Wednesday, April 9, 2008

သားမိုက် ဘ၀မှရုန်းထွက်ခြင်း

ဤပိုစ်လေးကိုခဏဖျက်ထားပါသည်။

22 comments:

လင်းထက် said...

ကျောင်းအပ်ဖို့ လည်းကျန်သေးတယ်လေ မမေ့နဲ့ အုံး... သားမိုက်လေးရေ အခုတော့ ရေးထားတဲ့ အတိုင်းလုပ်ရင်တော့သားလိမ္မာလေးဖြစ်ပြီပေါ့

Anonymous said...

ကောင်းတယ်ညီ...အစ်ကိုလည်းကြိုဆိုတယ်..အမှားသိလို့အမှန်ပြင်ခဲ့ပြီးပြီပဲ..အရှေ့မှာလမ်းတွေ အများကြီးဆက်လျောက်ရအုံးမှာ... ဘ၀မှာလုပ်စရာတွေ အများကြီးကျန်သေးတယ်..အခုလို အရေးမပါတာတွေကို....အရာမပေးတာ အကောင်းဆုံးပဲ... မိဘအပေါ်သိတတ်တဲ့သားသမီးဟာ ဘယ်တော့မှ မျက်နှာမငယ် စိတ်မဆင်းရဲရပါဘူးညီလေး..။ ဂုဏ်ယူပါတယ် :)

မီးငယ် said...

မင်္ဂလာ အပါးတရားပါပဲနော်...
အဟိ

Anonymous said...

အကောင်းဆုံးတွေထဲက အကောင်းဆုံးလုပ်ရပ်ကို လုပ်ဖို့..
ရွေးချယ်လိုက်တဲ့ ခင်ဗျားအတွက် ဂုဏ်ပါတယ်ဗျာ...
ဘယ်အရာမှနောက်မကျခဲ့ပါဘူး..
ဖြစ်ခဲ့တာတွေဖြစ်ခဲ့တယ်... မှားခဲ့တဲ့လုပ်ရပ်တွေလည်းရှိတတ်တာသဘာဝပါ..
မှားခဲ့တာတွေအတွက်ဘယ်သူကိုမှ အပြစ်တင်လို့မရပါဘူး..
ဒီအရာတွေကို ဖြတ်သန်းခဲ့ပြီးဖြစ်တဲ့ သူတို့(မိဘ)တွေကလည်း..
နားလည်ကြမှာပါ...
ရှေ့ကိုသာဆက်လျှောက်ဗျာ...
ကောင်းခြင်းတွေက စောင့်ကြိုနေမှာပါ...

ခင်မင်စွာဖြင့်
မုတ်သုန်

ဆိုးသွမ်း said...

အင်း...ဖြစ်ရလေကွာ။ ကိုယ့်အပေါ် နားလည်ပေးနိင်တဲ့ ၊ ကိုယ့်အပေါ် လမ်းပြပေးနိင်တဲ့ ၊ နှစ်ဦးနှစ်ဖက် မျှမျှတတ တွေးနိင်တဲ့ ချစ်သူမျိုးကို ရှာသင့်တယ်လို့ အကြံပေးချင်ပါတယ်။ လှတိုင်း ၊ ချမ်းသာတိုင်း ဘယ်တော့မှ မမက်လေနဲ့ညီ။ ဒါသင်ခန်းစာပဲ။
အမှားသိရင် အမှန်ပြင်ရတယ်။ အမှန်တကယ် ပြင်နိင်ဖို့ပဲ အရေးကြီးတယ် မဟုတ်လား။

emayarKhin said...

ကိုယ်တိုင်ရေးပို့စ်ဆိုတော့
ပိုကောင်းတာပေါ့...........
တကယ့်ခံစားချက်အစစ်ကြီးတွေနော်..........
တခါတရံတော့လူတွေဟာအချစ်ကျိန်စာ
သင့်တတ်ကြပါတယ်.........ဒါပေမယ့်.....
အမြဲတမ်းတော့မဟုတ်ပါဘူး.............
ကိုယ်ခံယူထားတဲ့အပေါ်မှာဘဲမူတည်တယ်......

မြန်မာပြည်ကိုလွမ်းတယ် said...

သယ်ရင်းရေ..မှားတတ်ကြပါတယ်။ငယ်ငယ်
ဆယ်ကျော်သက်အရွယ်တုံးက အတွေးအခေါ်
တွေနဲ.ကိုယ်မှန်တယ်ထင်လို.လုပ်ခဲ့တာတွေ
ရှိပါတယ်။နည်းနည်းရင့်ကျက်လာတော့..ကိုယ်
လုပ်ခဲ့တာတွေဟာ မှန်မှမှန်ရဲ့လားလို.စဉ်းစား
မိပါရဲ့။ရင်ထဲကခံစားချက်လေးကို လေးစားတယ်သယ်ရင်းရေ။ညမီးအိမ်လေး
ဒီ့ထက်ပိုလင်းလက်တောက်ပနိုင်ပါစေလို.
ဆုတောင်းပေးလိုက်ပါတယ်။

မင်းကျန်စစ်။ said...

နောင်တရတယ်ဆိုကတည်းက နောက်မကျတော့ဘူးဗျ။
နောင်မမရသေးတဲ့ သူတွေသာ ပိုဆိုးမှာ။
အချိန်မှီလေး ပြင်ဆင်သွားဗျာ။
ဝမ်းသာစရာ မင်္ဂလာသတင်းပါပဲ။

Unknown said...

ဟေး......ညမီးအိမ်......တယောက်.....
အာရုဏ်ဦး အလင်းရောင် မြင်သွားပြီကွ.......
Bravo! Congratulation!

Anonymous said...

လူတိုင်း အချစ်ကြောင့်တော့ တစ်ခဏ မိုက်မိကြတာပဲ ညီရာ မင်းလည်း အခုအမှားကို သိလို့  အမှန်ပြင်နိုင်ပြီဆိုတော့ ၀မ်းသာစရာပေါ့ ။ အချစ်က မချစ်သင့်တာကို ချစ်မိရင်တော့ ခံရဖို့ များတယ်လေ ဒါပေမယ့် ချစ်မိတာ အပြစ်တစ်ခုမှမဟူုတ်တာ ချစ်လိုက်တဲ့ အတွက် ကျေနပ်လိုက်း) ။ ချစ်သင့်သူ ကိုယ့်ကို ချစ်သော သူနှင့် ဆုံတွေ့ နိုင်ပါစေဗျာ။ သားမိုက်မဟုတ်တော့ဘူး သားလိမ္မာလေးဖြစ်သွားပြီးးးးးးးးး။

ဒဏ္ဍာရီည said...

မောင်လေး ညမီးအိမ်

မမှားသော ရှေ့နေ မသေသော ဆေးသမား ဆိုတာ မရှိဘူး မောင်လေး။ လူတိုင်း အမှားကျူးလွန်ဘူး ကြတာပါဘဲ။ ငါ့မောင်လေးး အရမ်းတော်ပါတယ် ဘာကြောင့်လဲဆိုတော့ စွန့်လွှတ်သင့်သူကို အမြန်ဆုံး စွန့်လွှတ်နိုင်ခဲ့လို့ဘဲ။ ဘဝမှာ မောင်လေး ရွေးချယ်စရာတွေ အများကြီးတွေ့လာမှာပါ။ မင်းငိုကြွေးခဲ့ဘူးတဲ့ အရာတချို့ ဟာ မင်းအမြင့်ဆုံးကိုရောက်တဲ့အချိန်မှာ ရယ်စရာဖြစ်နေလိမ့်မယ်ဆိုတာ မမေ့ပါနဲ့။ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတဲ့အတိုင်း ဒီအချိန်မှာ မောင်လေး... မင်း ကိုယ့်ကို ကိုယ်သာ ကိုးကွယ်လိုက်စမ်းပါ။ အမြဲအားပေးနေတယ်နော် ဆက်ကြိုးစားပါ။

Anonymous said...

နောက်မကျသေးပါဘူးအမမောင်လေးရာ...း)
ဒီလိုပါပဲကွာ မဖြစ်သင့်တာ ကို ဆက်မဖြစ်ရအောင်ကြိုးစားလိုက်ရင် အကောင်းဆုံးပေါ့နော်...အဆင်ပြေပါစေအမမောင်လေးရေ..း)

Anonymous said...

အချစ်မှာ မျက်စိမရှိတဲ့။ ဒါကြောင့်လည်း ချစ်ခြင်းအစ မျက်စိက ဖြစ်သွားတာပေါ့။

Pinkgold said...

သြော် သူငယ်လေး အမြင်မှန် ရသွားရှာတာကို..

Anonymous said...

ညီလေးရယ်..အမှန်သိလို့ ပြင်နိုင်ရင်လူကောင်းပဲလေကွာ..အမှားသိရင်
အမှန်ပြင်ပေါ့ကွာ...

နိုင်းနိုင်းစနေ said...

အချစ်ကြောင့် လူတိုင်းမှားခဲ့ဖူးပါတယ်
အမှားကိုမြင်ပြီး အမှန်ပြင်တတ်တာ အမြတ်ပေါ့
အမှားထဲကနေ သင်္ခန်းစာရလိုက်တာကိုပဲ
အချစ်ကိုကျေးဇူးတင်နေရမှာပါ

Anonymous said...

မှားဖူးတာလဲကောင်းတာပါဘဲ......
မှားတဲ့အရသာကိုသိတာပေါ့...........
ပြီးတော့လဲမှားတယ်ဆိုတာသိရင်ဘယ်လိုအချိန်
ပဲမဆိုအမှန်ဆိုတာကိုရောက်ဖို့ပိုလွယ်သွားတယ်.....
ဟုတ်မယ်ထင်တယ်နော်......
ဟုတ်တယ်မလား......
ဟုတ်မှာပါ........

Anonymous said...

Hi!Actually i want write in burmese but i cannot write yet..I give you respect Little Lamp..Keep obeying to your parents that will give you million of blessings.....

မေမိုးမခ said...

အမှားဆိုတာ တစ်ခုမဟုတ်တစ်ခု တော့ရှိစမြဲပါဘဲ
ပျက်အစဉ် ပြင်ခဏတဲ့ ကိုယ့်အမှားကို သိပြီ ပြန်ပြင်လိုက်တာဟာ မင်္ဂလာရှိတဲ့ စကားပါဘဲ လူတွေအားလုံးက အမှားတွေနဲ့ မလွတ်ပါဘူး

မေမိုးမခ said...

အမှားနဲ့ ဘ၀က ဒွန်းတွဲနေတယ်လေ။

Anonymous said...

အတ္တတွေကို ချေမှုန်းနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်... လူဆိုတာ အမှားနဲ့ ဘယ်သူမှ မကင်းဘူး... ဒါပေမယ့် အမှားကို အမှားမှန်းသိဖို့ ခဲယဉ်းတယ်... မလောင်ခင်တားနိုင်တဲ့ ကိုရာဇာ့ကို ချီးကျီးပါတယ်ဗျာ...

Tea said...

"အချစ်ကမှားတယ်လို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါ။ ကျွန်တော်ဘ၀မှာ မချစ်သင့်သူကို ချစ်မိပြီးမှားခဲ့လို့ပါ။"

ကျွန်တော်လည်း တစ်ခါတုန်းက မချစ်သင့်သူကို ချစ်ခဲ့ဖူးတယ်
:(

နိုင်ငံတကာ အချိန်များ