Friday, April 4, 2008

အဖေ

ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

အဖေ


ကျွန်တော်

၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်။

၅နှစ်… ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။

၆နှစ်… ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈နှစ်… တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။

၁၀နှစ်… အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။

၁၂နှစ်… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။

၁၄နှစ်… အဖေတော့ ထည့်ပြောမနေနဲ့ ၊ သူက ရှေးရိုးသမားကြီး။

၂၁နှစ်… အဘိုးကြီးလား…ထားပါ ၊ အောက်နေပြီ ၊ လုံးဝအောက်နေပြီ။

၂၅နှစ်… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ် ၊ မသိလို့လည်း မဖြစ်ဘူးလေ ၊ လူကြီးပဲဟာ။

၃၀နှစ်… အဖေကိုနည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ် ၊ ဘာပဲပြောပြော သူက အတွေ့အကြုံ အများကြီး ရှိတယ်။

၃၅နှစ်… အဖေနဲ့တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက်ငါတစ်ခုခုလုပ်နိုင်မယ်။

၄၀နှစ်… အဖေသာဆိုရင် ဒီကိစ္စ ဘယ်လို ဖြေရှင်းမလဲ မသိဘူး ၊ အဖေက အတွေ့အကြုံ စုံတယ် ၊ အမြော်အမြင်လည်း ရှိတယ်။

၅၀နှစ်… ဒီကိစ္စအခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆိုငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။

[မူရင်း။ ။ Ann LandersMy Father When I Was…]

7 comments:

လင်းထက် said...

မှန်တယ် ထိတယ်ညီရာ နှလုံးသား တည့်တည့် ကို ဒါပေမယ့် ကိုယ် ၃၂ နှစ်မှာ ပဲ ညီ့ရဲ့နောက်ဆုံးစာပိုဒ် ထဲကနောင်တ မျိုး ကိုယ်ခံစား ခဲ့ရတယ်..။
ဒီကိစ္စအခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆိုငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။

မြန်မာပြည်ကိုလွမ်းတယ် said...

ဖတ်လိုက်တိုင်းမှာ အဖေ့ကိုသတိရရ
သွားမိတယ်။သတိရလိုက်မိတိုင်းရင်
ထဲမှာအားတစ်ခုစီးဆင်းသွားရတယ်။

emayarKhin said...

လူတယောက်ရဲ့
တန်ဖိုးကို အဲဒီလူတယောက်
မရှိတော့မှာသာ တမ်းတတတ်
ကြတယ်နော်...........
ဒါကိုလူ့သဘာဝလို့ခေါ်ကြတယ်
ထင်ပါ့......။

Anonymous said...

ညီလေးရေ့ မှတ်သားလောက်တဲ့ ပို့ စ်လေးပဲ မျှဝေတာတွေအတွက် အမြဲကျေးဇူးတင်ပါတယ်ကွာ ။း)

Unknown said...

ညီလေးရေ...ဒီပို့စ်လေးကို တင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်..ဒီပို့စ်လေးဟာ ဖေမြင့်ကို ကိုယ်စဖတ်ခဲ့ကတည်းက အခုထိစွဲလန်းခဲ့ရတဲ့ စာလေးပါ..။ အခုရဲ့တောင်းဆိုချက်ကို အခုလိုဖြည့်ဆည်းပေးတဲ့အတွက် ညီ့ရဲ့လိုအပ်ချက်တွေ လည်းအမြန်ဆုံး ပြည့်စုံနိုင်ပါစေကွာ ....။

မွန်း said...

အဖေဆိုတဲ့ပို့စ်လေးကို အရမ်းကြိုက်ပါတယ်။ forward mail တွေကလည်း ခဏခဏ ဖတ်မိပါတယ်။ နောက်ကို အဖေနဲ့ဆိုင်တာလေးတွေ မကြာမကြာတင်ပေးပါလို့။ မွန်းကိုခွဲသွားတာ ၇နှစ်ပြည့်တော့မယ့် မွန်းအဖေကို မွန်းအရမ်းသတိရတယ်။ အဖနဲ့ဆိုင်တဲ့ ပို့စ်လေးတွေ များများတင်ပေးပါ။

Unknown said...

အဖေဆိုတဲ့ပို့စ်လေးကို အရမ်းကြိုက်ပါတယ်။

နိုင်ငံတကာ အချိန်များ