ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။
မဟတ္တမ ဂန္ဓရဲ့ ဖိနပ်တစ်ရံ
တစ်နေ့ မဟတ္တမ ဂန္ဓကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီးအောက်ဘက်သံလမ်းပေါ်ကျသည်။ရထားကထွက်စပြုနေပြီဖြစ်ရာသူ ကောက်မယူနိုင်တော့။
ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓကအေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက် ကို ချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။
“ဟာ…ဘာလုပ်တာလဲ” ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓကြီးက ပြုံးပြီး “စောစောက တစ်ဖက်တည်းကောက်ရမယ့်လူ အခုတော့တစ်ရံ ရသွားမှာပေါ့ဗျာ ၊ အဲဒါဆို သူစီးလို့ ရသွားပြီ” ဟု ဖြေလေသည်။
[မူရင်း။ ။ The Little, Brown Book of Anecdotes မှ အမည်မသိစာရေးသူ၏ Shoes]


0 comments:
Post a Comment