားပြီ။ ဂျီတော့ဖွင့်ထားရင် ကိုယ့် ဂျီတော့ list ထဲမှာအွန်လိုင်းရှိတဲ့သူအားလုံးကို အပေါ်က msg လိုပဲ ပုံစံမတူတာလေးတွေပို့တယ် လင့်ခ်ကတော့တူတူပဲ စာသားလေးပဲပြောင်းသွားတာ။ ဂျီတော့ ထဲကအွန်လိုင်းရှိတဲ့လူအားလုံးကို msg လှမ်းပို့တော့တာ။ ကံကောင်းရင် ဗိုင်းရပ်စ်လင့်ခ်မပို့ပဲ မိတ်ဆက်စာပဲပို့တယ်။ asl မေးတယ် သူ့အသက်ပြောတယ် မိန်းကလေးဖြစ်ကြောင်းပြောတယ် india ကပါလို့မိတ်ဆက်စာပဲပို့တယ်။

အခုနောက်ဆုံးပြောချင်တာကတော့ ဒီရက်ပိုင်းအတွင်းမိမိဂျီတော့ ထဲကို လင့်ခ်တစ်ခုခုရောက်လာရင်မနှိပ်မိပါစေနဲ့ဗျာ။ ဗိုင်းရပ်စ်ကိုဘယ်လိုသတ်ရမလဲတော့ ကျွန်တော်အတိတကျမသိသေးဘူးဗျ။ ဆိုင်မှာအကိုက်ခံရတုန်းက စက်မှာ deepfreeze တင်ထားတော့ restart လိုက်တယ်။ ဒါတောင် တခြား ပါတေးရှင်းမှာအများကြီးကျန်သေးတယ်ဗျ။ ဗိုင်းရပ်စ်က webcam ပုံလေးတွေနဲ့ပါ။ အခုလောလောဆယ်တော့ သိတဲ့သူများက ဒီဗိုင်းရပ်စ်အကြောင်းဆွေးနွေးသွားပါ။ ကျွန်တော်သိရင်လဲပြန်လဲဖြေကြားပေးပါမယ်။ အခုလောလောဆယ် ဒီစာလေးကိုဖတ်ပြီးသွားရင် ကိုယ်နဲ့နီးစပ်ရာသူငယ်ချင်း မိတ်ဆွေ မောင်နှမများကိုအသိပေးအကြောင်းကြားပေးထားပါဗျာ။

မှတ်ချက်။ ။ အပေါ်ကလင့်ခ်လေးကိုကျွန်တော် google လင့်ခ်နဲ့ချိတ်ထားတယ်ဗျ။ ယောင်ပြီးသွားနှိပ်မိရင် ဗိုင်းရပ်စ်ဝင်သွားမှာစိုးလို့ပါ။ ဂျီတော့မဟုတ်ပါဘူး တခြား chat တွေလဲထိပါတယ်။ ဥပမာ - yahooတို့ msn တို့ပါ။

ဒီအကြောင်းအရာကို MZ (http://www.mysteryzillion.org) မှာဆွေးနွေးထားတာရှိပါတယ်။
ဒီကနေ တဆင့်သွားဖတ်နိုင်ပါတယ်ဗျာ။

ဗိုင်းရပ်စ်သတ်ပုံသတ်နည်းကို mysuboo မှာ ကိုရွှေဘုန်းလူ တင်ထားပေးတာရှိပါတယ်။
ကိုရွှေဘုန်းလူရဲ့ ပိုစ်လေးကိုဖတ်ကြည့်ချင်ရင် ဒီကိုနှိပ် လိုက်ပါ။

ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Saturday, October 11, 2008

စာအုပ် ရောင်းပန်းစားနည်း

စာအုပ် ရောင်းပန်းစားနည်း

စတိုးဆိုင် တစ်ဆိုင်၏ အပေါက်ဝ မှန်ပြတင်းတွင်အရောင်း ကိုယ်စားလှယ် အလိုရှိသည် ဟူသော ကြော်ငြာ တစ်ခုကပ်ထားသည်။ ထိုကြော်ငြာကို ဖတ်မိသော လမ်းသွား လမ်းလာတစ်ဦး ဆိုင်ထဲသို့ ဝင်လာသည်။

‘ဘာအလိုရှိပါသလဲခင်ဗျာ’ ဟုဆိုင်ရှင်က မေးသည်။

‘ကျွန် ကျွန် ကျွန်တော် … အ အ အလုပ် … လျှောက် လျှောက် လျှောက်ချင်လို့ လို့ ပါ ခင် ခင် ခင်ဗျာ’ ဟု ဝင်လာသူက ထစ်ထစ် ငေါ့ငေါ့နှင့် ဖြေသည်။

‘ဟာ ဒီအလုပ်နှင့် ခင်ဗျားနှင့် သင့်တော်လိမ့်မယ် မထင်ဘူး၊ ခင်ဗျားက စကားတောင် ဖြောင့်ဖြောင့်တန်းတန်းမှ မပြောတတ်တာ’

‘ကျွန် ကျွန် ကျွန်တော့်မှာ မိန်း မိန်း မိန်းမ တစ်တစ် ယောက်နှင့် က က ကလေး ခြောက် ခြောက် … ရှိ ရှိပါတယ်၊ အ အ အလုပ် တစ် တစ် တစ်ခု အ အ အရမ်း … လို လို လိုအပ် နေ နေ နေပါတယ်’ ဟုတ် အသနားခံပြောသည်။

အလုပ်ရှင်က သနားသွားပြီး အခွင့်အရေး တစ်ခု ပေးသည်။

‘အိုကေ ကောင်းပြီ၊ ဒီမှာ ခရစ်ယာန် သမ္မာကျမ်း စာအုပ် သုံးအုပ်၊ အဲဒါတွေကို ယူသွားပြီး ရောင်းပြစမ်းပါ’

စကားထစ်သူက သမ္မာကျမ်း စာအုပ် သုံးအုပ်ကို ပိုက်ထွက်သွားသည်။ မကြာပါ။ တစ်နာရီ အတွင်း ပြန်ရောက်လာသည်။

‘ဒီမှာ စာ စာအုပ် သုံး သုံးအုပ် ရောင်း ရောင်း ရောင်း ရငွေ ငွေပါ ခင် ခင် ခင်ဗျာ’ ဟု ငွေပြန်အပ်သည်။

ဆိုင်ရှင် အထင်ကြီး လေးစားသွားသည်။ နောက်ထပ် သမ္မာကျမ်း စာအုပ် တစ်ဒါဇင် ထုတ်ပေးပြီး အရောင်း လွှတ်လိုက်ပြန်သည်။ ထိုလူ နှစ်နာရီ အတွင်း ပြန်ရောက်လာသည်။

‘ဒီ ဒီ ဒီမှာ စာ စာ စာအုပ် အား အား အားလုံး ရောင်း ရောင်းရငွေ ငွေပါ ခင် ခင် ခင်ဗျာ’ ဟု ကျသင့်ငွေ အားလုံး ပြန်အပ်သည်။

‘ဟိုက် တော်လိုက်တဲ့ ငါ့လူ၊ တခြား အရောင်း ကိုယ်စားလှယ်တွေ တစ်ပတ် အတွင်း ရောင်းရတဲ့ စာအုပ် ပမာဏထပ်တောင် ခင်ဗျားက သုံးနာရီ အတွင်းမှာ ပိုရောင်းရနေပါလား ၊ အဲ မသိလို့ မေးပါရစေ ၊ ခင်ဗျား ဘယ်လိုနည်းနဲ့ ဘယ်လို ပြောပြီး အိမ်တိုင်ရာရောက် လိုက်ရောင်းချသလဲ’

မယုံနိုင်အောင် အံ့သြနေသော ဆိုင်ရှင်ကအမေး ၊ ထစ်ငေါ့သူက ထစ်ထစ်ငေါ့ငေါ့ ဖြေသည်။

‘လူ လူ လူခေါ် ခေါင်း ခေါင်း ခေါင်းလောင်းကို နှိပ် နှိပ် နှိပ်လိုက်ပါတယ် ၊ ထွက် ထွက် ထွက်ကြည့်သူ သူကို ခေါ် ခေါ်ပြီး သမ် သမ် သမ်မာ ကျမ်း ကျမ်းစာ စာအုပ် ဝယ်မလား ၊ ဒါ ဒါမှ မ မ မဟုတ် ကျွန် ကျွန် ကျွန်တော် ကိုယ် ကိုယ်တိုင် ဖတ် ဖတ် ဖတ်ပြ ရ ရ ရမလားလို့ပဲ မေး မေး မေးလိုက်ပါတယ်’ ဟူသတတ်။

ဒီဟာသလေးကို အောက်တိုဘာလထုတ် အပျိုစင် မဂ္ဂဇင်း မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Tuesday, October 7, 2008

မိုးပြာရောင်ပျံသန်းမှု့

ကျွန်တော့်ဘဝမှာ ပထမဆုံး ဆိုဖူးတဲ့သီချင်းလေးပါ။ ပထမဦးဆုံးဆိုဖူးတယ်ဆိုပေမယ့် ပထမဦးဆုံးအသံသွင်းထားတာကိုတင်ထားတာမဟုတ်ပါဘူး။ အထပ်ထပ်ပြန်ဆိုပြီးအသံပြန်သွင်းထားတာပါ။ ဒါတောင်အချောမပြီးသေးဘူးဗျ။ ဘယ်တော့မှထွက်လာတော့မှာမဟုတ်တဲ့ဒီသီချင်းလေးကို အခု အမှတ်တရအနေနဲ့တင်လိုက်ရတာပါ။ ဘယ်တော့မှထွက်မလာဘူးဆိုပေမယ့် ကျွန်တော်သူငယ်ချင်းစိတ်ပါလို့ထပ်လုပ်ဖြစ်ရင်တော့မပြောတတ်ဘူးပေါ့။ ကျွန်တော်ကတော့သီချင်းထပ်မဆိုတော့ပါဘူး။ ကျွန်တော်တို့ရဲ့ သီချင်းလေးကိုအားပေးကြပါဦးနော်။ အမှတ်တရ ကောမန့်မှာလဲဝေဖန်ပေးခဲ့ပါဦး(မကောင်းရင်မကောင်းဘူးပြောခဲ့လို့ရပါတယ်၊ ဒါပေမယ့် မြင်မကောင်းတဲ့ စာသားမျိုးပါလာမယ်ဆို ဖျက်ပစ်ရပါလိမ့်မယ်၊ မြင်မကောင်းတဲ့စာသားဆိုတာ ဆဲရေးတိုင်ထွာတာကိုဆိုလိုခြင်းဖြစ်ပါတယ်။) ။

သီချင်းလေးနားထောင်မယ်ဆိုခဏစောင့်ဗျ နည်းနည်းကြာတယ်။

မိုးပြာရောင်ပျံသန်းမှု့ by nyameeeain

ဒီ Music ကိုဖန်တီးထားပေးတာက Dream က ကိုကြီးကျော်ပါ ၅၁လမ်းကပါ။
Lyric က One Way က Bro-G ရေးပေးထားတာပါ။
သီဆိုထားတာကတော့ Chrous ကကျွန်တော်ပေါ့ဗျာ။ rap စာသားအေးအေးလေးတွေဆိုတာကတော့ ကျွန်တော်သူငယ်ချင်းဇာနည်ပါ။ Bro-G ဆိုထားတဲ့အပိုဒ်မပါဘူးဗျ။ သူ့ Vocal ဖိုင်ကျွန်တော့်မှာမရှိလို့မပါလာတာပါ။

အဲပြောစရာမေ့ကျန်ခဲ့လို့ ဒီသီချင်းလေးကို String Studio မှာ အသံသွင်းထားတာပါ။
ဒေါင်းလုပ် links ==> မိုးပြာရောင်ပျံသန်းမှု့
ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Thursday, September 25, 2008

ပထမဆုံး

ကျွန်တော့်ရဲ့အစ်ကိုကြီး လင်းထက် က တဂ်တော့လဲရေးရဦးမှာပေါ့ဗျာ။ ပထမဆုံးတွေကြီးပဲရေးရမယ်ဆိုပဲ။ အစကတော့လွယ်တယ်ထင်တာ ရေးကာနီးကျမှ ဘာရေးလို့ရေးရမှန်းမသိဖြစ်နေတာ။ ပထမဆုံးတွေကိုပြန်စဉ်းစားရတော့တာပေါ့။ ကျွန်တော့်ရဲ့ပထမဆုံးတွေကတော့ဒီလိုဗျာ…

ပထမဆုံးကမ္ဘာမြေကြီးပေါ်ကိုစရောက်ခဲ့တာ

၁၉၈၆ခုနှစ် ဒီဇင်ဘာလ ၂ရက် မနက် ၄နာရီ



ပထမဆုံးအလိမ်ခံရခြင်း

အသက်ဘယ်လောက်လဲတော့မမှတ်မိတော့ဘူး…တော်တော်တော့ငယ်တယ်။ ကျွန်တော့်လက်ညိုးမှာအကြိတ်လေးကိုခွဲဖို့ဟာကို ဆရာဝန်က ချောကလက်ဆိုပြီးကျွေးတာ စားလဲစားပြီရောအိပ်ပျော်သွားတယ်။ ဆရာဝန်အကျင့်မကောင်းဘူး ချောကလက်ဆိုပြီးလိမ်ကျွေးတယ် ( ငယ်ငယ်ကတည်းကအဲလိုငတ်တာ :D )။ :(


ပထမဦးဆုံးအကြိမ်ကျောင်းပြေးခြင်း

မှတ်မှတ်ရရတစ်ခါတည်းပဲပြေးဖူးတာပါ။ ၇တန်းလောက်ကဖြစ်မယ်။ ကျောင်းပြေးပြီးသူငယ်ချင်းနဲ့ဂိမ်းသွားဆော့တာ (အရင်တုန်းကတော့ ဂိမ်းဂျပိုးဗျ။ အခုမှအင်တာနက်ဂျပိုးဖြစ်နေတာ)


ပထမဦးဆုံးမိသားစုနဲ့လမ်းလျှောက်ထွက်ခြင်း

အဲဒါလေးကိုအခုထိအမှတ်ရနေတုန်းပဲဗျ။ ကျွန်တော်မိသားစုနဲ့မြို့ထဲ (ရန်ကုန်မြို့) ကိုလမ်းလျှောက်ထွက်လာတော့ ရုပ်ရှင်ရုံက ရုပ်ရှင်ရုံကြီးရဲ့နာမည်။ ဝဇီရာကို ကျွန်တော်ဖတ်ချလိုက်တာအိမ်ကလူတွေဝိုင်းရယ်ပါလေရော။ ကျွန်တော်ဘယ်လိုဖတ်လိုက်လဲဆိုတော့ ဝဇီရာကို အိုဇီရာဆိုပြီးဖတ်လိုက်တာဗျ။ သိဘူးလေ ငယ်ငယ်တုန်းကဆိုတော့ ဝလုံးကို အင်္ဂလိပ်စာလုံး အို( O ) လို့ထင်ပြီး အိုဇီရာလို့ဖတ်ပြလိုက်တာပေါ့။


ပထမဦးဆုံးတတ်ခဲ့ဖူးသည့်ကျောင်း

အင်္ဂလိပ်လိုဘယ်လိုပေါင်းလဲတော့မသိ bishop home အဲလိုပဲပေါင်းလားတော့မသိပါဘူး။ အဲဒီမှာ သူငယ်တန်းမတတ်ခင်တုန်းကတတ်ဖူးတယ်ဗျ။ သူငယ်တန်း ကနေ ဆယ်တန်းအထိကတော့ အ.ထ.က (၁) ဒဂုံမှာဗျ။ အဖေကျောင်းကိုလိုက်ပို့တာကို ကျောင်းတတ်ရတာအရမ်းပျော်တဲ့ကျွန်တော် ငိုပြီးတော့အဖေ့ကိုဆဲတာလေ။ ကျွန်တော် ဘယ်လိုဆဲတယ်ထင်လဲ “အဖေ ေ-ာက်ကောင်မကြီး အဖေ ေ-ာက်ကောင်မကြီး” ဆိုပြီးတော့ဆဲတာ ငယ်ငယ်တုန်းကဘာမှမသိလို့ဆဲတာ အခုတော့မဆဲရဲပေါင် ငရဲငိုးထဲဇောက်ထိုးကျမယ့်ကိန်း (ငရဲမကျရင်ဆဲမယ်ပေါ့လို့တော့မတွေးနဲ့ အဖေကိုချစ်ပြီးသား ဆဲဘူး)။

ပထမဦးဆုံးအကြိမ်ညမအိပ်ပဲနေဖူးချင်း

အဲဒီနေ့က ကျောင်းမှာ ကျွန်တော်တို့တစ်ကျောင်းလုံး စကျင်ကျောက် (သူတို့တွေကတော့စကျင်ကျောက်ဘုရားလို့မခေါ်ရဆိုပဲ။ သူတို့ဆိုတာသိတယ်နော် ဆက်မပြောတော့ဘူး)ဘုရားပင့်တာကို သွားရမယ်ဆိုလို့တစ်ညလုံးကျောင်းကသူငယ်ချင်းတွေနဲ့မအိပ်ပဲဂိမ်းဆိုင်မှာဂိမ်းထိုင်ဆော့နေတာ မိုလင်းတော့ကျောင်းသွား ကျောင်းကကားနဲ့ဘုရားပင့်တာကိုသွားဖူး။ ပြန်လာတော့ ဂိမ်းထပ်သွားဆော့သေးတယ်။ ဂိမ်းဆိုင်မှာဂိမ်းကစားရင်းနဲ့အိပ်ပျော်သွားလေရဲ့။ ဟီးဟီး ငယ်ငယ်တုန်းကအဲလိုဂိမ်းဆော့ မှတ်တာ ဂိမ်းဆော့လွန်းလွန်း အဖေကအိမ်ကနေတောင်ပေးမထွက်တော့တဲ့အထိဖြစ်ဖူတယ်။


ပထမဦးဆုံးကျွန်တော်ရဲ့အချစ်ရဆုံးချစ်သူ

သူ့နာမည်အရင်းတော့မပြောတော့ဘူး ကျွန်တော်ပေးထာတဲ့နာမည်က “မုသားဖြူ” ဆိုပြီးတော့ပါ။ သူနဲ့စတွေ့တာက ၂၀၀၄ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့မှာ လှည်းတန်းအင်္ဂလိပ်စာသင်တန်းမှာ…အဲဒီနေ့ကသူကကျွန်တော့်အရှေ့မှာထိုင်တယ်ဗျ။ ကျွန်တော်သူ့အနောက်မှာပေါ့ဗျာ။ သူ့ကိုစတွေ့တွေ့ချင်ကတည်းက နောက်ကျောလေးပဲစတွေ့တွေ့ချင်းကတည်းက စိတ်ဝင်စားခဲ့တာဗျ။ အဲဒါနဲ့နောက်နေ့သင်တန်းလာတော့ သူနဲ့ရင်းနှီးအောင်(သူငယ်ချင်းတွေအကူအညီနဲ့)လုပ်တာတာပေါ့ဗျ။ ဒီလိုနဲ့ရင်းနှီးလာပြီး ၂၀၀၆ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ သူ့ကိုဖွင့်ပြောပြီး သူမနဲ့ကျွန်တော် ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့တွဲလာရင်းဘာမှမကြာလိုက်ပါဘူး ၂၀၀၆ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ သူမ ကျွန်တော့်ကိုထားသွားတယ်။ (ကျွန်တော်တို့၂ယောက်အကြောင်းအပြည့်အစုံမရေးထားပါ။ ဒါလေးကိုတောင် သူ့ခွင့်ပြုချက်မတောင်းပဲတင်လိုက်တာ။ သူမနဲ့ကျွန်တော့်အကြောင်းစုံစမ်းမေးမြန်းခြင်းသည်းခံပါ။) ဒါပေမယ့်လဲပေါ့ဗျာ ကျွန်တော်ကတော့ သူမ ကိုအခုထိချစ်နေစဲပါ။ ဒီစာလေးကို သူမ ဘယ်တော့မှဖတ်ဖြစ်မှာလဲမဟုတ်ပါဘူးဗျာ။ ကျွန်တော်ပို့ထားတဲ့မေးလ်တွေတောင်မဖတ်တာ။ သူမ ကျွန်တော့်ကိုဘာလို့ထားသွားလဲဆိုတာတော့ ယနေ့အချိန်ထိ ကျွန်တော်သေသေချာချာရေရေရာရာ မသိသေးဘူးဗျာ။ ကျွန်တော်ရဲ့ညံ့ဖျင်းမူ့ကြောင့်လဲပါမှာပေါ့။ တော်ပြီဗျာ ဒီအကြောင်းအရာရေးနေတာနဲ့လမ်းချော်ပြီး တော်တော်တောင်ရှည်နေပြီ။


ပထမဆုံးချစ်သူအနမ်း

ဘယ်နေ့လဲတော့မမှတ်မိတော့ဘူး။ သူနဲ့ကျွန်တော်နဲ့က ချိန်းတွေ့ရင်အမြဲ ကန်တော်ကြီးပဲသွားတယ်ဗျ။ မျှော်စင်ကျွန်းခေါ်မလားအဲဒီနားကသစ်ပင်လေးက ကျွန်တော်တို့နှစ်ယောက်ရဲ့အမှတ်တရလေးပေါ့။ အခုတော့ ကျွန်တော်တစ်ယောက်တည်းအတွက်အမှတ်တရလေးပေါ့။ ခေါင်းစဉ်အတိုင်းနမ်းပဲနမ်းတာနော် တူများတွေလိုဘာမှလုပ်ဘူး :D တကယ်ပြောတာ။


ပထမဆုံးမိသားစုနဲ့ခွဲခွာရခြင်း

အဲဒါကတော့ကျွန်တော် ၁၀တန်းအောင်ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်အုပ်လုံး GTC လျှောက်ကြမယ်ဆိုပြီးလျှောက်ကြတာ။ ၂ယောက်ပဲပါသွားတယ်ဗျာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရယ် ကျွန်တော်ရယ်ပေါ့။ ကျွန်တော့်သူငယ်ချင်းက မော်ဘီ GTC ကျွန်တော်က ဝါးခယ်မ GTI အဲဒီမှာစတာပဲ။ မိသားစုနဲ့ပထမဆုံးခွဲရခြင်းပဲ။ ကျွန်တော်အစကတော့ကျောင်းမှန်မှန်တတ်သေးတယ်။ နောက်တော့ ကျောင်းနဲ့အဆောင်နဲ့ကအရမ်းဝေးတယ်ဗျ အဆောင်ကနေကျောင်းသွားရင်အရှေ့တည့်တည့်နေထိုးတယ်။ ကျောင်းကနေ အဆောင်ပြန်တော့ နေဝင်တော့လဲ ကိုယ့်အရှေ့တည့်တည့်မှာက နေ။ အဲဒါနဲ့ နောက်ပိုင်းကျောင်းတွေပျက်လာတယ်ဗျ။ သူများတွေကျောင်းသွားတဲ့အချိန် ကျွန်တော်ကအိပ်တုန်း နိုးလာရင်တစ်ယောက်တည်းလက်ဖက်ရည်ဆိုင်ထိုင် ပြီးရင်အဆောင်ပြန် ဂီတာလေးတီးနဲ့ အင်းးးးးးးးစာမေးပွဲကြီးလဲနီးရော ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲဖြေခွင့်အပိတ်ခံလိုက်ရလေရဲ့။ ဒါနဲ့ပဲဖျာလိပ်ပြီး ရန်ကုန်မှာပဲ အဝေးသင်ယူနေတယ်ဗျ။ ရန်ကုန်မှာရောဖြစ်လားဆိုတော့ အခုထိ first year မအောင်သေးဘူး။ အိမ်ကမိဘတွေကိုလဲသနားပါတယ်။ ကျောင်းဆိုတာကြီးကိုမတတ်ချင်တော့တာလဲပါတယ်။ ငယ်ငယ်ကစာမကျေခဲ့တာလဲပါမယ်ထင်တယ်။ အခုဆိုစာနဲ့ပတ်သက်ပြီးဘာမှမသိတော့ဘူး။


ပထမဦးဆုံးအလုပ်လုပ်ဖူးခြင်း

အလုပ်စလုပ်တာကတော့ ကျွန်တော်ဦးလေးဖွင့်ထားတဲ့ ကွန်ပြူတာဆိုင်မှာဗျ။ အဲဒီတုန်းကဘာမှမလုပ်တတ်ဘူး အလုပ်သင်နဲ့စလုပ်တာ…အဲဒီမှာ ကိုယ့်ဟာကိုယ်တဖြည်းဖြည်းလေ့လာရင်းနဲ့ hardware ပိုင်းကိုနည်းနည်းလေး(နည်းနည်းဆိုတကယ့်နည်းနည်း)နားလည်လာတယ်။ အဲဒီနောက်ပိုင်းမှ အခုလုပ်နေတဲ့ အင်တာဆိုင်မှာ တစ်ညလုံးမအိပ်ပဲထိုင်သုံးရင်းနဲ့ဘလောခ်စလုပ်ဖြစ်လာတယ်။


ပထမဦးဆုံးဘလောခ်စရေးခြင်း

ကျွန်တော်ဘလောခ်ကိုဘယ်အချိန်စရေးလဲဆိုတော့ ၂၀၀၈ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်ကဗျ။ အဲဒီတုန်းက ညမီးအိမ်နာမည်နဲ့မဟုတ်သေးဘူးဗျ။ အဲဒီဆိုဒ်လေးလုပ်ပြီး password ချိန်းလိုက်တာ ပြန်ဝင်လို့မရတော့တာနဲ့ အခုနာမည် ညမီးအိမ်ဆိုပြီးဖြစ်လာတာပါ။ ကျွန်တော်ညမီးအိမ် ပထမဆိုဒ်လေးက http://www.nyameeeain.page.tl ပါ။ အဲဒီဆိုဒ်လေးလုပ်တုန်းက ကိုလင်းထက် ကြီးရယ် ကျွန်တော်ရယ်ပေါ့ page.tl မှာတိုင်တွေပတ်နေတာ။ နောက်ပိုင်းမှာ မအိမ်လေး နဲ့ရင်းနှီးတယ်ဗျ သူက ဘလောခ်စပေါ့ မှာလုပ်ပါလားဆိုပြီးကျွန်တော့်ကိုဘလောခ်လုပ်ပေးတယ်ဗျ။ ကျွန်တော်က မလုပ်ချင်သေးဘူး page.tl လေးကိုသံယောဇဉ်ကမပြတ်ဖူး။ အဲဒီဆိုဒ်လေးလုပ်နေရင်းနဲ့ အိမ်မက်မည်းကြီး ကိုဦးက ညီတို့ဆိုဒ်မှာ မြန်မာလို ကောမန့်ပေးလို့မရဘူးတဲ့။ အဲဒါနဲ့ကျွန်တော်ရယ် ကိုလင်းထက် ကြီးရယ် ရွာလည်နေသေးတယ်ဗျ (ကိုကြီးလင်းထက်ရဲ့အရင်ဆိုဒ်လေး)။ အဲဒါနဲ့မထူးပါဘူးဆိုပြီး သူရယ်ကျွန်တော်ရယ် ဘလောခ်စပေါ့လေးလုပ်ဖြစ်သွားတာပါ။ ဪ မေ့လို့ ကိုသားဖြိုး (ကဗျာလွယ်အိပ်) လဲပါတယ်ဗျ သူလဲကျွန်တော့်ကိုအများကြီးကူညီခဲ့တယ်။ ကျွန်တော်ဆရာတွေပေါ့ဗျာ။ ကျွန်တော့်ဆရာတွေထဲမှာ ကိုမျိုး လဲပါသဗျ။ သူကတော့ ကျွန်တော်ကိုစကားတွေနဲ့ဆုံးမတာပေါ့ဗျာ။


ပထမဦးဆုံးရောက်ဖူးသည့်ဘလောခ်

ကျွန်တော်ပထမဦးဆုံးရောက်ဖူးတာ မနိုင်းနိုင်းစနေ ဘလောခ်ဗျ။ သူ့ဘလောခ်လေးကိုစစဖတ်တုန်းကအရမ်းကြိုက်ခဲ့တာ အခုထိလဲကြိုက်တုန်းပဲ မနိုင်းနိုင်းစနေ က စာအရေးအသားအရမ်းကောင်းတဲ့ဘလောခ်ဂါတစ်ယောက်ပါ။


ပထမဦးဆုံးစရေးဖူးတဲ့ဖိုရမ်

ကျွန်တော်ဖိုရမ်တွေတော်တော်များများရောက်ဖူးတယ်ဗျ။ အကောင့်သာလုပ်ထားတာတစ်ခါမှဝင်မရေးဖူးဘူး။ တစ်နေ့ ကျွန်တော် google မှာ မြန်မာ ဆိုပြီးရိုက်ထည့်ရှာလိုက်တာလားမသိဘူး ဖိုရမ်တစ်ခုတွေ့တယ်ဗျ။ အဲဒီဖိုရမ်ထဲဝင်ဖတ်ပြီးတော်တော်သဘောကျသွားတယ်။ နည်းပညာတွေကြီးပဲရေးတဲ့ဖိုရမ်ဆိုတော့ အဲဒါနဲ့အကောင့်လုပ် မိတ်ဆက်မှာဝင်ရေးပြီးအဲဒီမှာလဲ သူငယ်ချင်းတွေတော်တော်များများရသွားပါတယ်။ အခုဆိုရင်ကျွန်တော်က အဲဒီဖိုရမ်မှာ project moderator ဖြစ်နေပြီဗျ( ကြွားတာမဟုတ်ပါ…တကယ်တော့ကြွားတာ :P )။ ကျွန်တော်ပထမဆုံးဝင်ရေးဖူးတဲ့ဖိုရမ်နာမည်က
MYSTERYZILLION ပါ။ MYSTERYZILLION ဟာအခုဆိုရင်ဖြစ် အွန်လိုင်းမှာ နည်းပညာနဲ့ပတ်သက်ပြီး စာသင်ကျောင်းဖွင့်လှစ်ထားပါတယ်။ ဆိုဒ်စတင်တာမကြာသေးတဲ့အတွက်သင်ခန်းစာတွေစုံသင့်သလောက်တော့မစုံသေးပါဘူး။ အဲဒီဆိုဒ်နာမည်ကတော့ http://edu.mysteryzillion.org ပါ။ MYSTERYZILLION နောက်တစ်ခုပေးထားတာကတော့ http://mzblog.net ပါ။ အဲဒီမှာအကောင့်တစ်ခုဆောက်ပြီးအလွယ်တကူဘလောခ်ရေးနိုင်ပါတယ်။ Wordpress နဲ့ပေးထားတာပါ။


ပထမဆုံး tag ခံရခြင်း

ကျွန်တော်ဘလောခ်ရေးတဲ့သက်တမ်းတစ်လျှောက်မှာကျွန်တော်ကိုပထမဦးဆုံး tag တာကတော့ ကင်ကင်ဆိုတဲ့ ကလေးလေးဗျ။

တော်ပြီဗျာဘာဆက်ရေးရမှန်းလဲမသိတော့ဘူး။ စာလဲတော်တော်ရှည်သွားပြီ ဖတ်ရတဲ့သူလဲတော်တော်ကိုပျင်းသွားပြီထင်တယ်။ စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။
ကဲတဂ်ကြတယ်ဆိုတော့ ကျွန်တော်လဲဘယ်သူ့ကိုတဂ်ရမလဲစဉ်းစားလိုက်တော့တွေ့ပြီဗျာ ညမီးအိမ်ကိုတဂ်လိုက်ပါတယ်။ ကဲညမီးအိမ်ရေ ရေးပေးတော့… :D
ဘယ်သူမှအတဂ်မခံရဘူးဆိုပြီးပျော်မနေကြနဲ့ဗျို့။ ကဲတကယ်တဂ်ပြီ ရေးကြတော့…

ကိုထွက်ပေါက်ကြီး(exiter)
ဂျစ်ပစီ(ပြည့်စုံ)

ကင် ဆိုတဲ့ ကလေးလေး

ကျွန်တော်တဂ်မယ့်လူစာရင်း ၂ယောက်ထပ်တိုးလိုက်ပါတယ်။
ကိုဒီဘီအေကြီး
ကိုတွီတီ

ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Thursday, September 4, 2008

စိတ်ကောင်းလေးထားခဲ့ရင်

ဟိုတစ်နေ့က ကျွန်တော့်သူငယ်ချင်း စေတန် ရဲ့ဘလောခ်ကိုဖတ်ရင်း မြန်မာနိုင်ငံက Virus ရေးတဲ့သူတွေအကြောင်းတွေးရင်းနဲ့ဒေါသတော်တော်ထွက်လာတယ်။ စေတန်ရေးထားတဲ့ပိုစ်ကို ဒီမှာ သွားဖတ်ကြည့်ပါ။ ကျွန်တော်ခံလိုက်ရလို့တော့မဟုတ်ဘူးဗျာ။ သာမန် User တွေအတွက် မခံမရပ်နိုင်လို့အခုပိုစ်အနေနဲ့ရေးလိုက်တာပါ။ သူတို့အဲလိုရေးလိုက်တော့သူတို့မှာဘာအကျိုးအမြတ်ရသွားလဲ? ဘာတွေကြည်နှုးမှု့ရသွားလဲ? သူတို့အတွက်ဘာတွေရသွားလဲတော့မသိဘူး။ သူတို့လုပ်ထားတာကို ဖြေရှင်းတတ်တဲ့သူတွေဆိုအကြောင်းမဟုတ်ဘူးဗျာ။ ကွန်ပျူတာနဲ့ပတ်သက်ပြီးအလုပ်လုပ်နေကြတဲ့ သာမန် User တွေအတွက်နည်းနည်းလေးတော့သူတို့စဉ်းစားပေးသင့်တယ်။ အဲဒီ Virus အထိခံရတဲ့ သာမန် User တွေဆိုရင် အဲဒီအတွက် အချိန်တွေအလကားကုန်မယ်။ သူတို့မလုပ်တတ်လို့ services ဆိုင်တွေပို့ရလို့ ငွေကုန်ဦးမယ်ဗျာ။ ဒီဘာမဟုတ်တဲ့သူတို့ရဲ့ Virus ရေးတဲ့ ရည်ရွယ်ချက်နဲ့ လူတွေတော်တော်ဒုက္ခရောက်ကျတယ်ဗျာ။ တခြားနိုင်ငံတွေတော့မသိဘူး။ မြန်မာနိုင်ငံမှာ သူတို့ရေးခဲ့တဲ့ HappyBirthday Virus(ကျွန်တော့်အထင်) တို့ One Missed Call(ဒါကတော့သေချာတယ်မြန်မာနိုင်ငံက) တို့ထိပြီးတော်တော်ဒုက္ခရောက်ကျတာတွေ့ရတယ်။ အဲလိုသူများဒုက္ခရောက်တာကို အဲဒီရေးတဲ့သူတွေက ပျော်နေကြတာလား? လူတွေဒုက္ခရောက်မှစားဝင်အိပ်ပျော်ကြတာလား? စေတန်ပြောခဲ့တဲ့စကား "ဒါပေမယ့် အကျင့်ယုတ်တဲ့ မြန်မာတွေ ဆက်ပြီး စိတ်ဓာတ်မပျက်စီးချင်လို့ ကျွန်တော် ပြောတာ။ အခုချိန်မှာ လမ်းမမှားသေးဘူး။ လမ်းမှန်ပြန်လျှောက်ပါ။ virus ရေးတာ ဖျက်စီးရတာ ဂုဏ်ယူစရာမဟုတ်သလို လူအထင်ကြီးတဲ့အရာလည်း မဟုတ်ဘူးဗျာ…" စေတန် ပြောသလိုလမ်းမှန်ပြန်လျှောက်နိုင်ရင် တော်တော်ကြီးကောင်းမှာပဲဗျာ။ ကိုယ်နိုင်ငံကိုဘာတွေကောင်းအောင် အကျိုးပြုမယ်စိတ်မကူးဘူး ဘယ်လိုဖျက်စီးရမလဲဘဲ စိတ်ထဲမှာတွေးနေကျလားမသိပါဘူးဗျာ။
ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

ကလေးတစ်ယောက်ရဲ့ပူဆာခြင်း

ကျွန်တော့်ကို ကလေးလေး တစ်ယောက်က tag ထားတယ်ဗျာ။ :P မရေးချင်ပါဘူးဆိုမှအတင်း tag တော့လဲ ကလေးလေး စိတ်တိုင်းကျရေးပေးလိုက်ပါတယ်။

ကိုယ့်ရဲ့နာမည်------------------------------------ညမီးအိမ်
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်-------------ဘယ်လိုခေါ်တယ်ထင်လဲ
ကိုယ်ဒီမှာနေတယ်--------------------------------ဟုတ်တယ် ကျွန်တော်ဒီမှာနေတယ်။
ကိုယ့်ဆီဖုန်းဆက်ချင်ရင်---------------------------ခလုတ်တွေနှိပ်ရမယ်
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်------------------------------------အနက်ပေါ်မှာအဝါတောက်တောက် :P
အဝတ်အစားဆိုရင်--------------------------------ဝတ်မှာပေါ့
အစားအစာဆိုရင်---------------------------------ပါးစပ်နဲ့စားတယ်
ပစ္စည်းဆိုရင်--------------------------------------ကီးဘုတ်(သူမရှိရင်ဒီစာတွေရိုက်လို့မလွယ်)
သီချင်းဆိုရင်--------------------------------------ပါးစပ်နဲ့ဆိုရတယ်
စာရေးစာဆရာ------------------------------------ညမီးအိမ် :P
စာအုပ်-------------------------------------------အမှောင်ထဲကမီးအိမ်တစ်လုံး :P
Life style----------------------------------------မဂ္ဂဇင်း :D
ကိုယ့်ရဲ့ဝါသနာ------------------------------------အင်တာနက်သုံးတယ်
အလိုချင်ဆုံးလက်ဆောင်----------------------------ပေးတာကိုတန်ဖိုးထားရမှာပေါ့
ကိုယ့်ရဲ့ အချစ်ဆုံးသူက-----------------------------အဖေနဲ့အမေ
ကိုယ့်ရဲ့ အလေးစားဆုံးသူက-------------------------မိဘနှစ်ပါး
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက----------------------ပြောပြလဲသိမှာမဟုတ်ပဲနဲ့
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက-------------မရှိဘူးထင်တယ်
ကိုယ့်ရဲ့ အမုန်းဆုံးသူက-----------------------------မရှိဘူး
ရင်အခုန်ဆုံးအချိန်---------------------------------လန့်သွားတဲ့အချိန်ဖြစ်မှာပေါ့
အကြောက်ဆုံးအချိန်--------------------------------အားငယ်နေတဲ့အချိန်
အပျော်ဆုံးအချိန်-----------------------------------လိုချင်တာရတဲ့အချိန်
အမှတ်တရနေ့-------------------------------------ဆိုတာကိုစဉ်းစားတိုင်းရင်နာတယ်
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု--------လိုချင်တာ“တ”တိုင်းရပါစေ
အချစ်ဆိုတာ--------------------------------------တစ်ယောက်တစ်မျိုးခံယူကြတာပဲ
အမုန်းဆိုတာ--------------------------------------မရှိ
အလွမ်းဆိုတာ-------------------------------------မကောင်းဘူး
သံယောဇဉ်ဆိုတာ---------------------------------ထားတိုင်းမကောင်း
ဘဝဆိုတာ----------------------------------------နာမှကောင်းတယ်
သံသရာမှာကျင်လည်နေတာပေါ့---------------------သိဘူး
သူငယ်ချင်းဆိုတာ---------------------------------ဆိုးတူကောင်းဘက်
ချစ်သူဆိုတာ-------------------------------------သစ္စာရှိရှိယုံယုံကြည်ကြည်နဲ့ချစ်နေရင်
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်------------------------အခုလောလောဆယ်တော့ဘယ်လိုမှမထင်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က-----------------------‘ကိုယ်တကယ်လုပ်မကြည့်သေးပဲနဲ့
ကျွန်တော်လုပ်မရဘူးလို့ဘယ်တော့မှမပြောနဲ့’
အပြောချင်ဆုံးစကားတစ်ခွန်း-----------------------အပေါ်ကစာသားပဲ

ကလေးလေးရေ ကိုကြီးဖြေထားတယ်နော်။ ဟီးဟီး ပေါက်ကရတွေကြီးပဲ ဖြေပေးထားတယ် :P ကလေးလေးဆိုတာဘယ်သူလဲသိချင်ရင်အဲဒီအပေါ်ကိုနှိပ်ကြည့်ဗျ။ သူကတော့သူ့ကိုယ်သူ 'မမ' လို့ပြောတာပဲ :D နောက်တာပါ အမှန်တော့သူနဲ့ကျွန်တော်ကအသက်သိပ်မကွာဘူး( သူပြောတာပဲ :D )။

ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Sunday, August 24, 2008

Mystery Zillion ကတော့လုပ်ချလိုက်ပြန်ပြီ

ကျွန်တော်တို့အရင်သုံးနေတဲ့ wordpress လိုမျိုး အခု MZ မှ MZblog.net ဆိုတဲ့ဒိုမိန်းနဲ့ ဝန်ဆောင်မူ့ပေးနေပါပြီ။ User တစ်ယောက်ဆီအတွက် 1GB ပမာဏပေးထားပါတယ်။ ဘာတွေကွာခြားသွားသလဲဆိုတော့ ကျွန်တော်သိသလောက်တော့။ MZblog.net မှာ ကိုယ်ကြိုက်သော Theme များကိုထပ်တင်လို့ရပြီး(အခုရတော့ဘူး သူပြင်ထားတယ်ဗျ။ plugins တွေတော့အများကြီးပေးထားပါတယ်) CSS ကုဒ်ကိုပြင်လို့ရပါတယ်။ နဂို wordpress မှာအဲဒါတွေမရဘူးထင်တယ်(ကျွန်တော်စမ်းကြည့်တာမရ)ဗျ။ ကျွန်တော်ကတော့ wordpress ပေးထားတဲ့လုပ်ပိုင်ခွင့်ထပ်နည်းနည်းပိုလာလို့ ပိုသဘောကျတယ်ဗျ။ ဘာပဲပြောပြော MZblog.net မှာ အကောင့်လုပ်ထားရင်မမှားဘူးထင်တယ်ဗျ။

ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeain.blogspot.com

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Wednesday, July 30, 2008

blogspot တွင် ကိုယ်ပိုင်ဒိုမိန်း ရှိပြီး comment ဘန်းခံထားရင်

ဒီနေ့တော့ ကျွန်တော့်အစ်ကိုကြီး ကိုလင်းထက် ပေးတဲ့ http://trick-blog.blogspot.com ဆိုတဲ့ ဘလောခ်လေးကို လေ့လာနေတာ ကျွန်တော်အတွက်တော့အကျိုး ( ပစ္စည်း အကျိုးအပဲ့မဟုတ် :P ) အရမ်းရှိတယ်ဗျ။ ကျွန်တော်ရဲ့ဘလောခ်ဂါ အစ်ကို အစ်မတွေ အတွက်လဲအကျိုးရှိမယ်လို့ထင်လို့ဒီပိုစ်လေးကိုတင်လိုက်တာပါ။ သိပြီးသား အစ်ကို ၊ အစ်မ များခွင့်လွှတ်ပေးကြပါ။ သူရေးထားတဲ့ပိုစ်က ဒီမှာ ပါ။

ကျွန်တော်ဒီပိုစ်လေးကိုဘာလို့တင်ထားလဲဆိုတော့ ကျွန်တော်ဘလောခ်လိပ်စာလေးကို http://www.nyameeeain.co.cc လို့ပြောင်းထားတာ မြန်မာနိုင်ငံက လူတိုင်း ဝင်ကြည့်လို့ရအောင်ပါ။ ကျွန်တော်ဟိုစမ်းဒီစမ်းနဲ့ လိုက်ကြည့်တော့ comment ပေးချင်ရင် denied ဖြစ်နေရော comment ပေးချင်ရင်ကျော်ဖွင့်မှရမှာဆိုတော့ မဟုတ်သေးဘူးပေါ့။ ဒါနဲ့ သူ့Trik-Tips Blogဆိုဒ်လေးကိုတွေ့မှအဆင်ပြေသွားတယ်ဗျ။

အခုကျွန်တော်က ကျွန်တော်ဘာသာစမ်းပြီး ပြန်ရေးခြင်းဖြစ်ပါတယ်။

ပထမဦးဆုံး ကျွန်တော်တို့ http://www.blogger.com ထဲကိုအရင်ဝင်ပါ။ ပြီး Setting==>Comment မှာ Comments Default for Posts ဆိုတာရဲ့ box ကို New Post Do Not Have Comments ကိုပြောင်းပြီး Save Settings ကိုနှိပ်ပြီး Save မှတ်ပါ။

အဲဒီအဆင့်ပြီးရင်တော့ http://www.intensedebate.com အဲဒီဆိုဒ်ကိုသွားပြီး အကောင့်အသစ် Sign-Up လုပ်ပါ။ အကောင့်အသစ်ဖွင့်ပြီးရင် Dashboard ကိုနှိပ်ပါ။ ပြီးရင် Manage blogs: ဆိုတာရဲ့ဘေးက Install Intense Debare Now! ဆိုတာကိုနှိပ်ပါ။ အဲဒီမှာ Enter your blog URL: ဆိုတဲ့နေရာမှာကိုယ့်ဘလောခ်လိပ်စာကိုထည့်ပါ။ Get Intense Debate ကိုနှိပ်ပါ။ အဲဒီမှာသူက ဘယ်ဟာအတွက်သုံးမှာလဲမေးပါမယ်။ blogger အတွက်လား wordpress အတွက်လားစသဖြင့်မေးပါမည်။ ကျွန်တော်ကတော့ blogger အတွက်မို့ blogger ကိုရွေးလိုက်ပါတယ်။ အဲဒီမှာထပ်ရွေးရပါမယ်။ Widget လုပ်မှာလား ။ Template မှာတခါတည်းထည့်မှာလားရွေးရပါမယ်။

Widget လုပ်ရင်တော့လွယ်ပါတယ်။ Template ရွေးရင်တော့နည်းနည်းရှုပ်တယ်ဗျ။ အခုကျွန်တော် Widget နဲ့လုပ်တာပဲပြောတော့မယ်ဗျ။ Widget ကိုနှိပ်လိုက်ပါ။ နံပါတ် (၁) to (၃) က ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဟာပါ။ နံပါတ် (၄)က ရွေးချယ်စရာ ၂ခုရှိတယ်ဗျ။ All new posts (Recommended) ကိုရွေးရင် အခုနောက်တင်မယ့်ပိုစ်တွေကို အခု လုပ်ထားတဲ့ comment ပုံစံပြောင်းပါမယ်။ On all blog posts ကိုရွေးရင်တော့ ကိုယ့်ဘလောခ်မှာရှိသမျှပိုစ်တွေကို သူ comment ပုံစံချိန်းတာပါ။ အဲဒီဟာကိုရွေးရင်တော့ အရင် blogger မှာပေးထားတဲ့ comment တွေအကုန်ပျောက်ကုန်ပါမယ်။ ပျောက်ကုန်တာပါ မပျက်ပါဘူး။ ကျွန်တော်အနေနဲ့ပြောချင်တာကတော All new posts (Recommended) ကိုရွေးစေခချင်တယ်ဗျ။ ပြီးရင် Add intense Debate to my blog ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် blogger ပြန်ပွင့်လာပြီးရွေးခိုင်းပါမယ်။ သင်ဟာ ဒီမေးလ်တစ်ခုထဲနဲ့ဘလောခ်တွေအများကြီးလုပ်ထားရင်အဲဒီထဲမှ ကိုယ်လုပ်ချင်တာတစ်ခုကိုရွေးပြီး Add Wigdet ကိုရွေးပါ။ ဒါဆိုရင်ရပါပြီ။

မကောင်းတာတစ်ခုက ကွန့်မန့်တွေက blogger ထဲမရောက်တော့ပဲ သူ့ဆိုဒ်မှာပဲဗျ။ အဲကောင်းတာတစ်ခုက ဘယ် ip ကနေ comment ပေးတာလဲဆိုတာပါ ပြထားတယ်ဗျ။ ဒါပေမဲ့လဲလေ ဘာမှတော့လုပ်လို့မရဘူးပေါ့ :D ။

မရှင်းတာများရှိရင် comment မှာမေးနိုင်ပါတယ်ဗျာ။ ကျွန်တော်အတတ်နိုင်ဆုံးပြန်ဖြေပေးပါ့မယ်။

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Tuesday, June 24, 2008

Wininit.exe ဆိုတဲ့ ဗိုင်းရပ်သတ်မယ်

ko-edit ကမေးလာလို့ပိုစ်အဖြစ်နဲ့တင်လိုက်တာပါ။

ပထမအဆင့်

Wininit.exe ဗိုင်းရပ်စ်ကိုစသတ်တော့မယ် ဆိုရင် အရင်ဆုံးဒီ Autoruns.exe ဆော့ဖ်ဝဲလ်လေးကို အရင်ဖွင့်ပါ။ အဲဒါလေးပေါ်လာရင် Wininit.exe run ထားတာကိုရှာပါ။ တွေ့ရင် delete နဲ့ဖျက်ပါ။

ဒုတိယအဆင့်


Task Manager(ctrl+alt+del) နှိပ်ပါ။ အဲဒီကတဆင့် processes ကိုနှိပ်ပါ။ အဲဒီအောက်မှာ Wininit.exe run နေတာကို End Process ပေးလိုက်ပါ။ Yes (or) No မေးရင် Yes ရွေးလိုက်ပါ။

တတိယအဆင့်

My Computer (window+e နဲ့နှိပ်ဖွင့်ပါ) Tools အောက်က Folder Option ကို နှိပ်ပါ။ Folder Option Box ပေါ်လာရင် View ကိုသွားပါ။
အဲဒီမှာ Show Hidden Files and Folder ကို ရွေးပါ။ အောက်နည်းနည်းထပ်ဆင်းပါ။
Hide Protected Operating System File (Recommended) ကိုအစကို အစိမ်းလေးပေးထားတာတွေ့ပါမယ်။ ပိတ်လိုက်ပါ။ ပိတ်လိုက်ရင် Yes (or) No မေးပါမယ်။ Yes ရွေးပါ။ အဲဒါတွေပြီးရင် C:\WINDOWS အောက်မှာ autorun.inf ဆိုတာတွေ့ပါမယ် shift+del နဲ့ဖျက်ပါ။ ပြီးသွားရင် C:\WINDOWS\system32 အောက်မှာ ဝင်နေတဲ့ Virus Wininit.exe ကိုရှာကြည့်ပါ။ တွေ့ရင် shift+del ထပ်ဖျက်ပါ။

နောက်ဆုံးအဆင့်

Window+R ကိုနှိပ်ပါ။ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ ပေါ်လာရင် Ctrl+F(Find...) နှိပ်ပါ အဲဒီ box မှာ ဝင်နေသော Virus Wininit.exe ကိုရိုက်ထည့်ပြီးရှာပါ။ အဲဒီ Virus ဝင် run ထားတဲ့ နေရာတွေကိုရှာပြီးပြပါမယ်။ ရှာလို့တွေ့ရင်ဖျက်ပါ။ ဖျက်ပြီးရင် F3 (Find Next)ကီးကိုနှိပ်ပါ။ Virus ဝင် run ထားတဲ့နေရာနောက်တစ်ခုကိုရှာပါမယ်။ တွေ့ရင်ဖျက်ပါ။ အဲလိုပဲ F3 ကိုနှိပ်ပြီးမကုန်မချင်ဖျက်ပါ။ အဲဒီအဆင့်ထိပြီးရင်တော့ Virus သေသွားပြီလို့ထင်ပါတယ်။ ကွန်ပြူတာပုံမှန်ဟုတ်မဟုတ်သိချင်ရင်တော့ restart လုပ်ကြည့်ပေါ့ဗျာ။

သတိထားရန်မှာ တွေ့သမျှဖျက်ဆိုပင်မယ့် ကျွန်တော်တို့ အခုတလော ဝင်ဖူးတဲ့ svchost.exe ဆိုတာမျိုးဆိုရင်တော့ ကြည့်ဖျက်သင့်ပါတယ်။ svchost.exe ဆိုတာအမှန်တကယ်တော့ system ဖိုင်ပါ။ Virus ကထင်ယောင်ထင်မှားဖြစ်အောင် svchost.exe ဆိုပြီး run နေပါတယ်။ svchost.exe ဆိုပြီး ဘယ်ဟာ Virus လဲဆိုတာက Task Manager ခေါ်ပြီး Processes ခေါ်လိုက်ရင် User Name ကိုနှိပ်လိုက်ရင် system အလိုက်စီသွားတယ်။ အဲဒီမှာ svchost ဆိုတဲ့ကောင်က ကျွန်တော်တို့ window တင်တုန်းကနာမည်ပေးထားတဲ့ နေရာမှာ run နေတာပါ။ အဲဒီမှာ svchost.exe run နေရင် Virus ပဲ။

အဲဒီ Wininit.exe ဗိုင်းရပ်စ်သတ်နည်းကိုလဲ ဒီမှာ ရေးထားတာတွေ့ပါတယ်။

မှတ်ချက်။ ။ Virus တော်တော်များများ ဒီနည်းနဲ့သတ်လို့ရပါတယ်။ Virus နာမည်လေးသာသိရင်သတ်လို့ရပါတယ်။

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Thursday, June 5, 2008

အလင်းရောင်ကိုတွေ့ရှိခြင်း

ကျွန်တော်စိတ်ညစ်နေတုန်း အင်တာနက်ပေါ်မှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ Google
မှာလျှောက်ရှာရင်း အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဆိုဒ်နှစ်ခုတွေ့တယ်ဗျ။

ပထမဆုံး ရောက်သွားတာက Mysteryzillion ဆိုတဲ့ ဖိုရမ်ဗျ။ အဲဒီမှာတော့ နည်းပညာနဲ့ပတ်သက်ပြီးအစုံပဲဗျာ။ ကျွန်တော်ရောက်သွားတော့ တော်တော်ပျော်သွားတယ် ကိုယ်မသိတဲ့အကြောင်းအရာတွေအများကြီးပဲဗျာ။ ကျွန်တော်တို့ Rapidshare ကဒေါင်းလုပ် လုပ်လို့မရတဲ့ ကျွန်တော်အတွက်တော့ လိုချင်တဲ့ လင့်ခ်သာပေးလိုက် သူတို့တခြားလင့်ခ်နဲ့ ဒေါင်းလုပ်လင့်ခ် ထပ်ပေးလိုက်မယ်။ ကိုယ်မသိတဲ့အကြောင်းအရာဆိုလဲမေးသာမေးလိုက် ပြန်ဖြေပေးမဲ့လူတွေကအဆင်သင့်ပဲဗျ။ အချိန်များရရင် ကျွန်တော်အစ်ကို ၊ အစ်မ ၊ ညီ နှင့် ညီမ များသွားရောက်လေ့လာရန်တိုက်တွန်းလိုက်တယ်ဗျာ။

နောက်ထပ်တွေ့တဲ့ဆိုဒ်လေးကိုပြောပြရရင် ဆိုဒ်နာမည်လေးက နာမည်နဲ့လိုက်အောင် နွေးထွေးတဲ့ဆိုဒ်လေးဗျ မြန်မာမိသားစု လို့နာမည်ရပါတယ်။ အဲဒီဖိုရမ်လေးကိုလဲ ဟိုရှာဒီရှာ နဲ့တွေ့သွားတယ်ဗျ။ ပထမ Mysteryzillion ကိုသွားကြည့်ထားတယ်ဆိုတော့ နောက်ထပ်ဖိုရမ် တစ်ခုတွေ့တော့ ဝင်ကြည့်ဦးမှဆိုပြီ အကောင့်လုပ်ပြီးဝင် ကြည့်လိုက်တယ်။ ဒီဖိုရမ်မှာလဲ အစုံပဲဗျ။ ဒီဖိုရမ်မှာ နည်းပညာပိုင်းရော ဂိမ်းတွေရော ရုပ်ရှင်တွေရော အစုံပဲဗျာ။ ကျွန်တော် အစုံမကြည့်ရသေးဘူး။ တော်တော်စုံတာတော့သိတယ်။ ပြီးတော့ နာမည်နဲ့လိုက်အောင် အရမ်းနွေးထွေးကြတယ်။ ပျော်ဖို့လဲအရမ်းကောင်တယ်။ ဒီမှာနွေးထွေးတယ်လို့ပြောလို့ Mysteryzillion မှာမနွေးထွေးဘူးမထင်နဲ့နော်။ အဲဒီမှာလဲအရမ်းပျော်ဖို့ကောင်းပါတယ်။

ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်အဲဒီ ဖိုရမ်လေး ၂ခုကိုကြည့်ပြီး စိတ်ညစ်တာတွေတော်တော်ပျောက်သွားပါတယ်။ ဒါကြောင့် ကျွန်တော်မကြာခင် အချိန်အတွင်းမှာ ပိုစ်တွေတင်တော့ပါမယ်။ အရင်လိုတော့ ကျွန်တော်ပိုစ်မတင်နိုင် လောက်တော့ဘူးထင်တယ်ဗျ။ ကျွန်တော်ကအတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်ဗျာ။ ပြီးတော့ အထက်မှာဖော်ပြထားတဲ့ ဖိုရမ် ၂ခု ကိုအရမ်းကျေးဇူးတင်ပါတယ်ဗျာ။

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Thursday, May 15, 2008

ကျွန်တော်ချစ်သော ဘလောခ်မောင်နှစ်မ များနှင့် ခဏတာခွဲခွာခြင်း

ကျွန်တော် ညမီးအိမ် ဘလောခ်ကို ခဏနားကြောင်းပြောချင်ပါတယ်။ ကျွန်တော်တခုတော့ပြောခဲ့ချင်တယ်ဗျာ။ ကျွန်တော့်စီဗောက်စ်မှာ lility ဆိုတဲ့ လူတစ်ယောက်ရေးသွားတယ်။ ဘာလဲဆိုတော့ ကျွန်တော်မုန်တိုင်းပုံမတင်လို့ အစိုးရလက်ကိုင်ဒုတ်ထင်တယ်တဲ့။ ကျွန်တော်ပြောချင်တယ်ဗျ။ အခုကျွန်တော်ရန်ကုန်မှာနေထိုင်ပါတယ်။ အဲဒီအချိန်မှာကျွန်တော်ဘယ်ကမီးနဲ့ပိုစ်တင်ရမှာလဲ။ မီးမလာလို့ကျွန်တော်ပိုစ်မတင်ဖြစ်ဘူးဗျာ။ အဲဒါကျွန်တော်မှားလား။ အခုကျွန်တော်စိတ်တွေညစ်နေတယ်ဗျာ။ မုန်တိုင်းကိစ္စကြောင့်ရော။ ကိုယ်ရေးကိုယ်တာကြောင့်ရော။ ကျွန်တော်ဘလောခ်ခဏနားပါမယ်။ ဘယ်လောက်ကြာမယ်ဆိုတာတော့အတိအကျမပြောတတ်ဘူးဗျ။ ကျွန်တော် နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်ဟာအစိုးရလက်ကိုင်ဒုတ်လဲမဟုတ်ဘူး။ ဘယ်သူလက်ကိုင်ဒုတ်မှလဲမဟုတ်ဘူး။ ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့နေထိုင်နေတဲ့ သာမန်လူသားတစ်ယောက်ပါ။ ပြီးတော့ နောက်တခုပြောချင်တာကတော့ ကျွန်တော်ရဲ့ကိုယ်ပိုင်ဘလောခ်လေးမှာ ကျွန်တော်စိတ်ကြိုက် ကျွန်တော်တင်ချင်တာတင်ခွင့်ရှိတယ်လို့ထင်ပါတယ်။ ကျွန်တော်စာမှာအမှားပါခဲ့ရင်ခွင့်လွတ်ကြပါ။

အားလုံးကိုခင်မင်လေးစားလျက်

ညမီးအိမ်

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Wednesday, April 30, 2008

‘အောင်မြင်မှု နှင့် ရှုံးနိမ့်မှုကြားက ပါးလျားသည့် စည်း’

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ဒေါက်ဂလပ် (စ) ဟတ်တလေ

(W. Douglas Hartley)

ပန်းပုပညာရှင်။


မည်သည့်ပျက်စီးဆုံးရှုံးမှုမျိုးမဆို လုံးဝပြန်လည်ပြင်ဆင်၍ မရနိုင်တော့ဟူသည် မရှိ။ မဖြစ်ဖြစ်အောင် လုပ်မည်ဟူသောပြတ်သားခိုင်မာသည့် စိတ်ဇွဲ၏တန်းခိုးစွမ်းအားဖြင့် အဲသည်ဆုံးရှုံးမှုသို့ တက်လှမ်းရာလှေကားထစ်အဖြစ်ပြောင်းလဲပစ်နိုင်သည်။



‘အောင်မြင်မှု နှင့် ရှုံးနိမ့်မှုကြားက ပါးလျားသည့် စည်း’


ကျွန်တော့်အဖို့မူ ကျွန်တော်ငယ်စဉ် ပန်းပုဆရာလေးဘ၀ နှင့် ပထမဆုံး ပုံတူရုပ်တုတစ်ခု လက်ခံပြုလုပ်စဉ်က အတွေ့အကြုံလောက် မမေ့နိုင်စရာဖြစ်ရပ်မျိုး ရှိလိမ့်မည် မဟုတ်တော့။

အောင်မြင်မှု နှင့် ရှုံးနိမ့်မူကြားမှာ ဘယ်လောက်မှကြီးကြီးမားမား စည်းခြားထားခြင်းမရှိဆိုတာ အဲသည်တုန်းက စတင်၍ကျွန်တော်သိမြင်ခဲ့ရသည်။

ကျွန်တော် တက္ကသိုလ်မှပြန်ရောက်စ။ အိမ်မှာဆယ်ရက်ခန့် နေပြီးလျှင် နောက်တက္ကသိုလ်တစ်ခုသို့ နွေသင်တန်း သွားတက်ရန် စီစဉ်ထားသည်။

စင်စစ် အိမ်မှာနေရသည့် ရက်ပိုင်းအတွင်း ဘာမှမလုပ်ဘဲအေးအေးဆေးဆေးနေဖို့ကောင်းသည်။ သို့သော်ကျွန်တော်မနေ။ သည်ရက်အတွင်းမှာ ကျွန်တော်တို့မြို့က ပုံတူရုပ်တု ထုလောက်သည့် ပုဂ္ဂိုလ်တစ်ယောက်ယောက် ရွေးချယ်ကာ ကိုယ်တစ်ပိုင်းရုပ်တုတစ်ခု ထုလုပ်ရန် ကျွန်တော်ဆုံးဖြတ်ခဲ့သည်။

အနုပညာလောကမှ အခြား မည်သည့်ပုဂ္ဂိုလ်ကိုမဆို မေးကြည့်လျှင် သည်လို အလုပ်မျိုး တစ်ခု ဆယ်ရက်နှင့် ပြီးအောင်တာဝန်ယူလုပ်ဆောင်ဖို့ ဆိုသည်မှာ အတင့်ရဲလွန်းသော လုပ်ရပ်တစ်ခုပဲဟု မြင်ကြမှာ သေချာသည်။ သို့သော် ဘယ်လောက် ရဲလွန်း ရမ်းလွန်းခဲ့သည်ဆိုတာကို နောက်နှစ်လလောက်ကြာတော့မှ ကျွန်တော် ကောင်းကောင်းကြီး သိမြင်ခဲ့ရပါသည်။

မြို့၌ထင်ရှားအရေးပါသူအတော်တော်များများကိုစဉ်းစားသုံးသပ်ပြီးနောက် ကျူ၊ဂျီ၊နော့ဗလစ်အမည်ရှိပုဂ္ဂိုလ်ကြီးအား ကျွန်တော်ရွေးချယ်ခဲ့ပါသည်။ သူက နော့ဗလစ်-စပတ် စက်မှုလုပ်ငန်းကြီး၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်၍ ငယ်စဉ်ကတည်းက ကျွန်တော်လေးစား အားကျခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။

သူ၏ လုပ်ဖော်ကိုင်ဖက်များအား မစ္စတာ နော့ဗလစ်အတွက်ကိုယ်တစ်ပိုင်းပုံတူ ကြေးရုပ်တစ်ခု လက်ဆောင်အဖြစ်ပေးကြမည်ဆိုလျှင် သူ့အပေါ် ၎င်းတို့၏ လေးစားခင်မင်မှုကို ပို၍အထင်မည်ဆိုလျှင် သူ့အပေါ် ၎င်းတို့၏ လေးစားခင်မင်မှုကို ပို၍အထင်အရှား ပြသရာ ရောက်မည်ဟု ကျွန်တော် အကြံဉာဏ်ပေးသည့်အခါ သူတို့သဘောကျကြသည်။

သို့နှင့် နောက်လေးရက်အကြာမှာပင် မစ္စတာ နော့ဗလစ်က ကျွန်တော် ပန်းပုထုနိုင်ရန်အတွက် ပထမအကြိမ် နှစ်နာရီကြာမျှ ထိုင်ပေးရန် ရက်ချိန်းပေးခဲ့သည်။

သူနှင့် ကျွန်တော် စတွေ့ကြသည်အချိန် ဘယ်သူပို၍ စိတ်လှုပ်ရှားနေသလဲ ခွဲခြားရန်ပင် အတော်ခက်သည်။ သူက ကျွန်တော်သူ့မျက်နှာပေါ် ပလတ်စတာအစိုတွေ အုံပြီး ပုံစံယူလိမ့်မည်အထင်နှင့် စိုးရိမ်နေသည်။ ကျွန်တော်ကလည်း တကယ် နဖူးတွေ့ ဒူးတွေ့တွေ့တော့မှ သည်ပုံကို ငါ ခုနစ်ရက်နှင့်ပြီးအောင်ဖန်တီးနိုင်ပါ့မလားဟု တွေးပူလာသည်။ မစ္စတာနော့ဗလစ်ကတော့သူ့မျက်နှာပေါ် ပလတ်စတာတွေ ကပ်မှာ မဟုတ်ကြောင်း သိသည့်အခါ သက်သောင့်သက်သာ ဖြစ်သွားသည်။

ပုံတူရုပ် ထုသည့်အခါ ဦးစွာ ပထမပြုလုပ်ရသည်က ပုံကြမ်းလောင်းရခြင်းဖြစ်သည်။ အချိုးအစားကိုက်ညီသောဦးခေါင်းပုံစံပေါ်လာအောင် မြေစေးနှင့် တည်ဆောက်ယူရသည်။ ပထမနေ့ထွက်လာသည့် အခြေခံပုံစံက မဆိုး။

နောက်တစ်ကြိမ်ထိုင်သည့်အခါ ရှိပြီးအခြေခံပုံပေါ်မှာ မြေစေးတွေ အနည်းငယ်စီဖြည့်ရင်း ဖို့ရင်း နှာခေါင်း ၊ မျက်စိ ၊ ပါးစပ် နှင့် ဆံပင်ပုံစံတွေ ပေါ်လာအောင် ဖော်ယူညှိယူသည်။ တဖြည်းဖြည်း ကျွန်တော့်ရုပ်တုက အပြင်မှသက်ရှိလူ၏ အသွင်သဏ္ဌာန်တွေနှင့် တစ်စိတ်တစ်ပိုင်းတူလာသည်။ သို့သော် အင်္ဂါအစိတ်အပိုင်းတွေအားလုံး ပြည့်စုံပြီးသည့်နောက် အချောကိုင်ရသည့်အပိုင်းမှာလုပ်ငန်းက အလွန်နှေးကွေးလေ့ရှိသည်။ ပြီး ခက်လည်းပိုခက်ခဲသည်။

တတိယအကြိမ် ထိုင်သည့်အခါ၌မူ သည်ရုပ်တုကို အချိန်မီပြီးနိုင်ပါ့မလားဟု ကျွန်တော်တွေးမိစပြုလာသည်။ မြန်မြန်ပြီးစီးအောင် ကျွန်တော်ကြိုးစား၍ လုပ်သည်။ တစ်နာရီခွဲမျှကြာသောအခါ ရုပ်တုက ဘေးတိုက်အနေမထား၌ စိတ်တိုင်းကျ နီးပါးကောင်းသွားသည်။ သို့သော် ရှေ့တည့်တည့်မှ ကြည့်လျှင်ကားလုံးဝနေရာမကျ။ ကျွန်တော်စိုးရိမ်ပူပန်စွာနှင့်ပင် အိမ်ပြန်လာခဲ့သည်။

တနင်္လာနေ့မှာနှစ်နာရီထိုင်သည်။ ဒါက နောက်ဆုံးအကြိမ်။ ကျွန်တော်အသည်းအသန်ဆိုရလောက်အောင် အချိန်လုပြီး အလုပ်လုပ်ရသည်။

သည်အချိန်အတွင်း ရှေ့ဘက်က ကြည့်၍ မတူတာကိုအတော်ကြီး နီးစပ်တူညီအောင် ကျွန်တော်ပြုပြင်နိုင်ခဲ့သည်။ သို့သော် ရုပ်တုတစ်ခုဆိုသည်က အပေါ်ယံ ဆင်တူနေရုံနှင့် မပြီး ၊ လူပုဂ္ဂိုလ်၏ စိတ်ဓာတ်စရိုက်ကိုလည်း ဖော်နိုင်ဖို့လိုသည်။ ကျွန်တော့်ရုပ်တုမှာ မစ္စတာနော့ဗလစ်၏ အဇ္ဈတ္တကိုမမြင်ရသေးဟု ကျွန်တော်ခံစားနေမိသည်။ အချိန်ကလည်း မရှိတော့။

သို့နှင့် မစ္စတာနော့ဗလစ်က သူ၏ ပုံတူရုပ်တုတွင် သူ့စရိုက်လက္ခဏာများ ဖြည့်သွင်းပေးနိုင်ရန်အတွက် သြဂုတ်လ ကျွန်တော်ကျောင်းပိတ်၍ အိမ်ပြန်လာသည့်အချိန်တွင် နောက်ဆုံးတစ်ကြိမ်ထပ်၍ ထိုင်ပေးရန် သဘောတူလိုက်ပါသည်။ ပြီးစီးသွားသည့်ကိုယ်တစ်ပိုင်းပုံကလေးကို ကျွန်တော်တို့အိမ်က မြေတိုက်ခန်းထဲတွင် သိမ်းဆည်းကာ ညစ်ပေခြောက်သွေ့ပြီး မြေစေးတွေ မာခဲမသွားစေရန်အတွက် အရုပ်ပေါ်က အုပ်ထားသည့် အဝတ်စုတ်ကို အခါအားလျော်စွာ ရေဆွတ်ပေးရန် အဖေ့အား မှာခဲ့သည်။

နောက်နှစ်လအကြာမှာ ကျွန်တော်ပြန်ရောက်လာခဲ့သည်။ အိမ်ထဲ လှမ်းဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အဆင်မပြေတာတစ်ခုခုတော့ ဖြစ်နေပြီဆိုတာ ကျွန်တော်သိလိုက်သည်။

‘ခေါင်းကြီးက ဘယ်လိုဖြစ်သွားသလဲမသိဘူး ၊ သားကြည့်စမ်းပါဦး’ အဖေက ဆိုသည်။

အဖေ့နောက်က စိတ်ပူပန်စွာနှင့် ကျွန်တော်လိုက်သွားသည်။ ကျွန်တော်ဖန်တီးခဲ့သည့် မစ္စတာနော့ဗလစ် ပုံတူရုပ်က သုံးပိုင်းပဲ့ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေချေသည်။ မျက်နှာက ပြားနေသည်။ နားတစ်ဖက် မရှိတော့။ ဦးခေါင်းညာဘက်တစ်ခြမ်းက ဓားနှင့်လှီးထားသလိုအလွှာလိုက်ပဲ့ကျနေသည်။

ဘာကြောင့် သည်လိုဖြစ်သွားရသလဲ ကျွန်တော်သိလိုက်ပါသည်။ ရေဆွတ်တာများသွားခြင်းပင်။ မြေစေးတွေ ရေစိုလွန်းတော့ သူ့အလေးချိန်နှင့်သူ အိပြီး ပဲ့ကျသွားခြင်းဖြစ်သည်။ ကျွန်တော် ပထမဆုံး အပ်ထည်လက်ရာကား ယခုတော့ မအောင်မြင်သော မြေစေးအစုအဝေးမျှသာ ဖြစ်လျက်ရှိချေပြီ။

ကျွန်တော် အကြီးအကျယ် ဒေါသလည်းထွက် ရှက်လည်းရှက် စိတ်လည်းပျက်သွားသည်။ သေတ္တာတစ်လုံးပေါ်ထိုင်ကာငိုချလိုက်မိသည်။

ညဘက်ပိုင်းမှာလည်း ကျွန်တော်တို့တစ်အိမ်လုံး မည်သူမျှမပြုံးရွှင်နိုင်ကြ။ နောက်တော့ဧည့်ခန်းထဲမှာထိုင်မှိုင်နေသည့်ကျွန်တော့်အနီးသို့ အမေ ရောက်လာသည်။ စာအုပ်စင်သို့ သွားကာ စာတစ်အုပ်ဆွဲထုတ်လာ၏ ။ ‘သား ဒီစာအုပ် ဖတ်ဖူးလား’ ဟု မေးသည်။

‘ကျွန်တော်စာအုပ်အကြောင်းမပြောချင်ဘူး အမေ ၊ ကျွန်တော့်မှာ အခုဘေးကျပ်နံကျပ်ဖြစ်နေပြီ ၊ ဒီကိစ္စ ဘယ်လိုဆက်လုပ်မလဲ စဉ်းစားရဦးမယ်’

‘ဒါ သောမတ်(စ်)ကာလိုင်ရဲ့ ပြင်သစ်တော်လှန်ရေးသမိုင်းစာအုပ် သား’ ကျွန်တော့်စကားအဆုံးမှာ အမေဆက်ပြောသည် ၊ ‘အမေတို့ဘာသာစကားနဲ့ ရှိတဲ့စာအုပ်တွေထဲမှာ အကြီးကျယ်ဆုံး စာအုပ်တစ်အုပ်လို့ဆိုနိုင်တယ်’ အမေ ကျွန်တော့်ကို ကြင်နာစွာ ကြည့်နေသည်။

‘အဲဒါ ကျွန်တော်နဲ့ ဘာဆိုင်သလဲ အမေ’

‘မဆိုင်ချင်လဲ အဆိုင်ဘူးပေါ့ ၊ ဒါပေမဲ့ အများကြီးလဲ ဆိုင်လို့ ရတယ်သား ၊ ကာလိုင်ဟာ အဲဒီစာမူကြီးကို မိတ်ဆွေတစ်ယောက်ဌားလို့လက်ဆင့်ကမ်းလိုက်တယ် ၊ အဲဒီမိတ်ဆွေရဲ့ အိမ်မှာ အိမ်ဖော်လုပ်တဲ့မိန်းမက ဒီစာမူကို ရေးပြီး စက္ကူဟောင်းတွေ အမှိုက်ဟောင်းတွေဆိုပြီး မီးဖိုထဲ ထည့်ပစ်လိုက်တယ် ၊ လပေါင်းများစွာ ဒါမှမဟုတ် နှစ်နဲ့တောင်ချီကောင်းချီမယ့် အလုပ်တစ်ခုဟာ ပြာဖြစ်သွားတယ် ၊ ကာလိုင့်ဆီမှာ ဒီစာအုပ်နဲ့ ပတ်သက်လို့ ဘာမှတ်စုမှတ်တမ်းမှ မကျန်ရစ်ဘူး’

‘အဲဒီတော့ ကာလိုင် ဘာလုပ်လဲ’ ကျွန်တော်မေးသည်။

‘သူ လုပ်နိုင်တာ တစ်ခုတည်းရှိတာပဲ ၊ သူ ဒီစာအုပ်ကို အစအဆုံး ပြန်ရေးတယ် ၊ ဒီအခါမှာ မူလရေးစဉ်ကထက် အများကြီးတိုတောင်းတဲ့အချိန်အတွင်းမှာ ပြီးစီးသွားတယ်’

‘မှတ်စုတွေ မရှိဘဲ ဘယ်လိုရေးသလဲ’

‘စာအုပ်တစ်အုပ်လုံးက သူ့ခေါင်းထဲမှာ ရှိနေသေးတာကိုး ၊ သူ့အလုပ်က ခေါင်းထဲရှိတာ စာရွက်ပေါ် ပြန်တင်ရုံပဲဟာ’

အမေ ကာလိုင့်စာအုပ်ကို စင်မှာ ပြန်တင်ထားလိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။

အတော်လေးကြာလျှင်ပင် ကျွန်တော်မြေတိုက်ခန်းထဲ ဝင်ကာ အားကြိုးမာန်တက် အလုပ်စတင်သည်။ မူလ ပုံစံဟောင်းအကြွင်းအကျန်ကို ရေနည်းနည်းခြောက်အောင် လုပ်ပြီးနောက်ရုပ်တုကို ပြန်လည်တည်ဆောက်သည်။ တဖြည်းဖြည်း နဂိုပုံ ပြန်ပေါ်လာသည်။ လုပ်ရင်း ကိုင်ရင်းပင် ကျွန်တော့် လက်တွေကယခင် သူတို့လုပ်ခဲ့ရသည့် လုပ်ငန်းအသေးစိတ်တွေကိုပြန်မှတ်မိလာပုံရသည်။ ပထမအကြိမ်က ကျွန်တော်မှား၍ ပြန်ပြင်ရတာတွေ ယခုအကြိမ်မှာ ရှောင်နိုင်ခဲ့သည်။

နောက်တစ်နေ့မနက် ကျွန်တော်ဆက်လုပ်သည်။ ညဉ့်နက်ပိုင်းလောက် ရောက်သည့်အခါတွင်ကား လွန်ခဲ့သည့် နှစ်လကရှိခဲ့သည့် အနေအထားအတိုင်း ကျွန်တော်ပြန်၍ရလေသည်။

‘နည်းနည်း ပြင်လိုက်တယ်ထင်တယ် ၊ ဟုတ်ရဲ့လား’ သူက မေးသည်။

‘ဟုတ်ပါတယ် ခင်ဗျ’

‘ကျွန်တော်တော့ အရင်ထက် ပိုကောင်းသွားတယ်ထင်တာပဲ ၊ ပိုအသက်ဝင်လာတယ် ၊ အမူအရာလဲ နည်းနည်းပိုပါလာတယ်ထင်တယ် ၊ ကျွန်တော်တော့ ထပ်လုပ်ဖို့တောင် လိုမယ်မထင်တော့ဘူး’

မယုံကြည်နိုင်စရာပင်။ ဒုတိယလက်ရာက ပထမထက် ပိုကောင်းနေခဲ့သည်။ သည်လက်ရာကို ပုံယူပြီး ကြေးသွန်းသည်။ ပြီးလျှင် စက်ရုံဧည့်ခန်းနံရံမှာ သူ့အတွက် နေရာကလေး ပြုလုပ်ပြီး ထားရှိလေသည်။

သည်ရုပ်တုက ကျွန်တော့်အဖို့ တစ်သက် မမေ့နိုင်သောရုပ်တုတစ်ခု ဖြစ်ခဲ့သည်။ သည်ဟာကို စတင်စဉ်က ကျွန်တော်သည် ချာတိတ် ၊ ပြီးစီးသည့်အချိန်မှာတော့ ကျွန်တော်ကရင့်ကျက်ပြည့်ဝသူ လူကြီးတစ်ယောက်ဖြစ်သွားခဲ့သည်။

သည်အတိုင်းလုပ်ပါဟူ၍လည်း အတင်းတိုက်တွန်းမသွားသော အမေ့အဆုံးအမမှနေ၍ လူတိုင်း မှတ်သားထားသင့်သောအသိတရားတစ်ခု ကျွန်တော်ရခဲ့သည်။

‘မည်သည့်ပျက်စီးဆုံးရှုံးမှုမျိုးမဆိုလုံးဝပြန်လည်ပြင်ဆင်၍မရနိုင်တော့ဟူသည်မရှိ။ မဖြစ်ဖြစ်အောင်လုပ်မည် ဟူသောပြတ်သားခိုင်မာသည့်စိတ်ဇွဲ၏ တန်ခိုးစွမ်းအားဖြင့် အဲသည်ဆုံးရှုံးမှုကို အောင်မြင်မှုသို့ တက်လှမ်းရာ လှေကားထစ်အဖြစ်ပြောင်းလဲပစ်နိုင်သည်’ ဟူသောအချက်ပေတည်း။

***

[ရည်ညွှန်း။ ။ The Head I Almost Lost – Reader’s Digest, August 1957]

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Saturday, April 19, 2008

ကမ္ဘာလောကကြီးရေ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ကမ္ဘာလောကကြီးရေ

ကျွန်မသား စကော့ နေသည့်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အရေးကြီးသော ကိစ္စတစ်ခု ပြောလို၍ အိမ်သို့ လာရောက်လိုကြောင်းနှင့် တွေ့ဆုံနိုင်မည့်အချိန်ကို ပြန်ကြားပေးပါရန် ဖုန်းဆက်ပြောဆိုသည်။

စကော့၏ ကျောင်းဆင်းပွဲကလည်း ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည်ဖြစ်ရာ ကျောင်းအုပ်ကြီးဆက်သွယ်ခြင်းမှာ ယင်းကိစ္စနှင့် ဆက်စပ် ပတ်သက်လိမ့်မည်ဟု ကျွန်မ ယူဆမိသည်။ သို့သော် စကော့ တစ်ယောက် ကျောင်းမှာ မဟုတ်တရုတ် တစ်ခုခုများ လုပ်ခဲ့လေသလားယူ၍လည်း စိတ်ထဲတွေးပူမိသေး၏ ။ သို့နှင့်သတင်းကောင်းပဲကြားပါရစေဟု ကျိတ်ဆုတောင်းကာ ဆရာကြီးအလာကိုစောင့်မျှော်နေခဲ့သည်။

သတင်းက သတင်းကောင်း အစစ်ဖြစ်သည်။ကျောင်းဆင်းပွဲတွင် ကျောင်းသားများကိုယ်စားနှုတ်ဆက်စကား ပြောကြားရန်အတွက် စကော့အား ရွေးချယ် အပ်နှင်းကြောင်း ကြားသိရသည်။ ထို့နောက် ဆရာကြီးက သား၏အောင်မြင်မှုကို ဂုဏ်ပြုသောအားဖြင့် ကျောင်းဆင်းပွဲနှင့် စပ်လျဉ်းသည့် အမှတ်တရ စာတစ်ပုဒ် ရေးသားပေးပါရန် ကျွန်မအား မေတ္တာရပ်ခံသည်။ ကျွန်မကလည်း ဝမ်းမြောက်ဝမ်းသာ ဆောင်ရွက်ပေးနိုင်ပါကြောင်းပြန်၍ပြောလိုက်သည်။ သားအတွက် ကျွန်မ တကယ်ပင် ဝမ်းမြောက်ဂုဏ်ယူခဲ့ခြင်းဖြစ်သည်။

လက်နှိပ်စက်ရှေ့မှာထိုင်ကာ စကော့ ဖြတ်သန်းခဲ့ရသည့်ဘဝခရီးအကြောင်း ပြန်ပြောင်း တွေးတောရင်း သူ့ဘဝအတွက် သည်ကျောင်းဆင်းပွဲ၏ ထူးခြားအရားပါလှပုံကို ကျွန်မထင်လင်းစွာ မြင်လာသည်။ စကော့နှင့် သူ၏ အတန်းဖော်သူငယ်ချင်းများသည်သူတို့အတွက် လုံးဝစိမ်းနေသေးသည့် လက်တွေ့လူ့လောကကြီးအတွင်းသို့ ဝင်ရောက်ကြရတော့မည် ဖြစ်သည်။ သူတို့ကို ကျွန်မတို့ နေ့စဉ် ပုံမှန် လိုက်လံထိန်းကျောင်းပေးနေနိုင်မည် မဟုတ်တော့ ၊ အကြံပေးခြင်း ၊ ဖေးမ ကူညီခြင်းများလည်း မပြတ်လုပ်နေနိုင်မည် မဟုတ်တော့။

သို့နှင့် သူတို့ နဖူးတွေ့ဒူးတွေ့ တွေ့ကြရတော့မည့် ကမ္ဘာလောကကြီးထံ ကျွန်မ စာတစ်စောင် ယခုလို ရေးဖြစ်ခဲ့သည်။

***


ကမ္ဘာလောကကြီးရေ…

တို့ကလေးတွေ ဒီနေ့ ကျောင်းဆင်းကြတော့မယ်။ ကာလအတန်ကြာတဲ့အထိ မင်းကို သူတို့ နားလည်နိုင်ကြဦးမှာ မဟုတ်ဘူး။ မင်းသူတို့ကို ကြင်ကြင်နာနာဆက်ဆံပေးပါလို့ ငါ မေတ္တာရပ်ခံချင်တယ်။

မင်းသိတဲ့အတိုင်း သူတို့က လောလောဆယ် အချိန်ထိ ကိုယ့်အိမ်မှာကိုယ် ဗိုလ်လုပ်နေခဲ့ကြတာ။ သူတို့ခံစားချက်တွေ ၊ ဝေဒနာတွေမှန်သမျှ မိဘက မပြတ်အကဲခတ်ပြီး ဖြေဖျောက်ပေး ကုစားပေးနေခဲ့တာ။ နက်ဖြန်သန်ဘက်က စပြီး အခြေအနေတွေက လုံးဝခြားနားသွားတော့မှာ။ အရင်တစ်ခါမှ မကြုံဖူးတဲ့ စွန့်စားခန်းအသစ်တစ်ခု စတင်ရတော့မှာ။ ဒီစွန့်စားခန်းခရီးမှာ ဒုက္ခဆင်းရဲတွေ ၊ ဝမ်းနည်းကြေကွဲစရာတွေလည်း ကြုံရလိမ့်မယ်။ သူနိုင် ငါနိုင် ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲတွေလည်း ဆင်နွှဲရလိမ့်မယ်။ ဒီခရီးလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် သူတို့မှာ ယုံကြည်မှုတွေ ၊ မေတ္တာတရားတွေ ၊ ခံနိုင်ရည်တွေ ၊ သိနားလည်မှုတွေ အများကြီး လိုအပ်လိမ့်မယ်။

ဒါကြောင့်မို့ သူတို့လေးတွေကို ကြည့်ရှု စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံနေရတာပဲ ကမ္ဘာလောကကြီးရေ။

သူတို့ သိသင့်သိထိုက်တဲ့အရာတွေ သိအောင် တတ်အောင် သင်ပြပေးစမ်းပါ။ ဒါပေမဲ့ ကျေးဇူးပြုပြီး တတ်နိုင်သမျှ ညှာညှာတာတာတော့ ကိုင်တွယ်ပါနော်။

လောကကြီးမှာ လူတိုင်းသမားသမတ်ရှိတာမဟုတ်ဘူး။ တရားသဖြင့် လုပ်နေတာ မဟုတ်ဘူး ၊ မမှန်မကန်တဲ့လူတွေလည်း ရှိတယ်ဆိုတာ သူတို့သိဖို့ လိုသေးတယ်။ ဒါပေမဲ့ လူဆိုးတစ်ယောက် ရှိတိုင်း ဇာတ်လိုက် လူစွမ်းကောင်း တစ်ယောက်တော့ရှိတယ်။ လိမ်ညာ ကောက်ကျစ်တဲ့ နိုင်ငံရေးသမား တစ်ယောက် ရှိတိုင်း လေးစားကြည်ညိုစရာကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက်ရှိတယ်။ ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိတိုင်း ကိုယ့်ကို ကူညီရိုင်းပင်းမယ့် မိတ်ဆွေတစ်ယောက်တော့ ရှိတယ်ဆိုတာလည်း သင်ကြားပေးစေချင်တယ်။

အချိန်တော့ ပေးရမှာပေါ့ လောကကြီးရယ်။ ဒါပေမဲ့ ကိုယ်တိုင်ရှာ ငွေတစ်ကျပ်ဟာ အလကားရတဲ့ ငွေတစ်ရာထက် တန်ဖိုးရှိတယ်ဆိုတဲ့အကြောင်း ၊ အရှုံးကိုအပြုံးမပျက် ခံယူတတ်မှ အောင်နိုင်ချိန်မှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နိုင်မယ်ဆိုတဲ့အကြောင်းတွေလည်း သူတို့သိနားလည်အောင် ဆောင်ရွက်ပေးစေချင်တယ်။

ဖြစ်နိုင်ရင် သူတို့မှာ ဝန်တိုမစ္ဆေရိယစိတ်တွေ ကင်းစင်အောင် ၊ သူတစ်ပါးရဲ့ အဆင်ပြေမှု ၊ အောင်မြင်မှု အတွက်လည်း မုဒိတာ ပွားတတ်အောင် သင်ကြားပေးစေချင်တယ်။ မအောင်မြင်မှုနဲ့ ကြုံရတဲ့အခါမျိုးမှာ အရှုံးဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ဇွဲသတ္တိရှိဖို့နဲ့ အောင်မြင်တဲ့အထိဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒ ဆက်လက်ပြင်းပြနေတတ်ဖို့လည်း သင်ကြားပေးပါ။ ပြီး သိမ်မွေ့သူကို သိမ်မွေ့စွာ ဆက်ဆံဆတတ်ဖို့ ၊ မာကျောသူနဲ့တွေ့တဲ့အခါ ကိုယ်လည်း မာကျောနိုင်ဖို့ လမ်းညွှန်ပေးပါ။

အများနောက် ရောယောင်မလိုက်ဘဲ ကိုယ့်အသိဉာဏ် ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်တတ်ဖို့ ၊ ဘယ်သူ့စကားမှ နားပိတ် မထားသော်လည်း ကြားသမျှကိုတော့ အမှန်တရားဆိုတဲ့ ဆန်ခါနဲ့ စစ်ပြီးမှ လက်ခံ မှတ်သားတတ်ဖို့ ၊ ဝမ်းနည်းကြေကွဲချိန်မှာလည်း အပြုံးမပျက်နေတတ်ဖို့ ၊ သို့သော် မျက်ရည်ကျခြင်းကိုလည်း ရှက်စရာလို့ မယူဆဖို့ ၊ ပြီး တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းမှာလည်းဂုဏ်ကျက်သရေ ရှိနေတတ်ပြီး အောင်မြင်ပါလျက် စိတ်ပျက်ရခြင်း ဆိုတာမျိုးလည်း ရှိကြောင်း သိရှိဖို့ကိုပါ သင်ကြားပေးစေချင်တယ်။

အမြဲမကောင်းပြောတတ်တဲ့လူတွေကို ဂရုမစိုက်ဖို့စကားချိုလွန်းသူကို သတိထားဖို့။

ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကြွက်သားကို ကြေးအမြင့်ဆုံးပေးသူထံ ရောင်းချတတ်ဖို့ ၊ ဒါပေမဲ့ နှလုံးသားနဲ့ ဝိညာဉ်ကိုတော့ ဘယ်တော့မှ ဈေးနှုန်းမသတ်မှတ်ဖို့အတွက်လည်း သင်ဖို့လိုလိမ့်မယ်။

အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ သူတစ်ပါးနှိုင်းယှဉ်တာမျိုး မလုပ်ဖို့လည်း သင်ပြပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ ကိုယ့်ထက်ကြီးကျယ်တဲ့လူ ၊ ကိုယ့်ထက် နိမ့်ပါးတဲ့လူတွေဆိုတာ အမြဲရှိနေမှာ မဟုတ်လား။ ကိုယ့်စံချိန် ကိုယ် ချိုးနိုင်အောင် ၊ ကိုယ့် ယခင် ဆောင်ရွက်ချက်တွေထက် ထူးခြားသာလွန်အောင် ပြိုင်ဆိုင်ကြိုးစားဖို့သာ သူတို့ကို သင်ကြားစေချင်တယ်။

ပြီးတော့ လောကကြီးမှာ တစ်ခါတစ်ရံ အလောင်းအစား လုပ်ရတဲ့အခါမျိုး ရှိသလို အံစာတုံးကို လက်လွှဲပေးလိုက်ရတဲ့အခါမျိုးလည်း ရှိတယ်ဆိုတာ သူတို့သိဖို့လိုလိမ့်မယ်။

လောကကြီးရေ…သူတို့ကို ကြင်ကြင်နာနာဆက်ဆံပါကွာ။ ဒါပေမယ့် အလိုတော့ မလိုက်နဲ့ ၊ သိပ်လည်းမျက်နှာသာ မပေးနဲ့ ၊ ဘာကြောင့်လဲဆိုတော့မီးဒဏ်ကို နာနာခံပြီးမှအသားကောင်းတဲ့ သံမဏိဖြစ်မှာကိုး။ ဒီအတွက်သူတို့မှာ မိမိကိုယ်ကို ယုံကြည်တဲ့စိတ်ထက်သန်ပြင်းပြစွာရှိဖို့ မွေးမြူလေ့ကျင့်ပေးပါ ၊ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ရှိမှ လူသားတစ်ရပ်လုံးအပေါ် ယုံကြည်တဲ့စိတ် သူတို့မှာ ကိန်းအောင်းလာလိမ့်မယ်။

မှာလိုက်တာတွေက သိပ်များနေပြီလားပဲ လောကကြီးရေ။ ဒါပေမဲ့ မင်းတတ်နိုင်သမျှတော့ လုပ်ပေးနော်။ သူတို့က နုနယ်သေးတဲ့ လူငယ်လေးတွေ…၊ ငါတို့ရဲ့ကလေးတွေပါ။

[မူရင်း။ ။ Avril Johannes ၏ Dear World]

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Monday, April 14, 2008

‘၁’ ဂဏန်းလေးရဲ့ရွေးချယ်မူ့

ဟိုးရှေးရှေးတုန်းကပေါ့ဗျာ ‘၁’ လေးတစ်ကောင်တည်းလမ်းလျှောက်ထွက်ရင်း ဘဝလက်တွဲဖော်လိုက်ရှာတယ်ပေါ့ဗျာ။ ဒီလိုနဲ့လျှောက်လာရင်း လမ်းမှာအရင်ဆုံး စတွေ့တာကတော့…

သူနဲ့တူတဲ့ ‘၁’ လေးကိုစတွေ့တယ်။
အဲဒီမှာ အဖော်ရှာထွက်လာတဲ့ ‘၁’ လေးကို လမ်းမှာတွေ့တဲ့ ‘၁’ လေးက “မင်း နဲ့ ငါ နဲ့ပေါင်းဖြစ်ရင် ‘နှစ်’နှစ်ကာကာ နဲ့ မြတ်နိုးပါမယ်” တဲ့။ ပထမ ‘၁’ လေးက “စဉ်းစားပါရစေဦး” ဆိုပြီးထပ်ထွက်လာတယ်။

‘၂’ နဲ့ ထပ်တွေ့တယ်။ ‘၂’ လေးကလဲ ဒီလိုဆိုပါတယ်။ “မင်းနဲ့ငါနဲ့ပေါင်းဖြစ်ရင် ‘သုံး’ လို့မကုန်တဲ့စည်းစိမ်းတွေပုံပေးပါမယ်” တဲ့။ ဒါနဲ့ ‘၁’ စောစောကလိုပဲ “စဉ်းစားပါရစေ” ဆိုပြီးထွက်လာပြန်ရော။

‘၃’ နဲ့ ထပ်တွေ့တယ်။ ‘၃’ လေးကလဲ ဒီလို တော်ကီပစ်တယ်ဗျ။ “မင်းနဲ့ငါနဲ့ပေါင်းဖြစ်ရင် မင်းကို ‘လေး’လေးနက်နက် နဲ့ တသက်လုံးချစ်သွားပါမယ်” တဲ့။ ‘၁’ ကလဲထုံးစံအတိုင်း စဉ်းစားမယ်ပေါ့ဗျာ။

‘၄’ နဲ့ တွေ့ပြန်ရော။ ‘၄’ ကတော့ဘာမှမပြောဘူးဗျ။ ‘၁’ လေးစဉ်းစားတာက ဒီလူနဲ့ပေါင်း ရင် ရေလိုက်‘ငါး’လိုက်ပဲနေမယ့်လူစားမျိုးလို့ကောက်ချက်ချတယ်။ ဒါနဲ့ ‘၁’ လေးခရီးထပ်ဆက်တယ်။

‘၅’ နဲ့ တွေ့တယ်။ ‘၅’ကလူရိုးလေးဗျ။ သူ့ကို ‘၁’ ကဒီလိုကောက်ချက်ပေးတယ်။ အင်းသူ့နဲ့ပေါင်းရင်တော့ သူလေးက ‘ခြောက်’ ပြစ်ကင်းသဲလဲစင် လေးပဲဆိုပြီး စိတ်ထဲမှာ မှတ်ပြီး နောက်ထပ်လေ့လာကြည့်ဦးမယ်ဆိုပြီး ထွက်လာပြန်ရော။

‘၆’ နဲ့ တွေ့ပြန်တယ်။ ‘၆’ ကိုတွေ့တော့ ။ အင်းဒီလူနဲ့ပေါင်းရင်တော့ ဘာမှဖြစ်လာမှာဟုတ်ဘူးတဲ့ အ‘၇’ပဲရှိတယ်တဲ့ အဲလိုစိတ်ထဲကနှိမ်ပြီးထွက်သွားပြန်ရော။

‘၇’ နဲ့ တွေ့တယ်။ ‘၇’ ကိုလဲမနှစ်သက်ဖူးဗျ။ သူနဲ့ပေါင်းရင်တော့ ငါ့ဘဝတော့ ချီး(၈=shit)တွင်းထဲ မှာနေရသလိုပဲနေမှာတဲ့။

‘၈’ နဲ့ ထပ်တွေ့ပြန်တယ်။ ‘၈’ ကိုမြင်တော့သူနည်းနည်းသဘောကျသွားတယ်ဗျ။ သူနဲ့ပေါင်းရရင်တော့ ယုံကြည်‘ကိုး’စားရမယ့်သူ။ အား‘ကိုး’ရမဲ့သူဆိုပြီတော့လေ။ အင်းဆက်သွားကြည့်ပါဦးမယ်ဆိုပြီထွက်လာပြန်ရော။

‘၉’ နဲ့သွားတွေ့တယ်ဗျ။ ‘၁’ တော်တော်လန့်သွားတယ်ဗျ။ သူနဲ့ပေါင်းရရင် အဖတ်‘ဆယ်’ လို့တောင်ရမှာဟုတ်ဘူးတဲ့လေ။

နောက်ဆုံး ‘ဝ’ လေးနဲ့သွားတွေ့တယ်။ ‘ဝ’ လေးကိုတွေ့တော့ သူ တော်တော်လေး လေးစားသွားတယ်။ ဘာလို့လဲဆိုတော့ ‘ဝ’ လေးက ဘယ်သူနဲ့ပေါင်းပေါင်း သူနဲ့ပေါင်းတဲ့လူရဲ့တန်ဖိုးဟာ ဘာမှပြောင်းလဲမှုမရှိဘူးဆိုတော့။ သူနဲ့ပေါင်းတဲ့လူနဲ့ထပ်တူခံစားပေးနိုင်တယ်ဆိုပြီးတော့လေ။

ကဲဘယ်လိုလုပ်ကြမလဲ။ ‘၁’ လေးကို ဘယ်သူနဲ့ သဘောတူလဲဗျ။ ဟဲဟဲ ပျင်းလို့လျှောက်ရေးထားတာ ဘာမှဟုတ်ဘူး။ လျှောက်ရေးထားတာကို လျှောက်ဖြေပေးကြပါဗျို့။ နှစ်သစ်မှာရွင်လန်းချမ်းမြေ့ကြပါစေဗျာ။

ကျွန်တော်ထပ်ပြောချင်တယ်ဗျ ကျွန်တော်ပထမဆုံးတင်တုံးက ‘ဝ’ လေးအကြောင်း ကျန်ခဲ့တယ်ဗျ။ ဒီနေ့(၁၅.၀၄.၂၀၀၈)မှသတိရလို့ထပ်တင်လိုက်တယ်။ ခွင့်လွတ်ပေးကြပါ။ မင်္ဂလာနှစ်သစ်ပါဗျို့။

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Wednesday, April 9, 2008

သားမိုက် ဘဝမှရုန်းထွက်ခြင်း

ဤပိုစ်လေးကိုခဏဖျက်ထားပါသည်။

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Monday, April 7, 2008

ပြတင်းပေါက်

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ပြတင်းပေါက်


ဘဝဟူသည်
ကျွနု်ပ်တို့ စီမံဖန်တီးသည့်အတိုင်း ဖြစ်ရ၏ ။
ယခင်ကလည်း ဤသို့ ၊ နောင်လည်း ဤနှယ်ပင်။
[ဘွားဘွားမိုးဇက်]

တစ်ခါက ဆေးရုံကြီး တစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီးအပြင်လောကကို ကြည့်စရာ ပြတင်းပေါက် တစ်ခုသာပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လယ်ပိုင်း သူ့အဆုတ်ထဲက အရည်တွေ ပိုက်နှင့် စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့် ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိနေသည်။ တစ်ဖက်ခုတင်ရှိလူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာစန့်စန့်ကြီး လှဲနေရသည်။

နေ့လယ်ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေ ဘာတွေဆင့်ကာ ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီ၌ သူ လှမ်းမြင်ရသည့် အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။

ပြတင်းပေါက်က လှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီး တစ်ကန်ရှိသည်။ ရေကန်မှာ ဘဲတွေ ငန်းတွေရေကူးနေသည်။ ကလေးများက သူတို့ကို ပေါင်မုန့်တွေပစ်ကျွေးကြသည်။ ကလေးအချို့က လှေကလေးတွေ မျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီး လမ်းလျှောက် နေကြသည်။ ပန်းတွေကဝေေ၀ဆာဆာပွင့်နေသည်။ မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ် လှသည်။ အဲသည်မှာ ဘောလုံးပျော့ (ဆော့ဖ်ဘော) ကစားနေကြသူတွေလည်း မြင်ရသည်။ ဟိုအဝေးဆီ၌မှု သစ်ပင်တွေထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ။ ထို့နောက်၌ ပြာလဲ့သော မိုးကောင်းကင်။

ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။ ကလေး တစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီဝတ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာဖြစ်ပျက်နေပုံ အလုံးစုံကို သူ့အာရုံထဲ အသေးစိတ် မြင်ခွင့်ရနေသည်။

သည်လိုနေရင်း သာယာသောနေ့လယ်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီး အပြင်လောကရှုခင်းအစုံကို စိတ်တိုင်းကျကြည့်ခွင့်ရနေသည် ၊ မိမိကိုတော့ ဘာကြောင့် အဲသည် နားထားမပေးသလဲ ဟူသောအတွေးဖြစ်သည်။

သည်လို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။ သို့သော်သည်အတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်း လဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မယ်ဆိုတာမျိုးအထိ သူ တွေးမိလာသည်။

တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူ ရုတ်တရက်နိုးလာကာချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမကို အရေးပေါ် ခေါ်သည့် အချက်ပေးခလုတ်ကို နှိပ်ရန် လက်ကစမ်းတဝါးဝါးလိုက်ရှာသည်။

သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူ အသက်ရှူသံရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။

နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်း တွေ့ရှိကာ အလောင်းကိုတိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

ဣန္ဒြေမပျက်လောက်ဘူးဟု ထင်ရသော အချိန်လောက်တွင် ကျန်ရစ်သူက သူ့အားပြတင်းပေါက်အနီးရှိ ခုတင်သို့ ပြောင်းပေးနိုင်မလား မေးသည်။

သို့နှင့် ပြောင်းပေးကြသည်။ သက်သောင့်သက်သာအရှိဆုံး ဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသိုပေးသည်။

သူနာပြုတွေ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင် တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ ထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့လှမ်းကြည့်သည်။ အပြင်၌ နံရံတံတိုင်းတစ်ခုသော သူမြင်ရလေသည်။


[မှုရင်း။ ။ အမည်မသိ စာရေးသူ၏ The Window]

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Friday, April 4, 2008

အဖေ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

အဖေ


ကျွန်တော်

၄နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်။

၅နှစ်… ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။

၆နှစ်… ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈နှစ်… တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။

၁၀နှစ်… အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။

၁၂နှစ်… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။

၁၄နှစ်… အဖေတော့ ထည့်ပြောမနေနဲ့ ၊ သူက ရှေးရိုးသမားကြီး။

၂၁နှစ်… အဘိုးကြီးလား…ထားပါ ၊ အောက်နေပြီ ၊ လုံးဝအောက်နေပြီ။

၂၅နှစ်… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ် ၊ မသိလို့လည်း မဖြစ်ဘူးလေ ၊ လူကြီးပဲဟာ။

၃၀နှစ်… အဖေကိုနည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ် ၊ ဘာပဲပြောပြော သူက အတွေ့အကြုံ အများကြီး ရှိတယ်။

၃၅နှစ်… အဖေနဲ့တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက်ငါတစ်ခုခုလုပ်နိုင်မယ်။

၄၀နှစ်… အဖေသာဆိုရင် ဒီကိစ္စ ဘယ်လို ဖြေရှင်းမလဲ မသိဘူး ၊ အဖေက အတွေ့အကြုံ စုံတယ် ၊ အမြော်အမြင်လည်း ရှိတယ်။

၅၀နှစ်… ဒီကိစ္စအခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆိုငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။

[မူရင်း။ ။ Ann LandersMy Father When I Was…]

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

နိုင်ငံတကာ အချိန်များ