Saturday, October 11, 2008

စာအုပ် ရောင်းပန်းစားနည်း

စာအုပ် ရောင်းပန်းစားနည်း

စတိုးဆိုင် တစ်ဆိုင်၏ အပေါက်ဝ မှန်ပြတင်းတွင်အရောင်း ကိုယ်စားလှယ် အလိုရှိသည် ဟူသော ကြော်ငြာ တစ်ခုကပ်ထားသည်။ ထိုကြော်ငြာကို ဖတ်မိသော လမ်းသွား လမ်းလာတစ်ဦး ဆိုင်ထဲသို့ ဝင်လာသည်။

‘ဘာအလိုရှိပါသလဲခင်ဗျာ’ ဟုဆိုင်ရှင်က မေးသည်။

‘ကျွန် ကျွန် ကျွန်တော် … အ အ အလုပ် … လျှောက် လျှောက် လျှောက်ချင်လို့ လို့ ပါ ခင် ခင် ခင်ဗျာ’ ဟု ဝင်လာသူက ထစ်ထစ် ငေါ့ငေါ့နှင့် ဖြေသည်။

‘ဟာ ဒီအလုပ်နှင့် ခင်ဗျားနှင့် သင့်တော်လိမ့်မယ် မထင်ဘူး၊ ခင်ဗျားက စကားတောင် ဖြောင့်ဖြောင့်တန်းတန်းမှ မပြောတတ်တာ’

‘ကျွန် ကျွန် ကျွန်တော့်မှာ မိန်း မိန်း မိန်းမ တစ်တစ် ယောက်နှင့် က က ကလေး ခြောက် ခြောက် … ရှိ ရှိပါတယ်၊ အ အ အလုပ် တစ် တစ် တစ်ခု အ အ အရမ်း … လို လို လိုအပ် နေ နေ နေပါတယ်’ ဟုတ် အသနားခံပြောသည်။

အလုပ်ရှင်က သနားသွားပြီး အခွင့်အရေး တစ်ခု ပေးသည်။

‘အိုကေ ကောင်းပြီ၊ ဒီမှာ ခရစ်ယာန် သမ္မာကျမ်း စာအုပ် သုံးအုပ်၊ အဲဒါတွေကို ယူသွားပြီး ရောင်းပြစမ်းပါ’

စကားထစ်သူက သမ္မာကျမ်း စာအုပ် သုံးအုပ်ကို ပိုက်ထွက်သွားသည်။ မကြာပါ။ တစ်နာရီ အတွင်း ပြန်ရောက်လာသည်။

‘ဒီမှာ စာ စာအုပ် သုံး သုံးအုပ် ရောင်း ရောင်း ရောင်း ရငွေ ငွေပါ ခင် ခင် ခင်ဗျာ’ ဟု ငွေပြန်အပ်သည်။

ဆိုင်ရှင် အထင်ကြီး လေးစားသွားသည်။ နောက်ထပ် သမ္မာကျမ်း စာအုပ် တစ်ဒါဇင် ထုတ်ပေးပြီး အရောင်း လွှတ်လိုက်ပြန်သည်။ ထိုလူ နှစ်နာရီ အတွင်း ပြန်ရောက်လာသည်။

‘ဒီ ဒီ ဒီမှာ စာ စာ စာအုပ် အား အား အားလုံး ရောင်း ရောင်းရငွေ ငွေပါ ခင် ခင် ခင်ဗျာ’ ဟု ကျသင့်ငွေ အားလုံး ပြန်အပ်သည်။

‘ဟိုက် တော်လိုက်တဲ့ ငါ့လူ၊ တခြား အရောင်း ကိုယ်စားလှယ်တွေ တစ်ပတ် အတွင်း ရောင်းရတဲ့ စာအုပ် ပမာဏထပ်တောင် ခင်ဗျားက သုံးနာရီ အတွင်းမှာ ပိုရောင်းရနေပါလား ၊ အဲ မသိလို့ မေးပါရစေ ၊ ခင်ဗျား ဘယ်လိုနည်းနဲ့ ဘယ်လို ပြောပြီး အိမ်တိုင်ရာရောက် လိုက်ရောင်းချသလဲ’

မယုံနိုင်အောင် အံ့သြနေသော ဆိုင်ရှင်ကအမေး ၊ ထစ်ငေါ့သူက ထစ်ထစ်ငေါ့ငေါ့ ဖြေသည်။

‘လူ လူ လူခေါ် ခေါင်း ခေါင်း ခေါင်းလောင်းကို နှိပ် နှိပ် နှိပ်လိုက်ပါတယ် ၊ ထွက် ထွက် ထွက်ကြည့်သူ သူကို ခေါ် ခေါ်ပြီး သမ် သမ် သမ်မာ ကျမ်း ကျမ်းစာ စာအုပ် ဝယ်မလား ၊ ဒါ ဒါမှ မ မ မဟုတ် ကျွန် ကျွန် ကျွန်တော် ကိုယ် ကိုယ်တိုင် ဖတ် ဖတ် ဖတ်ပြ ရ ရ ရမလားလို့ပဲ မေး မေး မေးလိုက်ပါတယ်’ ဟူသတတ်။

ဒီဟာသလေးကို အောက်တိုဘာလထုတ် အပျိုစင် မဂ္ဂဇင်း မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

5 comments:

Anonymous said...

ကျွန်တော်သာဆို လူကြီးတွေမရှိဘူးပြောလိုက်တယ်။ ဟီးးးး အဲလိုပဲလုပ်နေကြလေ... ဟီးးးးးးးးးးးး

လငျးထကျ said...

ဟား ဟား အပျိုစင် တွေ ချည်းလျှောက်ဖတ်မနေနဲ့နော် စာအုပ်ပြော ပါတယ်...။

ညမီးအိမျ said...

ဖတ်ပါဘူး ကိုကြီးလင်းထက်ရဲ့ ဆိုင်မှာ သူများယူလာလို့ ဖတ်ရင်းနဲ့တွေ့ပြီး သဘောကျလို့တင်လိုက်တာပါ။

Anonymous said...

ခစ်ခစ်... ရယ်ရလို့ ရယ်လိုက်တာ.. အပျိုစင် ဆိုတော့ ကျွန်တော် ဖတ်လို့မရလို့.. အခုလို့ ရေးတင်ပေးတာ ကျေးဇူး.....

ရွှန်းမီ said...

:-) ဖတ်ပြချင်လို့လား?
လာရောက်လည်ပတ်ရင်း ရယ်ပြုံးသွားပါတယ်။

နိုင်ငံတကာ အချိန်များ