ကျွန်တော် ညမီးအိမ် ဘလောခ်ကို ခဏနားကြောင်းပြောချင်ပါတယ်။ ကျွန်တော်တခုတော့ပြောခဲ့ချင်တယ်ဗျာ။ ကျွန်တော့်စီဗောက်စ်မှာ lility ဆိုတဲ့ လူတစ်ယောက်ရေးသွားတယ်။ ဘာလဲဆိုတော့ ကျွန်တော်မုန်တိုင်းပုံမတင်လို့ အစိုးရလက်ကိုင်ဒုတ်ထင်တယ်တဲ့။ ကျွန်တော်ပြောချင်တယ်ဗျ။ အခုကျွန်တော်ရန်ကုန်မှာနေထိုင်ပါတယ်။ အဲဒီအချိန်မှာကျွန်တော်ဘယ်ကမီးနဲ့ပိုစ်တင်ရမှာလဲ။ မီးမလာလို့ကျွန်တော်ပိုစ်မတင်ဖြစ်ဘူးဗျာ။ အဲဒါကျွန်တော်မှားလား။ အခုကျွန်တော်စိတ်တွေညစ်နေတယ်ဗျာ။ မုန်တိုင်းကိစ္စကြောင့်ရော။ ကိုယ်ရေးကိုယ်တာကြောင့်ရော။ ကျွန်တော်ဘလောခ်ခဏနားပါမယ်။ ဘယ်လောက်ကြာမယ်ဆိုတာတော့အတိအကျမပြောတတ်ဘူးဗျ။ ကျွန်တော် နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်ဟာအစိုးရလက်ကိုင်ဒုတ်လဲမဟုတ်ဘူး။ ဘယ်သူလက်ကိုင်ဒုတ်မှလဲမဟုတ်ဘူး။ ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့နေထိုင်နေတဲ့ သာမန်လူသားတစ်ယောက်ပါ။ ပြီးတော့ နောက်တခုပြောချင်တာကတော့ ကျွန်တော်ရဲ့ကိုယ်ပိုင်ဘလောခ်လေးမှာ ကျွန်တော်စိတ်ကြိုက် ကျွန်တော်တင်ချင်တာတင်ခွင့်ရှိတယ်လို့ထင်ပါတယ်။ ကျွန်တော်စာမှာအမှားပါခဲ့ရင်ခွင့်လွတ်ကြပါ။
အားလုံးကိုခင်မင်လေးစားလျက်
ညမီးအိမ်
ညမီးအိမ်


16 comments:
သွားလိုက်ငါ့ညီ စိတ်ပြေလက်ပျောက် နားလိုက်ပါ တနေ့ညီ အားပြည့်တဲ့အချိန်တော့ ပြန်ဆုံကြမှာပါ။
ညီလေးရေ့ စိတ်ထဲထားမနေပါနဲ့  ဘာမှမဟုတ်ဘူးလို့ ပဲ သဘောထားလိုက်ပါကွာ စိတ်ညစ်နေတယ် ဆိုရင်တော့ ခဏ နားလိုက်ပေါ့ မကြာခင်ပြန်လာမယ်လို့  ထင်ပါတယ် အဆင်ပြေပါစေကွား)
အခုမှ မခင်နှင်း က ကိုစိုးထက်ကြီးဆီ မှာ Comm;
ပေးခဲ့လို့ သိရတာ.စိတ်မကောင်းပါဘူး...ညီ.
ကိုယ့် ဆီပုံးလေး ထဲ ညီလေး စရေးသွားတာ ဘယ်မေ့ပါ့
မလဲ..ဖြစ်နိုင်ရင်တော့ ပြန်တက်ခဲ့ပါ.
“ နတ်” ကြီးပြောသလို “ကောင်းကင်မော့ တံတွေးထွေးနေတဲ့ သူတွေအတွက်”
နေရာကကျဉ်းကျဉ်းလေးဘဲ ကျန်တော့တယ်.ငါ့ညီ..
သူ့ ဟာသူရွေးသွားတာနော်..
ကိုယ်ပိုင် Blog ကို မိမိစိတ်ကြိုက်ဖန်တီးခွင့် ညီ့မှာအပြည့် ရှိတာပေါ့....အဲ
လွတ်လပ်စွာ လည်းသဘောထား ကွဲလွဲ ခွင့်လည်း လူတိုင်းမှာရှိတယ်..ညီ.
အားလုံးကလည်းမျှော်လင့်နေကြတယ်. အဆင်ပြေချော
မွေ့ ပါစေဗျာ.။
ကျွန်တော်လည်း ကွန်မန့်မှာ တွေ့မှ ဆောရီး ဗျာ .. မဖြစ်သင့် တာတွေ ... တစ်ကယ် စိတ်မကောင်း ပါဘူး :)
အားလုံး အဆင်ပြေ ချမ်းမြေ့ ပျော်ရွှင်ပါစေ :)
ခုမှ ရောက်တယ်..
နားလို့ အားပြည့်ရင် ပြန်လာပေါ့.. အဆင်ပြေ ရွှင်လန်းပါစေ..
မရောက်မှာ စိုးလို့ သေချာ လင့်ချိတ်ထားပါ့မယ်။
ဟောဗျာ.... သူလဲ လေမုန်တိုင်း မိသွားတာကိုးဗျ။ စိတ်ပြေလက်ပျောက် နားလိုက်ပါဗျာ။ ပြန်လာမယ့်ရက်ကို စောင့်နေမယ်လေဗျာ။ အများအတွက် တက်ကျမ်းတွေ ရေးတင်ပေးတတ်တဲ့ ဆရာကြီး က စိတ်ဓာတ်ကျနေတော့ ကျွန်တော်တို့က ဘယ်သွားနေရမှာလဲ ကွယ်ရို့။........
အမြန်ပြန်လာဗျာ...........
ကဲ..အားလုံးလဲ ပြောကုန်ကြပြီ ဒီဘလော့ရဲ့ Cbox မှာ ပထမဆုံး ဖွင့်ပွဲအနေနဲ့ လာရေးသွားတဲ့ သူကိုလည်း အားနာပါအုံး ဆရာရယ်...။ နားမယ်ဆိုလည်း ခဏနားပေါ့...။ ဘာမဟုတ်တဲ့ အဆင့်အတန်းမရှိပဲ မဲမဲမြင် အကုန်လိုက်ဟောင်နေတဲ့ သူတွေ အတွက်ကြောင့်တော့ စိတ်မဆင်းရဲစေချင်ဘူး ညီလေး။
ညမီးအိမ်ရေ...ဟုတ်တယ် ကိုယ်ပိုင်ဘလော့ဆိုတာ ကိုယ်ရေးချင်တာရေးခွင့်ရှိတယ် ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိတယ် ဒါကိုဘယ်သူမှဝင်ရောက် ပြောဆိုခွင့်မရှိဘူး
ဒီလိုသာသတ်မှတ် ချက်ရှိရင် ဘလော့ဆိုတဲ့ အဓိပ္ပာယ်ပျောက်သွားမှာပေါ့
ဟုတ်တယ်ဟုတ်
ဘာပဲပြောပြောကိုယ်မှန်တယ်ထင်သလိုနေလိုက်ပေါ့
ညမီးအိမ် မောင်လေး...အမြန်ဆုံးပြန်အဆင်ပြေပါစေကွာ....ပြန်ရေးမဲ့ရက်ကို မျှော်နေမယ်...။
ဝမ်းနည်းပါတယ် ကိုညမီးအိမ်ရေ.. ဘာမှတော့မပြောတော့ပါဘူး အမြန်ပြန်လာပါလို့ပြောချင်ပါတယ် .. အားပေးနေပါ့မယ်
အစ်ကိုတို့အစ်မတို့ရေ ကျွန်တော်စီဗောက်စ်မှာရေးထားတာကြောင့် စိတ်ညစ်နေတာမဟုတ်ပါဘူးဗျာ။ ကျွန်တော့်ကိုအားပေးစကားပြောကြာတဲ့အစ်ကိုအစ်မများကိုကျေးဇူးအထူးတင်ပါတယ်။
လူတစ်ယောက်ကြောင့် မိမိ နှစ်ခြိုက်သော ၀ါသနာနှင့် သူငယ်ချင်းများစွာကို မခွဲခွာသွားပါလေနှင့်။
မကောင်းသူတွေက ဝေဖန်ပြစ်တင်ကြပါလိမ့်မယ်။ မိမိမှန်လျှင် သူတို့အားဂရုစိုက်စရာမလိုပါ။
ကိုရာဇာကြီးကို ပိုစ့်ပြန်တင်တာတွေ့ချင်ပါတယ်။
စိတ်မကောင်းဖြစ်အောင်မလုပ်ရန် တောင်းဆိုလိုက်ပါသည်။
Tea
သောကတွေ လွင့်စင်သွားတဲ့တစ်နေ့ ပြန်လာပေါ့ကွာ ဘာမဟုတ်တာတွေကို စိတ်ထဲထားမနေပါနဲ့
အဆင်ပြေတဲ့နေ့ မှာ ပြန်လာခဲ့နော်။
အခမဲ့ ဘလော့မှာ ကိုယ်ပိုင်လွတ်လပ်ခွင့် နဲ့ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ရေးတာကို ဘေးကနေ အပနာပ ပြောတဲ့သူတွေကို ဂရုမစိုက်ပါနဲ့ 
pls,Come back
Post a Comment