Tuesday, January 6, 2009

မျက်စိဖြင့်ကြည့်ရုံနဲ့ Virus ရှိတယ်ဆိုတာသိနိုင်လား?

ကျွန်တော်စမ်းသပ်တွေ့ရှိချက်လေးကိုပြောပြမယ်ဗျာ ။ သိပြီးသားသူများရှိလျှင်လဲ ခွင့်လွှတ်ကြပါ။ အခုကျွန်တော်ပြောမယ့်အကြောင်းအရာက သင့် Memory Stick (သို့) Hard Disk ထဲကို Virus ဝင်သွားလား နဂိုအတိုင်းပဲလားဆိုတာကို မျက်စိဖြင့်ကြည့်ရုံနဲ့ သိအောင်လုပ်နည်းလေးပါ။

အရင်ဦးဆုံး သင့် Memory Stick (သို့) Hard Disk ထဲကို .ico ဆိုတဲ့ ပုံလေးတစ်ပုံ သင်ပေါ်ချင်တဲ့ပုံပေါ့ တစ်ခုခုထည့်လိုက်ပါ။ ပြီးရင် notepad တစ်ခုခေါ်ပြီး notepad ထဲမှာ

[autorun]
ICON=yourphotoname.ico

ဆိုတာရိုက်ထည့်ပြီး Autorun.inf အနေနဲ့ save မှတ်လိုက်ပါ။

ဥပမာအနေနဲ့ပြောရရင် ကျွန်တော်ပေါ်ချင်တဲ့ icon နာမည်က NME.ico ဆိုတဲ့ ပုံလေးကို Memory Stick ထဲကိုထည့်လိုက်ပါမယ်။ ပြီးရင်စောစောကပေးထားတဲ့ကုဒ်မှာ ဒီလိုရိုက်ပါမယ်။

[autorun]
ICON=NME.ico

ဆိုပြီးတော့ Autorun.inf ဆိုပြီး save မှတ်လိုက်ပါပြီ အဲဒါဆိုရင်ရပါပြီဗျ။

ကျွန်တော် နမူနာပုံလေးကိုအောက်မှာပြမယ်နော်



အပေါ်ကအနီပြထားတဲ့ပုံလေးလိုပေါ်နေရင် Virus မရှိဘူးပေါ့။ ကျွန်တော်ပြောသလိုပုံထည့်ထားရဲ့သားနဲ့ My Computer ဖွင့်လိုက်တာနဲ့ အဲလို Icon မပေါ်တော့ရင် Virus ဝင်နေတာသေချာပြီပေါ့ဗျာ။

ကျွန်တော်အသင့်လုပ်ထားတဲ့ ဖိုလ်ဒါလေးကို ဒေါင်းလုပ်ဆွဲချင်တယ်ဆိုရင်တော့

http://nyameeeain21286.googlepages.com/Autorun.rar

အဲဒီကနေဒေါင်းလုပ်ဆွဲပြီး သင့် Memory Stick (သို့) Hard Disk ကို Extract လုပ်ပြီး restart ချလိုက်ရင်(Memory Stick ဆိုရင် ဖြုတ်ပြီးပြန်တတ်ရင်ရ) အပေါ်က နမူနာပြထားတဲ့ပုံထဲကလို Icon နဲ့ပေါ်နေတာတွေ့ရပါလိမ့်မယ်။

နားမလည်ဘူးဆိုရင် ကျွန်တော်အရေးအသားညံ့လို့ပါ။

ညမီးအိမ်
nyameeeain21286[at]gmail[dot]com
http://www.nyameeeain.blogspot.com

5 comments:

Prizewai said...

အဲလိုလုပ်ရုံနဲ့ virus ရှိမရှိသိနိုင်တယ်ဆိုတာ တကယ်မသိခဲ့ဘူးဗျား။
ico ပုံလေးထည့်ချင်နေတာတော့ ကြာပြီ။ လှချင်လို့လေ။
ဘာပဲဖြစ်ဖြစ် dl လုပ်ပြီးသုံးလိုက်ပြီ။ ကျေးဇူးတင်ပါတယ်။

လငျးထကျ said...

အံမယ် ပိုစ့်တွေဘာတွေတင်လို့ပါလား ကောင်း၏ ဒီလို အကျိုးကျေးဇူးရှိတဲ့ ပိုစ့်လေးတွေ တင်ပေးတာ ..။

Nature X said...

မျှဝေပေးချင်လို့ ကျွန်တော်လင့်ယူသွားတယ်ဗျ ..

kmckaungmyatcho said...

thanks for sharing.

Anonymous said...

ဒီအတိုင်းကြည့်လို့ဘယ်ရမလဲဗျ
မိုက်ခရိုစကုပ်လိုတယ် :D

နိုင်ငံတကာ အချိန်များ