Monday, March 24, 2008

လက်ဖက်ရည်ဆိုင်က ‘အတွေး’ တစ်ခု

လူတွေအထင်ကြီးအောင်နေရမှာထက်
သူတို့ပါးစပ်ထဲက ခပ်ချဉ်ချဉ်
စပျစ်သီးတစ်လုံးကို ထွေးထုတ်လိုက်သလို
လွတ်လွတ်လပ်လပ်နေချင်တဲ့ကောင်

ချိုစိမ့်မှာကာမှ…
နို့ဆီနည်းနေတဲ့ လက်ဖက်ရည်တစ်ခွက်နဲ့
မုန့်ကြော်လို့ညှော်တဲ့ အနံ နဲ့ ထိုင်နေရတဲ့ကြားက
ဖြူဖြူကျော်သိန်းရယ်ဖြေးဖြေးအော်ပါ။

ဘာကြောင့်လဲတော့မသိဘူး
နတ်မင်းတစ်ပါးလူယောင်ဆောင်ပြီး
ဆေးဆိုင်မှာအိပ်ဆေးဝယ်ပြီး ပြန်သွားတာ
မနေ့ကတွေ့ခဲ့တယ်။

စကားလုံးကဖြစ်တဲ့သိက္ခာရယ်
ဦးနှောက်ကလာတဲ့ ချစ်ခြင်းတရားရယ်
ပိုက်ဆံကလာတဲ့အမှန်တရားရယ်
{လိမ်ညာမှု စကားကြွယ်ဝမှုက ဖြစ်လာတဲ့တန်းမြှင့်အဆင့်တွေရယ်}
မုသာဝါဒတွေနဲ့ ချိုမြိန်စွာရှင်သန်နေသော အထက်တန်းလူတန်းစားတွေများလာတော့

အမှန်တရား နဲ့ သာယာချမ်းမြေ့မူ့ကို မြင်ချင်တဲ့နတ်မင်းကြီး
သူမြင်ချင်တာတွေမမြင်ရလို့
အိပ်ဆေးသောက်ပြီး အိပ်နေတာပဲကောင်းတယ်ဆိုနေပြီး အိပ်နေလေရဲ့
အင်း…ကျွန်တော်လဲအိပ်ဆေးလိုနေပြီထင်တယ်???

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

ပေါင်းစပ်ကဗျာ

ဒီအရောင်နဲ့ရေးထားတာကကိုယ်ပိုင်စာသား
ဒီအရောင်နဲ့ရေးထားတာကသူများစာသား
ဒီအရောင်
နဲ့ရေးထားတာကသူငယ်ချင်းဇာနည်ရဲ့စာသား


ငါ့ကိုဘယ်သူတွေ
ဘယ်လိုပဲမုန်းမုန်း
ငါ့ကိုချစ်တဲ့ ငါ့မိဘနှစ်ပါးရယ်
ငါသိပ်ချစ်ရတဲ့ ငါ့ချစ်သူက
ငါ့ကိုမမုန်းဖို့အရေးကြီးတယ်။


အချစ်ဆိုတာရယူခြင်း
သက်သက်တော့မဟုတ်ဘူး။
ပေးဆပ်ခြင်းနှင့်
နားလည်မှုရှိရမယ်။

အချစ်တွေအများကြီးရလိုက်
ရုံနဲ့ဘဝဟာပြီးပြည့်စုံ
သွားမှာမဟုတ်ဘူး။
အချစ်တွေအများကြီးပေးဆပ်
လိုက်ရလို့ဘဝဟာ
ပိုတန်ဖိုးရှိသွားတာ။

ပေးဆပ်မှုနဲ့ရယူမှုက
ဘယ်တော့မှ
တစ်ထပ်တည်းမကျဘူး။
တစ်ခါတလေမှာအချစ်ဆိုတာ
တရားမမျှတတဲ့ကစားနည်းပါ။


ချစ်သူနှစ်ယောက်
ချစ်လျက်နဲ့ဆုံဆည်းခွင့်
မရတဲ့အခါဘယ်သူ့ကို
အပြစ်တင်ရမှာလဲ
လောကကြီးကိုလား၊
ကိုယ်ဘာသာကိုယ်လား?

ဒါ့ကြောင့်ဘဝမှာ……
ဖြစ်ချင်တာတွေဖြစ်
မလာတဲ့အခါဖြစ်သလိုပဲ
နေလိုက်ရတယ်။



ရင်ထဲမှာ အရမ်းပြောချင်နေတဲ့စကားတစ်ခွန်းရှိတယ်
ဒါပေမယ့် အဲဒီစကားဟာ အသံထွက်ဖို့
နှလုံးသားကနေ ပါးစပ်ဆီအလာ ခရီးလမ်းမှာ
ဦးနှောက်ရဲ့ ထိန်းချုပ်တားဆီးမှု့ကို
အကြိမ်ကြိမ်ခံနေရတော့ သူ့ခမျာထွက်မလာနိုင်ပေဘူး။



မိန်းကလေးတော်တော်များများဟာ...
ယောကျာ်းလေးတစ်ယောက်ကိုရွေးချယ်တော့မယ်ဆို
ပထမပိုင်းမှာနှလုံးသားနဲ့ဆုံးဖြတ်တယ်။
ဒုတိယကြတော့ဦးနှောက်နဲ့စဉ်းစားတယ်။
နောက်ဆုံးတော့သူတို့ဘဝအတွက်သူတို့စဉ်းစားတယ်။
ဒါဟာသဘာဝလား???

ယောကျာ်းလေးတော်တော်များများကတော့
မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်မိပြီဆိုရင်
နှလုံးသားနဲ့ရင်းပြီချစ်ခွင့်တောင်းပါတယ်။
ပြီးတော့အလုပ်နဲ့သက်သေပြပါတယ်။
နှစ်ဖက်မိဘပြေလည်ဖို့အတွက်ကြိုးစားရပါတယ်။
ဒါကတော့သဘာဝပါ။

(ကျွန်တော့် ရဲ့ထင်မြင်ယူဆချက်လေးတွေရေးထားတာပါ။)

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

ဒေါင်းလုပ် လုပ်ကြမယ်



  1. ဒီဂိမ်းလေး ဆော့လို့ကောင်းမယ်ထင်ပါတယ် ဆော့ကြည့်ပါ။ (1.64 MB)

  2. ဒီ Software သုံးကြည့်ပါ သင့် Computer မှမလိုတဲ့ Files များကိုရှင်းပစ်နိုင်ပါတယ်။ Software နာမည်ကတော့Ccleaner 2.05.555 နောက်ဆုံး Version ပါ။ (2.60 MB)

  3. Window Media 10 (12.2 MB)

  4. Window Media 11 (24.6 MB)

  5. Autoruns ဆိုတဲ့ .exe files လေးပါ။တကယ် သုံးတတ်မယ်ဆို Virus တော်တော်များများ ကို ကိုယ်တိုင်သတ်လို့ရပါတယ်။ (532 KB)

  6. Access Denied Site များကိုကျော်ရန်...Ultrasurf လို့ခေါ်ပါတယ်။ (138 KB)

  7. ဘယ် Proxy နဲ့ကောင်းလဲကြည့်တဲ့ Software ပါ။Multiproxy လို့ခေါ်ပါတယ်။ (168.56 KB)

  8. ကျွန်တော်သိသော Myanmar ပြည်က Proxy များ... (20.5 KB)

  9. 'CodeNotes for .NET' www.Myanmartraing.com က Linksနဲ့ချိတ်ထားတာပါ။ (1.3 MB)

  10. OReilly Java and .XML 3rd Edition Dec 2006 (3.8 MB)

  11. iTunes 7.6.1 (ဒီကောင့်ကိုတော့ Link ချိတ်ထားတာပါ။သူ့ Site ကပဲ Download လုပ်ကြပါ။)

  12. dBpowerAMP Music Converter 12.4 (4.0 MB)

  13. Winamp 5.52 Full (8.3 MB)

  14. Flash Games များဆော့လို့မရလို့စိတ်မညစ်ပါနဲ့။ .rar File လေးကိုဖြည်ပြီ Double Click နှိပ်လိုက်တာနဲ့ဆော့လို့ရပါပြီ။ (438.47 KB)

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

ဗိုင်းရပ်စ် သတ်မယ်

Explorcr ဆိုတဲ့ Virus သတ်နည်း

Step 1

ပထမဆုံး Autoruns.exe ဆိုတာလေးကို Download ဆွဲချပါ။ ပြီးရင် .zip File ကိုဖြေပြီး C:WINDOWS အောက်ကိုပို့လိုက်ပါ။ ပြီးရင် Window+R နှိပ်လိုက်ရင် Box ပေါ်လာမယ်။ အဲဒီ Box ထဲမှာ autoruns လို့ရိုက်ထည့်လိုက်ရင်Boxတခုထပ်ပေါ်လာမယ်။အဲဒီ Box ထဲက HKLM/SOFTWARE/Microsoft/Windows/CurrentVersion/Run အောက်က explorcr ဆိုတာ ကို one click ပေးပြီး Delete နဲ့ ဖြတ်လိုက်ပါ။ ပြီးရင်ထွက်လို့ရပါပြီ။

Step 2

Ctr+Alt+Del ကိုနှိပ်ပါ။ ပေါ်လာတဲ့ Box က Processes ကို Click ပါ။ အဲဒီအောက်မှာ explorcr.exe ဆိုတာကို Click ပြီး ညာဘက်အောက်ဆုံးက End Process ကို Click ရင် Box ပေါ်လာမယ် Yes ကိုရွေးလိုက်ပါ။

Step 3

My Computer ထဲဝင်လိုက်ပါ။ ပြီးရင်အပေါ်ဆုံးဘားတန်း Tools အောက်က Folder Options ကို Click ပါ။
Folder Options Box ပေါ်လာရင် View ကို Click ပါ။ View အောက်က Show hidden files and folders ကို Click ပေးပါ။ သူ့၂ခုကျော်က Hide protected operating system files (Recommened) ဆိုတဲ့ အမှန်ခြစ်ပေးထားတာကိုဖြုတ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးထွက်လိုက်ပါ။

Step 4

သင့် mp3(သို့)mp4 ကိုတတ်ထားပါ။ mp3(သို့)mp4 ထဲဝင်မယ် ဆိုလျှင် Double Click နှိပ်ပြီးမဝင်ပါနဲ့ Window+E နှိပ်လိုက်ပါ။ My Computer Box ပေါ်လာပါလိမ့်မယ်။ အဲလိုပေါ်လာရင်ဘယ်ဘက် Box က သင့် mp3(သို့)mp4 ကို Click ပေးပြီးဝင်ပါ။ ဝင်ပြီးရင် mp3(သို့)mp4 ထဲမှာ.exe ဆိုပြီ ၂ခုရယ် Autoruns ဆိုတာရယ်ရှိပါမယ်။အဲဒီ ၃ခုကမှိန်နေပါမယ်။ အဲဒီ ၃ခုကိုဖြတ်လိုက်ပါ။
သေချာကြည့်ဖြတ်ပါ သင့်မှုလ Folder ကလည်းမှိန်နေပါတယ်။ အဲဒီ Folder ကို right-click ပေးပြီး properties ထဲဝင်ပါ။ Box တခုတတ်လာပါမယ် Hidden ဆိုတာကို click ပေးထားတာကို ဖြုတ်လိုက်ပြီး OK နှိပ်လိုက်ရင် Box တခုထက်တတ်လာပါမယ်။ Apply changes to this folder only ကို click ပေးပြီး ok နှိပ်ပါ။ပြီးရင်စောစောက Box မှာ ok ထက်နှိပ်ပါ။

Step 5

Window+R နှိပ်ပါ။ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။ပေါ်လာရင် Ctr+F နှိပ်လိုက်ရင် Box တခုတက်လာပါလိုက်မယ်။ Find What: ဆိုတဲ့နေရာမှာ explorcr လို့ရိုက်ပြီး Find Next ကို Click ပါ။အဲဒီမှာ explorcr virus နေရာယူထားတဲ့နေရာ တွေကိုပြပါလိုက်မယ်။delete လုပ်ပါ။ပြီးရင် F3 နှိပ်ပါ။ explorcr virus နေရာယူထားတဲ့နေရာထပ်ပေါ်လာပါမယ်။အဲလိုပဲ F3 နှိပ်ပြီးမကုန်မချင်း ဖြတ်ပါ။အဲဒါပြီးရင်တော့ပြီးပါပြီ။

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

Sunday, March 23, 2008

ကျေးဇူးတင်လွှာ

ပထမဆုံး ကျွန်တော့်ကို မွေးထုတ်ပေးခဲ့သော ကျွန်တော့် ဖေဖေ နဲ့ မေမေကို ကျေးဇူးတင်ရှိပါတယ်။ ထို့နောက် ကျွန်တော့်ကို Computer သုံးစွဲခွင့်ပေးတဲ့ ကိုညီဇော် နှင့် မလွင်လွင်နိုင်တို့အားကျေးဇူးတင်ပါတယ်။ Own-free-website ကိုညွှန်းပေးသော ကျွန်တော် သူငယ်ချင်း စည်သူ့နှင့် Friendster အကောင့်လုပ်ပေးခဲ့သော ကျွန်တော့်သူငယ်ချင်း ဇင်ယော် ကိုလည်းကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ထပ်ပြီး ကျေးဇူးတင်ချင်တာကတော့ အထက်မှာဖော်ပြခဲ့တဲ့ ဆိုဒ်နှစ်ခု ပိုင်ရှင်ကိုကျေးဇူးတင်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် Friendster ကို ကလိရင်းနဲ့ CSS အကြောင်းနဲနဲနားလည်လာတယ်။ (နဲနဲဆိုတာတကယ်ကိုနဲနဲ) အဲဒီကနေတဆင့် ကျွန်တော် Own-free-website ကိုပြောင်းလာပါတယ်။ အဲဒီမှာကျွန်တော် Kingofthewolves21286 ဆိုတဲ့အကောင့်နဲ့စလုပ်တယ်ဗျ။ ဇာတ်လမ်းကအဲဒီမှာစတာ ဘာလဲသိလား? Password Change လိုက်တာ edit ဝင်လုပ်လို့မရတော့ဘူးရွာလည်နေတယ်။ Forger Password လုပ်လဲမရဘူး။ ၂ရက်လောက်စောင့်ကြည့်သေးတယ်။ Password များ Mail ထဲပြန်ပို့မလားလို့။ ဒါနဲ့စိတ်မရှည်တာနဲ့ အကောင့်အသစ်လုပ်လိုက်တယ်။ သိတယ်မလား ညမီးအိမ် ဆိုတာလေ။ အဲဒီ Own-free-website ကဘောင်အရမ်းကျဉ်းတယ်ဗျ။ သူပေးတဲ့ Design ပဲသုံးလို့ရတယ်။ ပြီးတော့ မြန်မာလိုကောမန့်အများကြီးရေးလို့မရဘူး။ ဒါကြောင့်အခု အိမ်ပြောင်းလာတာ။ ဘာပဲပြောပြောပါဗျာအဲဒီ အီးဖလုံးလေးကိုလဲကျေးဇူးတင်ပါတယ်။ နောက်ထပ်ကျေးဇူးတင်ရမယ့်လူတွေကထပ်လာပြီဗျ။ ဘယ်သူတွေလဲသိလား? ကျွန်တော်ရဲ့ဆရာအစ်ကိုအစ်မတွေပေါ့။ အားလုံးလဲသိကြမှာပါ။ အားလုံးကသူ့ကိုခေါ်ကြတယ် အိမ်မက်မည်းကြီးတဲ့ ၊ နောက်တစ်ယောက်က လွယ်အိတ်လေးနဲ့ဗျ ၊ နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ရဲ့အချစ်တော် ကိုကြောင်လေးဖြစ်ပါတယ် ၊ နောက်အစ်မတစ်ယောက်ရှိသေးတယ် သူက အိမ်ကြီးဗျ အဲမှားလို့ အိမ်လေး ခင်ဗျ။ ကဲစာလည်းတော်တော်ရှည်သွားပြီထင်တယ်။ ကျွန်တော့်စာမှာအမှားပါခဲ့ရင်ခွင့်လွတ်ကြပါဗျာ။ ကျွန်တော်က ဒီလိုစာတွေအရှည်ကြီးမရေးဖူးဘူးဗျ။ ကဲ…ညမီးအိမ် ဆိုတဲ့အိမ်အသစ်လေးကို စတင် အသက်သွင်းပြီဗျို့။ အားလုံးရွှင်လန်းချမ်းမြှေ့ကြပါစေ။

ညမီးအိမ်

ဘာတွေဆက်ရေးထားလဲမသိဘူးနှိပ်ကွည့်မှ...

နိုင်ငံတကာ အချိန်များ