ကျွန်တော့်ဘဝမှာ ပထမဆုံး ဆိုဖူးတဲ့သီချင်းလေးပါ။ ပထမဦးဆုံးဆိုဖူးတယ်ဆိုပေမယ့် ပထမဦးဆုံးအသံသွင်းထားတာကိုတင်ထားတာမဟုတ်ပါဘူး။ အထပ်ထပ်ပြန်ဆိုပြီးအသံပြန်သွင်းထားတာပါ။ ဒါတောင်အချောမပြီးသေးဘူးဗျ။ ဘယ်တော့မှထွက်လာတော့မှာမဟုတ်တဲ့ဒီသီချင်းလေးကို အခု အမှတ်တရအနေနဲ့တင်လိုက်ရတာပါ။ ဘယ်တော့မှထွက်မလာဘူးဆိုပေမယ့် ကျွန်တော်သူငယ်ချင်းစိတ်ပါလို့ထပ်လုပ်ဖြစ်ရင်တော့မပြောတတ်ဘူးပေါ့။ ကျွန်တော်ကတော့သီချင်းထပ်မဆိုတော့ပါဘူး။ ကျွန်တော်တို့ရဲ့ သီချင်းလေးကိုအားပေးကြပါဦးနော်။ အမှတ်တရ ကောမန့်မှာလဲဝေဖန်ပေးခဲ့ပါဦး(မကောင်းရင်မကောင်းဘူးပြောခဲ့လို့ရပါတယ်၊ ဒါပေမယ့် မြင်မကောင်းတဲ့ စာသားမျိုးပါလာမယ်ဆို ဖျက်ပစ်ရပါလိမ့်မယ်၊ မြင်မကောင်းတဲ့စာသားဆိုတာ ဆဲရေးတိုင်ထွာတာကိုဆိုလိုခြင်းဖြစ်ပါတယ်။) ။
သီချင်းလေးနားထောင်မယ်ဆိုခဏစောင့်ဗျ နည်းနည်းကြာတယ်။
မိုးပြာရောင်ပျံသန်းမှု့ by nyameeeain
ဒီ Music ကိုဖန်တီးထားပေးတာက Dream က ကိုကြီးကျော်ပါ ၅၁လမ်းကပါ။
Lyric က One Way က Bro-G ရေးပေးထားတာပါ။
သီဆိုထားတာကတော့ Chrous ကကျွန်တော်ပေါ့ဗျာ။ rap စာသားအေးအေးလေးတွေဆိုတာကတော့ ကျွန်တော်သူငယ်ချင်းဇာနည်ပါ။ Bro-G ဆိုထားတဲ့အပိုဒ်မပါဘူးဗျ။ သူ့ Vocal ဖိုင်ကျွန်တော့်မှာမရှိလို့မပါလာတာပါ။
အဲပြောစရာမေ့ကျန်ခဲ့လို့ ဒီသီချင်းလေးကို String Studio မှာ အသံသွင်းထားတာပါ။
ဒေါင်းလုပ် links ==> မိုးပြာရောင်ပျံသန်းမှု့
သီချင်းလေးနားထောင်မယ်ဆိုခဏစောင့်ဗျ နည်းနည်းကြာတယ်။
မိုးပြာရောင်ပျံသန်းမှု့ by nyameeeain
ဒီ Music ကိုဖန်တီးထားပေးတာက Dream က ကိုကြီးကျော်ပါ ၅၁လမ်းကပါ။
Lyric က One Way က Bro-G ရေးပေးထားတာပါ။
သီဆိုထားတာကတော့ Chrous ကကျွန်တော်ပေါ့ဗျာ။ rap စာသားအေးအေးလေးတွေဆိုတာကတော့ ကျွန်တော်သူငယ်ချင်းဇာနည်ပါ။ Bro-G ဆိုထားတဲ့အပိုဒ်မပါဘူးဗျ။ သူ့ Vocal ဖိုင်ကျွန်တော့်မှာမရှိလို့မပါလာတာပါ။
အဲပြောစရာမေ့ကျန်ခဲ့လို့ ဒီသီချင်းလေးကို String Studio မှာ အသံသွင်းထားတာပါ။
ဒေါင်းလုပ် links ==> မိုးပြာရောင်ပျံသန်းမှု့
| ညမီးအိမ် nyameeeain21286[at]gmail[dot]com http://www.nyameeeain.blogspot.com |


11 comments:
အလဲ့ မိုက္တယ္ဗ်..
ဟာ ထင်တောင် မထင်ရဘူး အရမ်းကောင်းတာပဲ
ဟုတ်တယ် ညီရေ့ ကိုလင်းထက်ပြောသလိုရေလည်မိုက်တယ် ထင်တောင်မထင်ရဘူးး ကောင်းမှကောင်း ညီအသံကဆွေးဓာတ်ပါနေတယ်း)
သီချင်းလေးနားထောင်သွားတယ်...
ကောင်းပါတယ်...ဝေဖန်မယ်နော်..
အသံနဲနဲအားမပါဘူးဖြစ်နေတယ်..ပျော့နေတာပေါ့လေ..နဲနဲပါ...ကျန်တာကောင်းပါတယ်...ဆက်ကြိုးစား...
အောင်မြင်နိုင်တယ်.. :P :D
ဒီကလေးလေးနော် ဆက်မဆိုတော့ပါဘူးဆို ဆက်ကြိုးစားတဲ့။ ဆိုချင်တော့ပါဘူးဆို။
ကောင်းတယ်ဟ။ မိုက်တယ်။ "မင်းသိမ်းပိုက်နိုင်ပါတယ်။ ငါ့ရဲ့ဘဝတွေ ဒီဆွေးတဲ့နေ့တွေအကုန်လုံး။ "
အဲဒီစာသားအရမ်းကြိုက်တယ်။ Ipod ထဲ ထည့်မလို့ Download လုပ်လို့မရလို့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းထားတယ်။ ရတယ်ဟုတ်။ :P :P
အဆိုတော်ကြီးရေ။
ဆက်ဆိုပါလား။
အသံကောင်းတယ်။အားပေးမယ်လေ။ :) :)
ဘာလို့ မဆိုတော့လာလဲဗျ... ဆိုပါ... အားပေး နေပါ့မယ်... သီးချင်းလေး ကြိုက်လို့ Imeem ကနေ ဒေါင်းလော့ခ် လုပ်ပြီး MP4 ထဲကို ထည့်လိုက်ပြီ...
ရတယ်မဟုတ်... မရလဲ လုပ်ပြီးပြီ...
ရပါ့ဗျာ ကိုကျော်နိုင်စိုးရေ အခုလိုသီချင်းလေးတွေကို အားပေးကျလို့ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့်သီချင်းတော့ပြန်မဆိုချင်တော့ဘူးဗျ။
ဒီလိုတွေလဲရတာပဲနော်... ဆက်ဆိုလေး အဆိုတော်ဖြစ်ရင်တော့ မမေ့နဲ့နော်.. :P :D :)
ကိုညလေးရဲ့အသံအောက်မှာ ကျနော်ကြွေသွားပြီဗျာ။ ကျနော့ အမေကတောင် ဘယ်အဆိုတော်ရဲ့ သီချင်းလဲတဲ့။ ကျနော် Nobel ဆုယူတဲ့ပွဲကြရင် ကို ညလေးကိုတက်ဆိုခိုင်းရမယ်။ ဆိုပေးမယ် မဟုတ်လားကိုညလေး။
ူur song is good.i like.
Post a Comment