Thursday, September 25, 2008
ပထမဆုံး
ကျွန်တော့်ရဲ့အစ်ကိုကြီး လင်းထက် က တဂ်တော့လဲရေးရဦးမှာပေါ့ဗျာ။ ပထမဆုံးတွေကြီးပဲရေးရမယ်ဆိုပဲ။ အစကတော့လွယ်တယ်ထင်တာ ရေးကာနီးကျမှ ဘာရေးလို့ရေးရမှန်းမသိဖြစ်နေတာ။ ပထမဆုံးတွေကိုပြန်စဉ်းစားရတော့တာပေါ့။ ကျွန်တော့်ရဲ့ပထမဆုံးတွေကတော့ဒီလိုဗျာ…
ပထမဆုံးကမ္ဘာမြေကြီးပေါ်ကိုစရောက်ခဲ့တာ
၁၉၈၆ခုနှစ် ဒီဇင်ဘာလ ၂ရက် မနက် ၄နာရီ
ပထမဆုံးအလိမ်ခံရခြင်း
အသက်ဘယ်လောက်လဲတော့မမှတ်မိတော့ဘူး…တော်တော်တော့ငယ်တယ်။ ကျွန်တော့်လက်ညိုးမှာအကြိတ်လေးကိုခွဲဖို့ဟာကို ဆရာဝန်က ချောကလက်ဆိုပြီးကျွေးတာ စားလဲစားပြီရောအိပ်ပျော်သွားတယ်။ ဆရာဝန်အကျင့်မကောင်းဘူး ချောကလက်ဆိုပြီးလိမ်ကျွေးတယ် ( ငယ်ငယ်ကတည်းကအဲလိုငတ်တာ :D )။ :(
ပထမဦးဆုံးအကြိမ်ကျောင်းပြေးခြင်း
မှတ်မှတ်ရရတစ်ခါတည်းပဲပြေးဖူးတာပါ။ ၇တန်းလောက်ကဖြစ်မယ်။ ကျောင်းပြေးပြီးသူငယ်ချင်းနဲ့ဂိမ်းသွားဆော့တာ (အရင်တုန်းကတော့ ဂိမ်းဂျပိုးဗျ။ အခုမှအင်တာနက်ဂျပိုးဖြစ်နေတာ)
ပထမဦးဆုံးမိသားစုနဲ့လမ်းလျှောက်ထွက်ခြင်း
အဲဒါလေးကိုအခုထိအမှတ်ရနေတုန်းပဲဗျ။ ကျွန်တော်မိသားစုနဲ့မြို့ထဲ (ရန်ကုန်မြို့) ကိုလမ်းလျှောက်ထွက်လာတော့ ရုပ်ရှင်ရုံက ရုပ်ရှင်ရုံကြီးရဲ့နာမည်။ ဝဇီရာကို ကျွန်တော်ဖတ်ချလိုက်တာအိမ်ကလူတွေဝိုင်းရယ်ပါလေရော။ ကျွန်တော်ဘယ်လိုဖတ်လိုက်လဲဆိုတော့ ဝဇီရာကို အိုဇီရာဆိုပြီးဖတ်လိုက်တာဗျ။ သိဘူးလေ ငယ်ငယ်တုန်းကဆိုတော့ ဝလုံးကို အင်္ဂလိပ်စာလုံး အို( O ) လို့ထင်ပြီး အိုဇီရာလို့ဖတ်ပြလိုက်တာပေါ့။
ပထမဦးဆုံးတတ်ခဲ့ဖူးသည့်ကျောင်း
အင်္ဂလိပ်လိုဘယ်လိုပေါင်းလဲတော့မသိ bishop home အဲလိုပဲပေါင်းလားတော့မသိပါဘူး။ အဲဒီမှာ သူငယ်တန်းမတတ်ခင်တုန်းကတတ်ဖူးတယ်ဗျ။ သူငယ်တန်း ကနေ ဆယ်တန်းအထိကတော့ အ.ထ.က (၁) ဒဂုံမှာဗျ။ အဖေကျောင်းကိုလိုက်ပို့တာကို ကျောင်းတတ်ရတာအရမ်းပျော်တဲ့ကျွန်တော် ငိုပြီးတော့အဖေ့ကိုဆဲတာလေ။ ကျွန်တော် ဘယ်လိုဆဲတယ်ထင်လဲ “အဖေ ေ-ာက်ကောင်မကြီး အဖေ ေ-ာက်ကောင်မကြီး” ဆိုပြီးတော့ဆဲတာ ငယ်ငယ်တုန်းကဘာမှမသိလို့ဆဲတာ အခုတော့မဆဲရဲပေါင် ငရဲငိုးထဲဇောက်ထိုးကျမယ့်ကိန်း (ငရဲမကျရင်ဆဲမယ်ပေါ့လို့တော့မတွေးနဲ့ အဖေကိုချစ်ပြီးသား ဆဲဘူး)။
ပထမဦးဆုံးအကြိမ်ညမအိပ်ပဲနေဖူးချင်း
အဲဒီနေ့က ကျောင်းမှာ ကျွန်တော်တို့တစ်ကျောင်းလုံး စကျင်ကျောက် (သူတို့တွေကတော့စကျင်ကျောက်ဘုရားလို့မခေါ်ရဆိုပဲ။ သူတို့ဆိုတာသိတယ်နော် ဆက်မပြောတော့ဘူး)ဘုရားပင့်တာကို သွားရမယ်ဆိုလို့တစ်ညလုံးကျောင်းကသူငယ်ချင်းတွေနဲ့မအိပ်ပဲဂိမ်းဆိုင်မှာဂိမ်းထိုင်ဆော့နေတာ မိုလင်းတော့ကျောင်းသွား ကျောင်းကကားနဲ့ဘုရားပင့်တာကိုသွားဖူး။ ပြန်လာတော့ ဂိမ်းထပ်သွားဆော့သေးတယ်။ ဂိမ်းဆိုင်မှာဂိမ်းကစားရင်းနဲ့အိပ်ပျော်သွားလေရဲ့။ ဟီးဟီး ငယ်ငယ်တုန်းကအဲလိုဂိမ်းဆော့ မှတ်တာ ဂိမ်းဆော့လွန်းလွန်း အဖေကအိမ်ကနေတောင်ပေးမထွက်တော့တဲ့အထိဖြစ်ဖူတယ်။
ပထမဦးဆုံးကျွန်တော်ရဲ့အချစ်ရဆုံးချစ်သူ
သူ့နာမည်အရင်းတော့မပြောတော့ဘူး ကျွန်တော်ပေးထာတဲ့နာမည်က “မုသားဖြူ” ဆိုပြီးတော့ပါ။ သူနဲ့စတွေ့တာက ၂၀၀၄ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့မှာ လှည်းတန်းအင်္ဂလိပ်စာသင်တန်းမှာ…အဲဒီနေ့ကသူကကျွန်တော့်အရှေ့မှာထိုင်တယ်ဗျ။ ကျွန်တော်သူ့အနောက်မှာပေါ့ဗျာ။ သူ့ကိုစတွေ့တွေ့ချင်ကတည်းက နောက်ကျောလေးပဲစတွေ့တွေ့ချင်းကတည်းက စိတ်ဝင်စားခဲ့တာဗျ။ အဲဒါနဲ့နောက်နေ့သင်တန်းလာတော့ သူနဲ့ရင်းနှီးအောင်(သူငယ်ချင်းတွေအကူအညီနဲ့)လုပ်တာတာပေါ့ဗျ။ ဒီလိုနဲ့ရင်းနှီးလာပြီး ၂၀၀၆ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ သူ့ကိုဖွင့်ပြောပြီး သူမနဲ့ကျွန်တော် ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့တွဲလာရင်းဘာမှမကြာလိုက်ပါဘူး ၂၀၀၆ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ သူမ ကျွန်တော့်ကိုထားသွားတယ်။ (ကျွန်တော်တို့၂ယောက်အကြောင်းအပြည့်အစုံမရေးထားပါ။ ဒါလေးကိုတောင် သူ့ခွင့်ပြုချက်မတောင်းပဲတင်လိုက်တာ။ သူမနဲ့ကျွန်တော့်အကြောင်းစုံစမ်းမေးမြန်းခြင်းသည်းခံပါ။) ဒါပေမယ့်လဲပေါ့ဗျာ ကျွန်တော်ကတော့ သူမ ကိုအခုထိချစ်နေစဲပါ။ ဒီစာလေးကို သူမ ဘယ်တော့မှဖတ်ဖြစ်မှာလဲမဟုတ်ပါဘူးဗျာ။ ကျွန်တော်ပို့ထားတဲ့မေးလ်တွေတောင်မဖတ်တာ။ သူမ ကျွန်တော့်ကိုဘာလို့ထားသွားလဲဆိုတာတော့ ယနေ့အချိန်ထိ ကျွန်တော်သေသေချာချာရေရေရာရာ မသိသေးဘူးဗျာ။ ကျွန်တော်ရဲ့ညံ့ဖျင်းမူ့ကြောင့်လဲပါမှာပေါ့။ တော်ပြီဗျာ ဒီအကြောင်းအရာရေးနေတာနဲ့လမ်းချော်ပြီး တော်တော်တောင်ရှည်နေပြီ။
ပထမဆုံးချစ်သူအနမ်း
ဘယ်နေ့လဲတော့မမှတ်မိတော့ဘူး။ သူနဲ့ကျွန်တော်နဲ့က ချိန်းတွေ့ရင်အမြဲ ကန်တော်ကြီးပဲသွားတယ်ဗျ။ မျှော်စင်ကျွန်းခေါ်မလားအဲဒီနားကသစ်ပင်လေးက ကျွန်တော်တို့နှစ်ယောက်ရဲ့အမှတ်တရလေးပေါ့။ အခုတော့ ကျွန်တော်တစ်ယောက်တည်းအတွက်အမှတ်တရလေးပေါ့။ ခေါင်းစဉ်အတိုင်းနမ်းပဲနမ်းတာနော် တူများတွေလိုဘာမှလုပ်ဘူး :D တကယ်ပြောတာ။
ပထမဆုံးမိသားစုနဲ့ခွဲခွာရခြင်း
အဲဒါကတော့ကျွန်တော် ၁၀တန်းအောင်ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်အုပ်လုံး GTC လျှောက်ကြမယ်ဆိုပြီးလျှောက်ကြတာ။ ၂ယောက်ပဲပါသွားတယ်ဗျာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရယ် ကျွန်တော်ရယ်ပေါ့။ ကျွန်တော့်သူငယ်ချင်းက မော်ဘီ GTC ကျွန်တော်က ဝါးခယ်မ GTI အဲဒီမှာစတာပဲ။ မိသားစုနဲ့ပထမဆုံးခွဲရခြင်းပဲ။ ကျွန်တော်အစကတော့ကျောင်းမှန်မှန်တတ်သေးတယ်။ နောက်တော့ ကျောင်းနဲ့အဆောင်နဲ့ကအရမ်းဝေးတယ်ဗျ အဆောင်ကနေကျောင်းသွားရင်အရှေ့တည့်တည့်နေထိုးတယ်။ ကျောင်းကနေ အဆောင်ပြန်တော့ နေဝင်တော့လဲ ကိုယ့်အရှေ့တည့်တည့်မှာက နေ။ အဲဒါနဲ့ နောက်ပိုင်းကျောင်းတွေပျက်လာတယ်ဗျ။ သူများတွေကျောင်းသွားတဲ့အချိန် ကျွန်တော်ကအိပ်တုန်း နိုးလာရင်တစ်ယောက်တည်းလက်ဖက်ရည်ဆိုင်ထိုင် ပြီးရင်အဆောင်ပြန် ဂီတာလေးတီးနဲ့ အင်းးးးးးးးစာမေးပွဲကြီးလဲနီးရော ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲဖြေခွင့်အပိတ်ခံလိုက်ရလေရဲ့။ ဒါနဲ့ပဲဖျာလိပ်ပြီး ရန်ကုန်မှာပဲ အဝေးသင်ယူနေတယ်ဗျ။ ရန်ကုန်မှာရောဖြစ်လားဆိုတော့ အခုထိ first year မအောင်သေးဘူး။ အိမ်ကမိဘတွေကိုလဲသနားပါတယ်။ ကျောင်းဆိုတာကြီးကိုမတတ်ချင်တော့တာလဲပါတယ်။ ငယ်ငယ်ကစာမကျေခဲ့တာလဲပါမယ်ထင်တယ်။ အခုဆိုစာနဲ့ပတ်သက်ပြီးဘာမှမသိတော့ဘူး။
ပထမဦးဆုံးအလုပ်လုပ်ဖူးခြင်း
အလုပ်စလုပ်တာကတော့ ကျွန်တော်ဦးလေးဖွင့်ထားတဲ့ ကွန်ပြူတာဆိုင်မှာဗျ။ အဲဒီတုန်းကဘာမှမလုပ်တတ်ဘူး အလုပ်သင်နဲ့စလုပ်တာ…အဲဒီမှာ ကိုယ့်ဟာကိုယ်တဖြည်းဖြည်းလေ့လာရင်းနဲ့ hardware ပိုင်းကိုနည်းနည်းလေး(နည်းနည်းဆိုတကယ့်နည်းနည်း)နားလည်လာတယ်။ အဲဒီနောက်ပိုင်းမှ အခုလုပ်နေတဲ့ အင်တာဆိုင်မှာ တစ်ညလုံးမအိပ်ပဲထိုင်သုံးရင်းနဲ့ဘလောခ်စလုပ်ဖြစ်လာတယ်။
ပထမဦးဆုံးဘလောခ်စရေးခြင်း
ကျွန်တော်ဘလောခ်ကိုဘယ်အချိန်စရေးလဲဆိုတော့ ၂၀၀၈ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်ကဗျ။ အဲဒီတုန်းက ညမီးအိမ်နာမည်နဲ့မဟုတ်သေးဘူးဗျ။ အဲဒီဆိုဒ်လေးလုပ်ပြီး password ချိန်းလိုက်တာ ပြန်ဝင်လို့မရတော့တာနဲ့ အခုနာမည် ညမီးအိမ်ဆိုပြီးဖြစ်လာတာပါ။ ကျွန်တော်ညမီးအိမ် ပထမဆိုဒ်လေးက http://www.nyameeeain.page.tl ပါ။ အဲဒီဆိုဒ်လေးလုပ်တုန်းက ကိုလင်းထက် ကြီးရယ် ကျွန်တော်ရယ်ပေါ့ page.tl မှာတိုင်တွေပတ်နေတာ။ နောက်ပိုင်းမှာ မအိမ်လေး နဲ့ရင်းနှီးတယ်ဗျ သူက ဘလောခ်စပေါ့ မှာလုပ်ပါလားဆိုပြီးကျွန်တော့်ကိုဘလောခ်လုပ်ပေးတယ်ဗျ။ ကျွန်တော်က မလုပ်ချင်သေးဘူး page.tl လေးကိုသံယောဇဉ်ကမပြတ်ဖူး။ အဲဒီဆိုဒ်လေးလုပ်နေရင်းနဲ့ အိမ်မက်မည်းကြီး ကိုဦးက ညီတို့ဆိုဒ်မှာ မြန်မာလို ကောမန့်ပေးလို့မရဘူးတဲ့။ အဲဒါနဲ့ကျွန်တော်ရယ် ကိုလင်းထက် ကြီးရယ် ရွာလည်နေသေးတယ်ဗျ (ကိုကြီးလင်းထက်ရဲ့အရင်ဆိုဒ်လေး)။ အဲဒါနဲ့မထူးပါဘူးဆိုပြီး သူရယ်ကျွန်တော်ရယ် ဘလောခ်စပေါ့လေးလုပ်ဖြစ်သွားတာပါ။ ဪ မေ့လို့ ကိုသားဖြိုး (ကဗျာလွယ်အိပ်) လဲပါတယ်ဗျ သူလဲကျွန်တော့်ကိုအများကြီးကူညီခဲ့တယ်။ ကျွန်တော်ဆရာတွေပေါ့ဗျာ။ ကျွန်တော့်ဆရာတွေထဲမှာ ကိုမျိုး လဲပါသဗျ။ သူကတော့ ကျွန်တော်ကိုစကားတွေနဲ့ဆုံးမတာပေါ့ဗျာ။
ပထမဦးဆုံးရောက်ဖူးသည့်ဘလောခ်
ကျွန်တော်ပထမဦးဆုံးရောက်ဖူးတာ မနိုင်းနိုင်းစနေ ဘလောခ်ဗျ။ သူ့ဘလောခ်လေးကိုစစဖတ်တုန်းကအရမ်းကြိုက်ခဲ့တာ အခုထိလဲကြိုက်တုန်းပဲ မနိုင်းနိုင်းစနေ က စာအရေးအသားအရမ်းကောင်းတဲ့ဘလောခ်ဂါတစ်ယောက်ပါ။
ပထမဦးဆုံးစရေးဖူးတဲ့ဖိုရမ်
ကျွန်တော်ဖိုရမ်တွေတော်တော်များများရောက်ဖူးတယ်ဗျ။ အကောင့်သာလုပ်ထားတာတစ်ခါမှဝင်မရေးဖူးဘူး။ တစ်နေ့ ကျွန်တော် google မှာ မြန်မာ ဆိုပြီးရိုက်ထည့်ရှာလိုက်တာလားမသိဘူး ဖိုရမ်တစ်ခုတွေ့တယ်ဗျ။ အဲဒီဖိုရမ်ထဲဝင်ဖတ်ပြီးတော်တော်သဘောကျသွားတယ်။ နည်းပညာတွေကြီးပဲရေးတဲ့ဖိုရမ်ဆိုတော့ အဲဒါနဲ့အကောင့်လုပ် မိတ်ဆက်မှာဝင်ရေးပြီးအဲဒီမှာလဲ သူငယ်ချင်းတွေတော်တော်များများရသွားပါတယ်။ အခုဆိုရင်ကျွန်တော်က အဲဒီဖိုရမ်မှာ project moderator ဖြစ်နေပြီဗျ( ကြွားတာမဟုတ်ပါ…တကယ်တော့ကြွားတာ :P )။ ကျွန်တော်ပထမဆုံးဝင်ရေးဖူးတဲ့ဖိုရမ်နာမည်က
MYSTERYZILLION ပါ။ MYSTERYZILLION ဟာအခုဆိုရင်ဖြစ် အွန်လိုင်းမှာ နည်းပညာနဲ့ပတ်သက်ပြီး စာသင်ကျောင်းဖွင့်လှစ်ထားပါတယ်။ ဆိုဒ်စတင်တာမကြာသေးတဲ့အတွက်သင်ခန်းစာတွေစုံသင့်သလောက်တော့မစုံသေးပါဘူး။ အဲဒီဆိုဒ်နာမည်ကတော့ http://edu.mysteryzillion.org ပါ။ MYSTERYZILLION နောက်တစ်ခုပေးထားတာကတော့ http://mzblog.net ပါ။ အဲဒီမှာအကောင့်တစ်ခုဆောက်ပြီးအလွယ်တကူဘလောခ်ရေးနိုင်ပါတယ်။ Wordpress နဲ့ပေးထားတာပါ။
ပထမဆုံး tag ခံရခြင်း
ကျွန်တော်ဘလောခ်ရေးတဲ့သက်တမ်းတစ်လျှောက်မှာကျွန်တော်ကိုပထမဦးဆုံး tag တာကတော့ ကင်ကင်ဆိုတဲ့ ကလေးလေးဗျ။
တော်ပြီဗျာဘာဆက်ရေးရမှန်းလဲမသိတော့ဘူး။ စာလဲတော်တော်ရှည်သွားပြီ ဖတ်ရတဲ့သူလဲတော်တော်ကိုပျင်းသွားပြီထင်တယ်။ စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။
ကဲတဂ်ကြတယ်ဆိုတော့ ကျွန်တော်လဲဘယ်သူ့ကိုတဂ်ရမလဲစဉ်းစားလိုက်တော့တွေ့ပြီဗျာ ညမီးအိမ်ကိုတဂ်လိုက်ပါတယ်။ ကဲညမီးအိမ်ရေ ရေးပေးတော့… :D
ဘယ်သူမှအတဂ်မခံရဘူးဆိုပြီးပျော်မနေကြနဲ့ဗျို့။ ကဲတကယ်တဂ်ပြီ ရေးကြတော့…
ကိုထွက်ပေါက်ကြီး(exiter)
ဂျစ်ပစီ(ပြည့်စုံ)
ကင် ဆိုတဲ့ ကလေးလေး
ကျွန်တော်တဂ်မယ့်လူစာရင်း ၂ယောက်ထပ်တိုးလိုက်ပါတယ်။
ကိုဒီဘီအေကြီး
ကိုတွီတီ
ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com
9 comments:
လင်းထက် said...
အံ့မခန်း ထူးဆန်း တဲ့ ပထမ ဆုံးတွေ ပါဘဲညီရေ ကိုယ်တို့ ဆုံတွေ့ခန်းလေး ကတော့ လွမ်းစရာ ပါပဲ ကိုယ့်ဆိုဒ် အဟောင်းလေး ကို ညွှန်းထားပေးတဲ့ အတွက်လဲ ကျေးဇူးပါ ...။
megumi said...
ရေးထားတာလည်း ဖတ်လို့ကောင်းတယ်။
(၁၉၈၆ခုနှစ် ဒီဇင်ဘာလ ၂ရက် မနက် ၄နာရီ)ဆိုတော့ ငယ်သေးတာပဲနော်။ :P ကိုယ့်ချစ်တာထက် ပိုချစ်၊ ပိုကောင်းတဲ့ ကောင်မလေးနဲ့ ဆုံဆည်းနိုင်ပါစေ။ :D
Anonymous said...
ဒီခလေး အဖေကိုဆဲတယ်တဲ့ တော်တော်ဆိုးတာပဲ အေးလေ သိမှမသိတာကိုနော့်း) ဂျီတီစီတက်လိုက်သေးတာလား ပထမနှစ်အောင်သေးဘူးပေါ့ အစ်ကို့ ကိုမေးဘာမှမတက်ဖူးပြောမလို့  ဟိဟိ ကန်တော်ကြီးမှာ အနမ်းပေးတာကိုးး ချိုလား ငမ်လား ညီ အရသာဘီလိုလဲ အစ်ကိုလည်း မြည်းကြည့်ချင်လို့  :D
ညမီးအိမျ said...
ကိုကြီးလင်းထက်ရေ ကျွန်တော်တို့အရေဆိုဒ်အဟောင်းလေးကိုလဲလွမ်းပါရဲ့။ အဲဒီဆိုဒ်လေးကိုလူတွေအခုထိလာတုန်းဗျ သိလား
မီဂုမိလေးရေကျေးဇူးပါဗျာ။ အစ်မပေးတဲ့ဆုနဲ့ပြည့်ချင်လိုက်တာ။
ကိုမျိုးရေ ချိုသလား ငန်သလားတော့မသိဘူး။ အရှိန်တတ်နေတာဆိုတော့လေ။ ဟီးဟီး :P အစ်ကိုမြည်းကြည့်ချင်ရင်ကျွန်တော်တို့နားက အေးချမ်းမေ ဆိုတာရှိတယ်ဗျ။ ဒါပေမယ့် ရူးနေတာနော်။ စမ်းချင်ရင် ရန်ကုန်လာရင် ကျွန်တော်ဆီဝင်ခဲ့လေ။ :P
Black Dream said...
ချောကလက်စားဦးမလား ညီလေး...။ ဒါမှမဟုတ် Lolly Pop စုပ်မလား :P
မော်ဒရိတ်တာကြီးအား လေးစားလျှက်...
BLACK DREAM
kiim said...
အရေးအသားတော်တော်ကောင်းတယ်...
ဖတ်လို့ အရမ်းကောင်းတယ်ညမီးအိမ်ရေ...
ယုံချင်ဘူးကွယ်...ဒါပေမယ့်ညမီးအိမ်မို့ ယုံလိုက်ပြီ
နော်..ဟီဟိ.. :P:P:P
ညမီးအိမျ said...
ကိုကြီးမည်းရေ ချောကလက်ဆိုမှ ပြန်လာရင်ချောကလက်ဝယ်လာခဲ့ဦး
ယုံလိုက်ပါ ကလေးလေးရယ် ဂဲပြေတာပါ။ မလိမ်တတ်ပါဘူးကွယ်။
Apprenticeship said...
ချောကလက်တော့မကျွေးတော့ဘူးနော် :D :P
ဇင်ယော် said...
နိုင်ငံတကာ အချိန်များ